အတွေးနောက်က အရေး (မြင့်သန်း)

မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာရေးဆရာမြင့်သန်း ရေးသားခဲ့သော ဆောင်းပါးအချို့ကို စုစည်းထုတ်ဝေ သည့်စာအုပ်ဖြစ်သည်။ ယခုစာအုပ်အမည်ပေးရာ တွင် ဆရာမြင့်သန်း၏ ရေးဟန်အတိုင်း သောလုံးက လေးစွက်၍ တောက်တိုနှင့် မမည်မရ ဟု ကင်ပွန်းတပ်ထားပုံက ဆွဲဆောင်မှုတစ်မျိုးဖြစ်နေသည်။ 


ယခုစာအုပ်ပါ ဆောင်းပါးများသည် အထက်က ဆိုသလို ရောက်တတ်ရာရာ အကြောင်းအရာမျိုးစုံကို စာရေးသူအာရုံဝင်စားသလို ရေးထားသဖြင့်နယ်ပယ် အတိအကျမရှိ ကျယ်ပြောလှသည်။ စာအုပ်တွင် ပုဂံ ဒေသ၊ ပုဂံအကြောင်းပါဝင်သလို ကြုံခဲ့ဖူးသော မန္တ လေးမြို့ဆီက လူပုဂ္ဂိုလ်များအကြောင်းပါဝင်သည်။ ဖခင်ဆီက ရရှိခဲ့သော လွတ်လပ်ခွင့်အကြောင်းနှင့်စာ ရေးချင်၊ စာဖတ်ချင်သော ဆန္ဒအကြောင်းကိုလည်း အာသီသပြင်းစွာရေးထားသည်။ တစ်ဖန် မြန်မာဘာ သာစကားနှင့်ဘာသာစကားတွင် အခြေခံသောကိစ္စ၊ ဘာသာစကားပိုင်ဆိုင်မှု အကြောင်းတို့ကို ဆင့်ပွား တွေးတောကာရေးထားသည်။ ဆိုရလျှင် စာရေးသူ၏ ရောက်တတ်ရာရာ တွေးတောရေးသားချက်များဟု ဆိုနိုင်သည်။ ‘လူ့အခွင့်အရေးနဲ့ ကျွန်တော်’ ဆောင်း ပါးတွင် နိုင်ငံရပ်ခြား၌ စစ်ဘက်အရာရှိကြီးတစ်ဦး နှင့်ကြုံဆုံပုံကို ‘သူ့ရုံးရောက်တာနဲ့ တိုက်တိုက်ဆိုင် ဆိုင်ပဲ သူ့ရုံးခန်းဆီက ဒရောသောပါး ထွက်လာပြီး သူ့ရဲ့တပ်ကြပ်ကြီးကို မှာနေတာတွေ့ရတယ်။နောက် တော့ မင်းတို့ပြန်မှာလား။ ပြန်ရင်ငါလည်းလိုက်ခဲ့မယ် လို့တစ်ခွန်းပဲပြောတယ်။ လမ်းကျတော့မှ သူ့အမေ ရယ် ချော်လဲလို့ သတိလစ်လဲသွားတာနဲ့ ဆေးရုံတင် လိုက်ရတယ်လို့ သူ့နှမဆီက ဖုန်းဆက်တာ ပြောပြ တယ်။ လမ်းမှာတင်ပဲ သူ့နှမက အမေတော့သတိရပြီ လို့ လှမ်းအကြောင်းကြားလို့ ဗိုလ်မှူးကြီးလည်း နည်း နည်းစိတ်အေးသွားပုံရတယ်။ ကျွန်တော်တို့လည်း တောပြောတောင်ပြော ပြောရင်းလာခဲ့ကြတာ မြို့အ ၀င်နယ်နိမိတ်ရောက်ရော။ အဲဒီမှာ ပုလိပ်တွေကကား တိုင်းကိုစစ်နေတယ်။ စစ်တာကတော့အရက်သောက် ထား၊ မထား စစ်တာ။ လက်မောင်းမှာ တစ်ရစ်တပ် ထားတဲ့ ပုလိပ်မကလေးက ကားမောင်းလာတဲ့ ကျွန် တော့်ကိုစစ်ဆေးရင်း ကျွန်တော့်နံဘေးကိုလှမ်းကြည့်လိုက်တော့ ရင်ဘတ်အပေါ် အရောင်စုံအရစ်တွေနဲ့ စစ်ယူနီဖောင်းဝတ်ထားတဲ့ ဗိုလ်မှူးကြီးကို တွေ့သွား တယ်။ ကျွန်တော့်ကို စစ်ဆေးပြီးတော့ ခဏနေပါဦး လို့ပြောပြီး ဗိုလ်မှူးကြီးထိုင်နေတဲ့ဘက်ကိုသွားတယ်။ ဗိုလ်မှူးကြီး မြို့ကိုသွားမှာလား။ သွားမယ်ဆိုရင် ခရီး သွားခွင့်ပါသလားလို့မေးတယ်။ ကျွန်တော့်မှာတော့ ပါမလာဘူး။ ဒါပေမဲ့ ကျွန်တော့်တပ်ကြပ်ကြီးကို လုပ် ခိုင်းထားပါတယ်လို့ ဗိုလ်မှူးကြီးက လေးလေးစားစား နဲ့ဖြေတယ်။ သွားရတဲ့အကျိုးအကြောင်းလည်း ရှင်း ပြတယ်။ ဒီလိုဆိုရင် ခဏနေပါဦး။ ကားထဲကလည်း မထွက်ပါနဲ့လို့ပြောပြီး သူတို့ထဲက လူကြီးဖြစ်ပုံရတဲ့ အကြီးတန်းပုလိပ်ဆာဂျင်ကြီးတစ်ယောက်ကို သွားပြီးခေါ်လာတယ်။ ဆာဂျင်ကြီးကလည်း သူ့နာမည်၊ သူ့အဆင့်ပြောပြီး မိတ်ဆက်တယ်။ ဗိုလ်မှူးကြီးအခြေ အနေကို ကျွန်တော့်အရာရှိက ပြောပြပြီးပြီ။ ဒီတော့ ဗိုလ်မှူးကြီးရဲ့ခရီးသွားလာခွင့်ရောက်လာတာနဲ့ ကျွန် တော့်ဆီ အီးမေး(လ)နဲ့ ပို့လိုက်ပါ။ ဟောဒီမှာ ကျွန် တော့် လိပ်စာကတ်ပြား။ နောက်တစ်ချက်ကတော့ ဗိုလ်မှူးကြီးရဲ့အပေါ်က ယူနီဖောင်းအင်္ကျီကိုချွတ်ပြီး ကားနောက်ထဲ ထည့်လိုက်ပါလို့ ပြောတယ်။ ဗိုလ်မှူး ကြီးမှာကလည်း အတွင်းမှာ သူတို့ရဲ့စည်းကမ်းအရ ၀တ်ထားတဲ့ တီရှပ်ရှိနေတော့ ပြဿနာမရှိဘူး။ ဗိုလ် မှူးကြီးက ကြည်ကြည်ဖြူဖြူနဲ့ ချွတ်လိုက်တယ်။နောက်တော့ အပြန်အလှန်နှုတ်ဆက်ကြပြီး ထွက် လာခဲ့ကြရော။

ကျွန်တော့်ခေါင်းထဲမှာတော့ သိပ်နားမလည် ဘူး။ စစ်တပ်ဗိုလ်မှူးကြီးဟာ ပုလိပ်ဆာဂျင်ကြီးက ပြောတဲ့အတိုင်း လုပ်ရတယ်ဆိုတာ တွေးကြည့်လို့ မရဘူး။ သူကတော့ ဆာဂျင်ကြီးနဲ့ပုလိပ်မကလေးကို  တောင် ကျေးဇူးတင်နေတာ။ ကျွန်တော်တို့ကလည်း ဟိုမေး ဒီမေး မေးတော့ သူကရှင်းပြတယ်။ ငါ့ဘာသာ အာဖဂန်မှာ၊ အီရတ်မှာ တိုက်လာတာတွေ၊ စစ်သည် ဘယ်လောက်ကို အုပ်ချုပ်တယ်ဆိုတာတွေဟာ ဒီ နေရာမှာ ထည့်တွက်လို့မရဘူး။ မြို့ကို ဥပဒေစည်း ကမ်းအရ ရှိနေအောင် ထိန်းချုပ်တာက ပုလိပ်ကအုပ် ချုပ်တာ။ မြို့ရဲ့ငြိမ်ဝပ်ပိပြားရေးအတွက် သူတို့မှာ တာဝန်ရှိတယ်။ ငါတို့က နိုင်ငံတော်ကာကွယ်ရေးအ တွက်။ ဒီ့ပြင်၊ ငါတို့မှာ Uniform Code of Conduct ဆိုတာတွေလည်း ရှိသေးတယ်။ ငါ့ကို ဆက်ပြီးသွား ခွင့်ပြုတာကိုပဲ သူတို့ကို ကျေးဇူးတင်နေရသေးသတဲ့’ ဟူ၍ ရေးထားသည်။ ယခုစာအုပ်ကို နှစ်ကာလများ စာပေက တန်ဖိုး ၂,၅၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။

Top News