လေးမြို့မြစ်ထဲမှ ကျောက်စရစ် ထုတ်ယူမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှု ပိုမိုဆိုးရွားလာ

လေးမြို့မြစ်အတွင်း ကျောက်ထုတ်နေသည့် သင်္ဘောတစ်စီး (ဓာတ်ပုံ − မောင်ကံ)

 ရခိုင်ပြည်နယ် လေးမြို့မြစ်ထဲမှ ကျောက်စရစ် ထုတ်ယူမှုကြောင့် မြစ်ကမ်းပါးပြို ကျမှု ပိုမိုဖြစ်ပေါ်ကာ ကမ်းအနီး ရှိ ကိုင်းမြေများ ဆုံးရှုံးနေကြောင်း လေးမြို့မြစ်ကမ်းအနီးနေ ဒေသခံ အများစုက ပြောသည်။

ကျောက်ထုတ်လုပ်မှုကြောင့် ပုရိန်းကုန်း၊ ဆင်ကလက်နိကုန်း၊  ကျောက်တွင်းကုန်းစသည့်ကျေး ရွာများ၌ သုံးနှစ်အတွင်း ကိုင်းမြေ ဧက နှစ်ထောင်ကျော် ပျက်စီးဆုံး ရှုံးခဲ့ကြောင်း ဒေသခံအများစုက ပြောသည်။

‘‘ကျောက်တွေထုတ်တဲ့အ တွက် ကမ်းပါးတွေပြိုကျတယ်။ အဲဒီလို ကမ်းပါးပြိုကျတော့ ကျွန် တော်တို့တောင်သူတွေ စိုက်ထား တဲ့ သီးနှံပင်တွေအကုန် ပါသွား တယ်။ ဆုံးရှုံးမှုတွေ များလာ တယ်။ နောက်ဆို ပြဿနာတွေဖြစ်လာနိုင်တယ်’’ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ ကိုင်းမြေများ ပျက်စီး ဆုံးရှုံးနေ၍ ကျောက်ထုတ်လုပ်သူ များကို ဒေသခံများက သွားရောက်

တွေ့ဆုံ ကန့်ကွက်ခဲ့ကြောင်း လေးမြို့မြစ်ကမ်းအနီးရှိ ပုရိန်းကုန်းကျေးရွာမှ ကိုတင်မောင်ဇော်က ပြောသည်။

လေးမြို့မြစ်သည် ချင်းပြည် နယ်မှ ရခိုင်ပြည်နယ် မြောက်ဦး နှင့် မင်းပြားမြို့နယ်တို့ကို ဖြတ် သန်းစီးဆင်းနေသည့် မြစ်ဖြစ်ပြီး မိုးရာသီတွင် ရေတိုက်စားမှု ကြောင့် ပန်းမြောင်းတိုက်နယ်၊ ပိုးဖြူကျွန်း စသည့်ကျေးရွာများ တွင် ကမ်းပါးပြိုကျမှုများ နှစ်စဉ် ကြုံတွေ့နေကြောင်း ပန်းမြောင်း တိုက်နယ်မှ ကိုစောထွန်းက ပြော သည်။

More in News Section

Top News