YBS ငွေပေးကတ်ရောင်းချသည့်ဆိုင်များတွင် မသန်စွမ်းများအားဦးစားပေးအလုပ်ခန့်မည်ဟုဆို

YBS ဘတ်စ်ကားငွေ ပေးကတ်စနစ်ဖော်ဆောင်ပြီးပါ က ယင်းကတ်များရောင်းချမည့် ဆိုင်များတွင် မသန်စွမ်းများကို ဦးစားပေးအလုပ်ခန့်မည်ဟု အစိုး ရအဖွဲ့က ပြောကြားထားကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ ဆောင်(MILI)မှ အမှုဆောင်ဒါ ရိုက်တာဦးနေလင်းစိုးက ပြော သည်။

ပြီးခဲ့သည့်မေလ ၁၉ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါ အ၀င် အစိုးရအဖွဲ့နှင့်MILI အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးရာ၌ ၀န်ကြီး ချုပ်က အထက်ပါအတိုင်းကတိ ပေးပြောကြားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တော် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာ တွင် မသန်စွမ်း၊ သက်ကြီးရွယ်အို များအပါအ၀င် လူတိုင်းအလွယ် တကူအသုံးပြုနိုင်သည့် မြို့ပြဒီ ဇိုင်းများဖြစ်အောင် ဖန်တီးပေး ရန်၊ မြို့သစ်စီမံကိန်းဖော်ဆောင် သည့်အခါ မသန်စွမ်းများအပါ အ၀င် အားလုံးအတွက် အတား အဆီးကင်းစင်သည့် ၀န်းကျင် ဖော်ဆောင်ပေးရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ဖော် ဆောင်ရာ၌ မသန်စွမ်းများ လုပ် ကိုင်နိုင်သောကဏ္ဍများကို ဦးစား ပေးထည့်သွင်းစီမံပေးရန် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်းဦးနေ လင်းစိုးကဆိုသည်။

‘‘စာအုပ်ဆိုင်တို့လို ထိုင်ပြီး အလုပ်လုပ်လို့ရတဲ့ဆိုင်တွေမှာ မသန်စွမ်းတွေကို ခန့်အပ်သွားဖို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါ ကြောင့် ဒီကတ်ရောင်းချမယ့်ဆိုင် တွေမှာ အချိန်ပိုင်းအနေနဲ့အလုပ် ခန့်သွားဖို့ပြောတာပါ။ ဒီအခွင့်အ ရေးကို ကျွန်တော်တို့ဘက်က လည်း ကြိုဆိုပါတယ်။ ဘတ်စ် ကားမှတ်တိုင်တွေ ပြန်လုပ်ပြီးရင် တော့ ဒီအစီအစဉ်ကိုအကောင် အထည်ဖော်သွားမယ်လို့ ပြောပါ တယ်’’ ဟု ၎င်းကပြောသည်။

YBS ဘတ်စ်ကားငွေပေး ကတ်စနစ်အကောင်အထည်ဖော် ပြီးပါက ရရှိလာမည့်အမြတ်အ စွန်းမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ကင်းထောက်အဖွဲ့များ နှင့် မသန်စွမ်းသူများဖွံ့ဖြိုးရေး စီမံဆောင်ရွက်မည်ဟု ၀န်ကြီး ချုပ်က ပြောထားကြောင်းဦးနေ လင်းစိုးက ပြောသည်။

လက်ရှိတွင် MILI အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အလုပ်အ ကိုင်ရရှိသည့်မသန်စွမ်း ၅၀ ဦး ခန့်ရှိပြီး မြန်မာရှေ့ဆောင်ဘဏ် နှင့် Call Center တို့တွင် အလုပ် လုပ်ကိုင်နေသည်။ ထို့အပြင် MILI ရုံးတွင်လည်း မသန်စွမ်း ၁၅ ဦး အလုပ်ခန့်ထားပြီး ကိုယ်ပိုင် စက်ချုပ်လုပ်ငန်းကဲ့သို့သော လုပ် ငန်းများ၌လည်း လုပ်ကိုင်နေ သည်။

‘‘ကျွန်မတို့အတွက်က အ လုပ်အကိုင်အခွင့်အလမ်းတွေက ရှားတယ်။ ရွေးချယ်စရာမရှိဘူး။ အလုပ်တစ်ခုကို လျှောက်ပြီဆိုရင် လည်း တစ်ရာမှာ  ၉၀ ရာခိုင်နှုန်း က မသေချာသလောက်ပဲလေ’’ ဟု အင်းစိန်မြို့နယ်ရှိ အ၀တ်အ ထည်ရောင်းချသည့်ဆိုင်တွင် လုပ်ကိုင်သော မသန်စွမ်းတစ်ဦး က ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် အစိုးရ အဖွဲ့၏ ထုတ်ပြန်ချက်အရ တစ် နိုင်ငံလုံး၌ အလုပ်အကိုင်ရရှိသူ မသန်စွမ်း ၁၅ ရာခိုင်နှုန်းရှိပြီး ကျန် ၈၅ ရာခိုင်နှုန်းသည်အလုပ်လက်မဲ့များဖြစ်ကြောင်း ဖော်ပြ ထားသည်။

More in News Section

Top News