တိုင်းမှူးတစ်ဦး အပါအ၀င် အရာရှိအချို့ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့

 မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်တွင် ယခင်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ညီညီဆွေ အပါအ၀င် ကချင်ပြည်နယ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော် အရာရှိ အချို့ကို လက်ရှိတာဝန်များမှ ဖယ်ရှားကာ တပ်မတော်အရန် အင်အားသို့ ပြောင်းရွှေ့ခဲ့ကြောင်း တပ်မတော်အရာရှိ တစ်ဦးက အတည်ပြု သည်။

           ဗိုလ်ချုပ်ညီညီဆွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ဧပြီလအတွင်း ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး တစ်လခန့် အကြာတွင် ယခုကဲ့သို့ အရန်အင်အားသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းနှင့်အတူ တပ်မ(၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံ၊ တပ်မ(၁၀၁) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ၀င်းတင်စိုး၊ တပ်မ(၁၀၁)မှ ဗျူဟာမှူးတစ်ဦးတို့ကိုလည်း အရန်အင်အားသို့ ပြောင်းရွှေ့ခဲ့သည်။

ထို့အပြင် တပ်မ(၉၉) တပ်မ မှူးဗိုလ်မှူးချုပ်သန်းဦးကိုလည်း အရန်အင်အားသို့ ပြောင်းရွှေ့ ခဲ့သည်။
တပ်မ (၉၉) သည် ၂၀၁၇ သြဂုတ်က ရခိုင်ပဋိပက္ခဖြစ်ပွားစဉ် ရခိုင်ဒေသ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖြစ်သည်ဟု တပ်မတော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

‘‘အရန်အင်အားဆိုတာက စစ်တပ်ကနေ အငြိမ်းစားပေးခါ နီးကို အရန်အင်အားလို့ လုပ်ရ တယ်’’ဟု တပ်မတော်အရာရှိတစ် ဦးက ရှင်းပြသည်။

ကချင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော် အရာရှိများကို အရန်အင်အားသို့ ပြောင်းရွှေ့ရခြင်းသည် ဖားကန့်ကျောက်စိမ်းတွင်း လာဘ်ပေး၊ လာဘ်ယူ အရှုပ်တော်ပုံကိစ္စ၊ မတ်လနှင့် ဧပြီ အပါအ၀င် ကချင်ဒေသတွင်း ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများနှင့် သက်ဆိုင်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် လေ့လာသူအချို့က မှတ်ချက်ပြုသည်။

ဧပြီပထမပတ်က ဖြစ်ပွား သော ဖားကန့်လမ်း တံတားညီ နောင် တိုက်ပွဲအပါအ၀င် တနိုင်း ဒေသ၌ ဖြစ်ပွားခဲ့သော တပ်မ တော်နှင့် KIA တို့၏ တိုက်ပွဲများ၌ တပ်မတော်ဘက်မှ အထိအခိုက် များရှိခဲ့သည်ဟု KIA က ပြောဆိုထားသည်။

အရန်အင်အားသို့ ပြောင်း ရွှေ့ခံရသူများအနက်  တပ်မ(၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မောင်မောင်ဇံသည် ဖားကန့်ကျောက်စိမ်းတွင်း လာဘ်ပေး၊ လာဘ်ယူ အရှုပ်တော်ပုံကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်များ၏ တိုင်ကြားခြင်းခံ ထားရသည်။

‘‘ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို တိုင်ထားတာပေါ့။ လုံးခင်း ကျောက်စိမ်းရုံးမှာ ပါဝင်စွက်ဖက် မှုတွေပေါ့ဗျာ။ ကျောက်မျက်ပြပွဲ သွားမယ့် ကားတွေဆိုလို့ရှိရင် သူ တို့ရဲ့စစ်ဆေးချက်နဲ့မှ သွားလို့ရ တယ်။ သူတို့နဲ့ဘာမှမဆိုင်ဘူး လေ။ ကျောက်မျက်ရုံးနဲ့ဆိုင်တဲ့ ကိစ္စတွေ။ မှောင်ခိုကျောက်စိမ်း ပါလာတယ်ဆိုပြီး ကားတွေကို လွန်နဲ့ ဖောက်တယ်ဗျာ။ ဘော်ဒီ ကိုဖောက်တယ်။ တစ်ကားကို လေး၊ ငါးသိန်းပေးရင်တော့ သွား လို့ရတယ်။ အဲဒါတင်မကဘူး။ သွားလာတဲ့ ယာဉ်တန်းတွေပါ ထွက်ခွင့်တောင်းရတယ်။ ကချင် ပြည်နယ်က သယံဇာတ၀န်ကြီး လက်မှတ်ပါပေမယ့်လည်း အ ကျုံးမ၀င်ဘဲ သူတို့က နယ်ပိုင်လို ဖြစ်နေတယ်။ ကျွန်တော်တို့က ဓာတ်ပုံနဲ့တကွ မနှစ်က မေလက တည်းက တိုင်ထားတာပါ’’ ဟု ကချင်ပြည်နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင် မြင့်က ပြောသည်။

ကျောက်မျက်လုပ်ငန်းရှင် အချို့ကိုလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခေါ်ယူစစ်ဆေးနေ သည်မှာ သုံးရက်ခန့်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သက်တမ်းလွန် လုပ်ကွက် တွေမှာ ဆိုရင်သူ (ဗိုလ်မှူးချုပ် မောင်မောင်ဇံ)က ထိန်းသိမ်းခွင့် ဆိုပြီး ၀န်ကြီးဌာနမှာ တောင်း တယ်။ တောင်းပြီးထိန်းသိမ်းခွင့် မဟုတ်ဘဲ တရားဝင်တူးဖော်ခွင့် ပုံစံမျိုး လုပ်နေကြတာကို သူက နေပြီးတော့ ရှယ်ယာနဲ့ လုပ်နေ တယ်ဆိုတာ ကျွန်တော်တို့ကိုယ် တိုင် မြင်နေ၊ တွေ့နေတာပဲလေ။ တကယ်လည်း ဟုတ်နေတာပဲ လေ။ အဲဒီကိစ္စတွေက သူက ရှယ်ယာယူတယ်လေ။ ဘယ်သူပဲလုပ် လုပ် သူ့ကို ရှယ်ယာပေးပြီးတော့မှ လုပ်နေတဲ့ အနေအထားမျိုး ကျွန်တော်တို့ကိုယ်တိုင် မြင်နေ၊ တွေ့နေတာပဲ။ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် သယံဇာတ၀န်ကြီးကို ပြီးခဲ့တဲ့ လွှတ်တော်က တင်ပြခဲ့ တာပဲ’’ ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်စိုးက ပြောသည်။

အဆိုပါ ပြောကြားချက်များ နှင့် ပတ်သက်၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာသိန်းစိုးက ‘‘တပ်မ တော်အရာရှိတွေဆိုလို့ရှိရင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကပဲ စီမံတာလေ။ အဲဒါကြောင့် ကျွန်တော်တို့ဆီ ဘာမှမလာဘူး။ သူတို့တိုင်ရင်လည်း အဲဒီကိုပဲ တိုင်ကြမှာလေ’’ဟု ပြောသည်။

ဗိုလ်ချုပ်ညီညီဆွေနှင့် တပ် မတော်အရာရှိအချို့ကို တပ်မ တော်အရန်အင်အားသို့ ပြောင်း ရွှေ့ခြင်းကိစ္စ၊ တပ်မတော်အရာရှိ အချို့ ဖားကန့်ကျောက်စိမ်းတွင် လာဘ်ပေး၊ လာဘ်ယူအရှုပ်တော်ပုံတွင် ပါဝင်နေသည်ဆိုသည့် ကိစ္စတို့နှင့်ပတ်သက်၍ မေးမြန်းရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများထံ မေလ ၂၁ နှင့် ၂၂ ရက်တို့တွင် ဆက်သွယ်ခဲ့သော်လည်း အဆက်အ သွယ်မရပေ။

More in News Section

Top News