အစ္စဏီအမှုတရားလိုမလာ၍ ရုံးချိန်းပြန်ချိန်း

ယမန်နေ့က ရုံးထုတ်လာသော အဆိုတော် အစ္စဏီအား တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အဆိုတော် အစ္စဏီအား ယမန်နေ့က ရုံးထုတ်ရာ တရားလိုကို စတင်စစ်ဆေးမည်ဖြစ်သော်လည်း တရားလိုဘက်က ခရီးလွန်နေသော ကြောင့် ရုံးချိန်းကို ဇွန်လ ၁ ရက်သို့ ပြန်လည်ချိန်းဆိုကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအုန်း သောင်းက ပြောသည်။


‘‘မဇာခြည်ဌေး (ခ) စူးရှထက် က ခရီးလွန်နေတယ်ဆိုပြီး တရား ရုံးကပို့တဲ့ သမ္မန်စာကို ရဲကသွား စစ်တဲ့အခါမှာ ရဲရဲ့အစီရင်ခံစာအ ရ သိရတယ်။ အမှန်တကယ်တော့ ဒီနေ့စစစ်ဖို့ပါ။ သူတို့ဘက်က လည်း စစ်ဖို့ကို အဆင်သင့်ပြင် ဆင်ထားပြီးသားပါ။ ခရီးလွန်နေ လို့ မစစ်ရဘူး။ ဇွန်လ ၁ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းထားပါတယ်။ အဲဒီနေ့စစစ်မယ်။ အမှုနဲ့ပတ်သက်လို့ ကတော့ အခုအချိန်မှာ မစစ်ရ သေးတော့ ဘာမှပြောလို့မရဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ပါ’’ဟု အစ္စဏီဘက်က လိုက်ပါ ဆောင်ရွက်မည့် အဆိုပါရှေ့နေ က ပြောသည်။

အမှုအတွက် တရားလိုမော် ဒယ် စူးရှထက်အပါအ၀င် တရား လိုပြသက်သေ ၁၁ ဦးတင်သွင်း ထားပြီး အဆိုပါအမှုကို တာမွေ မြို့နယ်တရားရုံးရှိ တွဲဖက်မြို့နယ် တရားသူကြီး (၁) က တာဝန်ယူ စစ်ဆေးမည်ဖြစ်သည်။ လက်ရှိ တွင် အစ္စဏီကို အဓမ္မပြုကျင့်မှု၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုနှင့် သာမန်နာကျင်စေမှုပုဒ်မ သုံးခုဖြင့် မေလ ၁၀ ရက်က တရားစွဲဆိုခဲ့သည်။

အစ္စဏီသည် ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ် သည့်အပြင် နှစ်ကြိမ်အဓမ္မပြုကျင့်ကြောင်း၊ ထို့နောက် မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါးလော့ချ၍ သူငယ်ချင်းထံဖုန်းဆက်အကူအညီတောင်းရာမှ လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Top News