ရုပ်ရှင်အကြိုခံစားခြင်း

မတစ်ထောင် တစ်ကောင်ဘွား

- ဒီနေ့ရဲ့ရုပ်ရှင်အညွှန်း ကဏ္ဍမှာ ကိုလိုနီခေတ် သူ့ကျွန် ဘ၀ရောက်နေခဲ့ရတဲ့ အချိန်မှာ ရာဇ၀င်စာတင် မခံခဲ့ရပေမယ့် တစ်ကိုယ်တော် လူစွမ်းကောင်းတစ်ယောက်ဖြစ်သည့် မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ညွှန်းလိုက်ပါတယ်။

မတစ်ထောင်တစ်ကောင် ဘွားဖြစ်လာအောင် ပျိုးထောင်ခဲ့ သူမှာ နတ်ဆေးဖြစ်ပါတယ်။ ရာဇ ၀တ်အုပ်သတ်မှုနဲ့ ထောင်ကျပြီး ထောင်ကလွတ်လာတဲ့အခါ နယ်စပ်ကို ခြေဆန့်ရင်း ဒုက္ခရောက်နေတဲ့ မသက်ဆွေအမည်ရှိ မိန်းကလေးကို ကယ်တင်ခဲ့ရာက ဇာတ်လမ်းစပါတယ်။ မသက်ဆွေမှာ တောခေါင်းတစ်ယောက်ရဲ့ ဇနီးဖြစ်ပြီး ယောက္ခမနှိပ်စက်လို့ သားကြီးကိုထားခဲ့ပြီး ကိုယ်ဝန်နဲ့ လင်ယောက်ျားတာဝန်ကျရာ လိုက်လာသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ယောက်ျားတော ခေါင်းက မသက်ဆွေကို မျောက် မျက်နှာနဲ့ လူဆိုးညီအစ်ကိုဆီမှာ ပေါင်ခဲ့ပြီး အခြားမိန်းမနဲ့အတူ ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် နတ်ဆေးက ဒုတိယအကြိမ်လူ ဆိုးမျောက်ညီနောင်ဆီက ၀ယ်ပြီး ချစ်ခင်စွာ လက်ထပ်ပေါင်းသင်းခဲ့ကြတယ်။ မသက်ဆွေနဲ့ ပါ လာတဲ့ သားလေးကို သားအရင်းလိုချစ်ခဲ့ပါတယ်။ အဲဒီကလေးက မိုးကောင်းဖြစ်ပြီး ငယ်စဉ်ကတည်းက သိုင်းသင်ပြီး တစ်ကိုယ်တော်လူစွမ်းကောင်း စိတ်ဓာတ်များ ရိုက်သွင်းပေးခဲ့ပါတယ်။ မိုး ကောင်းအရွယ်ရောက်လာတော့ ကာလကတ္တား တက္ကသိုလ်ထိ ပညာသင်သွားခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်တဲ့အခါ ဗမာသွေးကုန်ရုံကို ထူထောင်ဖွင့်လှစ်ခဲ့ပါတယ်။ မိဘရပ်ထံမပြန်၊ သူ့ရဲ့ရည်ရွယ်ချက်က မြန်မာပြည်သူပြည်သားများအပေါ် ဖိနှိပ်ဒုက္ခပေးတဲ့ အာဏာရလူဆိုး၊ အရာရှိဆိုးများကို မျိုးဖြုတ်ဖို့ ဖြစ်ပါတယ်။

မိုးကောင်း (အောင်ရဲလင်း)က အရာရှိဆိုးများကို မတစ်ထောင် တစ်ကောင်ဘွားအမည်နဲ့ သေ နတ်နဲ့ နဖူးကိုပစ်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ မိုးကောင်းဟာ သက္က လတ်ဦးထုပ်၊ မျက်နှာပ၀ါစည်း လျက် မိုးကောင်းရုပ်သွင်ကို ဖျောက်ပြီး နောက်ကွယ်ကနေ လှုပ်ရှားနေခဲ့ပါတယ်။

မိုးကောင်းကြောင့် မြို့အုပ်၊ ၀န်ထောက်၊ မြို့ပိုင်စတဲ့ အရာရှိ ဆိုးများ၊ လူဆိုးကြီးများလား ပင် စင်ပေးခံရခြင်းကို သတင်းစာများ က ဖော်ပြပြီး မတစ်ထောင် တစ် ကောင်ဘွားသတင်းက မြန်မာ ပြည်တစ်နံတစ်လျားပျံ့နှံ့သွားခဲ့ပါ တယ်။ အဲဒါကို ဖခင်ဖြစ်သူ နတ်ဆေးကသိပြီး ကျေနပ်နေခဲ့ပါ တယ်။

ဇနီးဖြစ်တဲ့ မသက်ဆွေကို ကာလကတ္တားကနေ သားပြန်မလာသေးဘူးလို့ပြောပြီး အဖြစ်မှန်ကို ဖုံးကွယ်ထားခဲ့ပါတယ်။ မတစ် ထောင်တစ်ကောင်ဘွားကြောင့် စီအိုင်ဒီမှာ မျက်လုံးပြူး မျက်ဆန် ပြူးဖြစ်ရပြီး ဆားပုလင်းနှင်းမောင် က အဲဒီအမှုကိုလိုက်ခဲ့ပါတယ်။ အစောပိုင်းမှာ မတစ်ထောင် တစ် ကောင်ဘွားကို ခြေရာခံ မရပေမယ့် မိုးကောင်းက သူ့ရဲ့ ပွဲရုံမှာ မိတ်ဆွေများ၊ အရာရှိများကို ခေါ်ယူကျွေးမွေးဧည့်ခံလေ့ရှိပြီး စီအိုင်ဒီက အိုင်ပီ ဦးကိုကိုကြီးလည်း ပါဝင်ခဲ့ပါတယ်။ ဦးကိုကိုကြီးမိတ်ဆက်ပေးတာကြောင့် ဆားပုလင်းနှင်းမောင်က မိုးကောင်းနဲ့ မိတ်ဆွေဖြစ်ပါတယ်။ ဒါပေမဲ့ မိုးကောင်းဟာ မတစ်ထောင် တစ်ကောင်ဘွားဖြစ်မှန်း ဆားပုလင်းနှင်းမောင်မသိရှိသေးပါဘူး။

မိုးကောင်းက သူ့ရဲ့ စီးပွား ရေးမှာ အေးအေးစွာလုပ်ကိုင်နေ ရုံမက ဆင်းရဲသားတွေကို လှူဒါန်းတာ၊ မိဘမဲ့ကလေးငယ်ကို ကယ်တင်စောင့်ရှောက်တာ၊ ဘိုးဘွားရိပ်သာ တည်ထောင်တာ စတဲ့ ပြည်သူလူထုအကျိုးပြု လုပ်ငန်းတွေကို လုပ်နေပြန်တော့ မိုးကောင်းနဲ့ မတစ်ထောင် တစ်ကောင်ဘွားက တခြားစီ။

မိုးကောင်းဘ၀ထ ၀င်လာသူက မျိုးချစ်သခင်ထွန်းစီရဲ့ သမီးကြည်ကြည်ပါ။ ကြည်ကြည်က မိုးကောင်းနဲ့ စိတ်ချင်းတူ၊ ခံယူ ချက်ချင်းလည်းတူခဲ့ပါတယ်။ မိုး ကောင်းကို ဖြည့်ဆည်းပေးမယ့် ပါရမီရှင်။ နောက်တော့ သူတို့နှစ် ယောက်ချစ်သူတွေဖြစ်သွားခဲ့ပါ တယ်။ ကြည်ကြည့်ဖခင်ကလည်း သဘောတူကြည်ဖြူခဲ့ပါတယ်။

မိုးကောင်းဟာ ဆားပုလင်း နှင်းမောင်နဲ့ ခင်မင်ရင်းနှီးပြီး နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်ကြလဲ။ ဆားပုလင်းနှင်းမောင်ကကော မိုး ကောင်းက မတစ်ထောင် တစ် ကောင်ဘွားဆိုတာကို ဘယ်လို ခြေရာခံမိမလဲ။ ဘယ်လိုဇာတ် လမ်းအချိုးအကွေ့တွေနဲ့ ပရိသတ်ကို သည်းထိပ်ရင်ဖို သို့လောသို့လော အတွေးများပေးမလဲဆိုတာကို မေလ ၂၅ ရက်ကနေစပြီး ရန်ကုန်၊ မန္တလေးအပါအ၀င် တစ်နိုင်ငံလုံး ရုံတင်ပြသတော့မယ့် ‘မတစ်ထောင် တစ်ကောင်ဘွား’ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ နတ်ဆေး အဖြစ် ကျော်ရဲအောင်၊ မိုးကောင်းအဖြစ် အောင်ရဲလင်း၊ ဆားပုလင်း နှင်းမောင်အဖြစ် ထွန်းလွင်အောင်၊မသက်ဆွေအဖြစ် ခိုင်သင်းကြည်၊ ကြည်ကြည်အဖြစ် သင်ဇာဝင့် ကျော်တို့က အဓိကပါဝင်သရုပ် ဆောင်ထားပြီး မင်းသိင်္ခရဲ့ ဇာတ် လမ်းကို နေစိုးသော်က ဇာတ်ညွှန်း ရေးသားကာ ဒါရိုက်တာ ခင်စော မျိုးက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News