ထားဝယ်တွင် ကြမ်းပိုးသတ်ဆေး ရှူရှိုက်မိရာမှ ကျောင်းသူ ၁၅ ဦး ဆေးရုံရောက်

ထားဝယ်ဆေးရုံကြီးသို့ ကျောင်းသူလေးများအား ပို့ဆောင်နေစဉ် (ဓာတ်ပုံ− Aung Moe Thu’FB)

ထားဝယ်ခရိုင် သရက် ချောင်းမြို့နယ် ကနက်သီရိရွာရှိ ဘော်ဒါဆောင်တစ်ခုမှ အထက် တန်းကျောင်းသူ ၁၅ ဦးသည် ကြမ်းပိုးသတ်ဆေး ရှူရှိုက်မိရာမှ အဆိပ် သင့်ကာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှု   ခံယူနေကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၀ ရက် ည ၁၁ နာရီခန့်က ကနက်သီရိရွာ အထက်တန်းပြဆရာမတစ်ဦး၏ နေအိမ်အတွင်း ပက်ဖျန်းထားသည့်  ကြမ်းပိုးသတ်ဆေးရှူမိပြီးနောက်   စာ သင်နေသော  ကျောင်းသူအချို့ မူးဝေ၊ အော့အန်လာသဖြင့် ထားဝယ်ဆေးရုံကြီးသို့    လူနာတင်ယာဉ်၁၀ စီးခန့်ဖြင့် တင်ပို့ခဲ့ရကြောင်း  ထားဝယ်မြို့ ဇမ္ဗူသီရိအရေးပေါ်လူနာတင် ယာဉ်အသင်း၏ တာဝန်ရှိသူ ဦးသာဝက ပြောသည်။

ထားဝယ်ဆေးရုံကြီး၌ ဆေး ကုသမှုခံယူနေသည့် အဆိုပါ ကျောင်းသူများကို တိုင်းအစိုးရ အဖွဲ့ လူမှုရေးနှင့် စည်ပင်ဝန်ကြီး ဦးဟိုပင်က ယင်းနေ့ညတွင် သွား ရောက်ကြည့်ရှုရာ လူနာအားလုံး သက်သာလာပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပြောသည်။

‘‘လက်ရှိမှာ   အားလုံးက သက်သာလို့ ဆေးရုံက ဆင်းဖို့ ခွင့်တောင်းနေကြတယ်။ ၂၄ နာရီတော့ ထုံးစံအတိုင်း စောင့်ကြည့်ရဦးမယ်’’ဟု ဝန်ကြီးဦးဟိုပင်က မေလ ၂၁ ရက်ည ၇ နာရီခန့်တွင် ပြောသည်။

More in News Section

Top News