လမ်းမများတွင် ဈေးရောင်းနေရသည့် ကလေးငယ်များအတွက် ကမ်ပိန်းပြုလုပ်

 မြို့ပေါ်လမ်းမများတွင် စီးပွားရှာနေသူ ကလေးများအ တွက် Super Hero (လူစွမ်း ကောင်း)ဝတ်စုံများဝတ်ပြီး အား ပေးကူညီသည့် ကမ်ပိန်းကို ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

လမ်းမပေါ်၌ ဈေးရောင်း ကာ စီးပွားရှာနေသူ ကလေးငယ် များကို Super Hero ဝတ်စုံများ ဖြစ်သည့် Batman, Superman, Flash စသည့် ဝတ်စုံများဝတ်ဆင် စေကာ စံပယ်ပန်း၊ ရေသန့် စသည်တို့ ရောင်းချခြင်း၊ ဈေးကူ ရောင်းပေးခြင်းတို့ ပြုလုပ်ခြင်းဖြစ် ကြောင်း အဆိုပါလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်သည့် Golden Glitch Myanmar အဖွဲ့မှ ကိုဟိန်းစိုးလှိုင်ကပြောသည်။


 ‘‘လမ်းမပေါ်မှာ ငယ်ငယ် ရွယ်ရွယ်နဲ့ မိသားစုအတွက် ရုန်း ကန်ပြီး စီးပွားရှာနေရတဲ့ လူစွမ်း ကောင်းတွေရှိတယ်။ သူတို့ကို လူထုက ပိုပြီးသတိထားမိလာ အောင်လုပ်ပေးတာပါ’’ဟု ၎င်းက ပြောသည်။

မေလ ၂၃ ရက် ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ ပြည်လမ်း (၇)မိုင်မီးပွိုင့်တွင် ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၅ ဦးခန့် ပါဝင်ကြောင်း ကိုဟိန်းစိုးလှိုင်ကပြောသည်။

ယင်းလှုပ်ရှားမှုကို မေလ ၂၄ နှင့် ၂၅ ရက်တွင် ဓမ္မစေတီ မီးပွိုင့်နှင့် ဆရာစံလမ်း၌ ထပ်မံပြု လုပ်မည်ဖြစ်သည်။

More in News Section

Top News