သထုံဒေသတွင် ကွမ်းဈေးပုံမှန်ဖြစ်လာ၍ စိုက်ပျိုးသူများလာ

သထုံမြို့နယ်​ ​နောင်​ဘို​ကျေးရွာနေ ​တောင်​သူတစ်​ဦး ကွမ်းခြံစိုက်​ပျိုးရန်​ပြင်​ဆင်​​နေစဉ်​ (ဓာတ်ပုံ − သားဗိုလ်)

 ကွမ်းရွက်ဈေး ပုံမှန်ဖြစ် လာ၍ မွန်ပြည်နယ် သထုံခရိုင် အတွင်း ကွမ်းစိုက်ပျိုးသူ များပြား လာကြောင်း သထုံမြို့နယ် နောင် ဘိုကျေးရွာနေ နှစ် ၃၀ ခန့် ကွမ်း စိုက်လုပ်ငန်းအတွေ့အကြုံရှိသူ ကိုမောင်ဌေးက ပြောသည်။

ယခင်နှစ်များက ကွမ်းရွက် ဈေးမကောင်းသဖြင့် ကွမ်းခြံ အချို့ လုပ်ငန်းရပ်နားထားသော် လည်း ယခုနှစ်တွင် ကွမ်းရွက်ဈေး ပုံမှန်ပြန်ဖြစ်နေ၍ ပြန်လည် စိုက် ပျိုးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘လွန်ခဲ့တဲ့ သုံး၊လေးနှစ်လောက်က ကွမ်းဈေးမရှိတော့ တော်တော် ရှုံးကြတာ။ တချို့ဆိုရင် နိုင်ငံခြား ထွက်ပြီး အလုပ်သွားလုပ်ရတဲ့ အထိ ရောက်ကုန်တာ။ မနှစ်က စပြီး ပုံမှန်ဈေးရနေတော့ ရှုံးတဲ့ နှစ်က အကြွေးတွေပြန်ဆပ်ရင်း နည်းနည်းပါးပါးတော့ စုဆောင်း ရတာပေါ့’’ဟု ကိုမောင်ဌေးက ပြောသည်။

၂၀၁၇ ဧပြီ သင်္ကြန်မတိုင်မီ တွင် ကွမ်းရွက်ဈေး အတန်အသင့် ရှိရာက  ဇူလိုင်လကုန်ပိုင်းက စတင်၍ ကွမ်းရွက်ဈေး တဖြည်း ဖြည်း ပြန်လည်မြင့်တက်ကာ ၂၀၁၈ ဖေဖော်ဝါရီတွင် ဒေသ တွင်း အမြင့်ဆုံးဈေးနှုန်းသို့ စံချိန် တင် ရောက်ရှိခဲ့ကြောင်း သုဝဏ္ဏ ဝတီမြို့နေ ကွမ်းရောင်းဝယ်ရေး လုပ်ကိုင်ခဲ့သူ ဦးကျော်ဇင်က ပြောသည်။

သထုံဒေသတွင် ကွမ်းရွက် ကို မိုးဦးကျကာလ၌ စတင်စိုက် ပျိုးလေ့ရှိပြီး ကွမ်းတိုင် ၃,၀၀၀ ခန့် စိုက်ကွမ်းခြံတစ်ခြံ၏ ကုန်ကျ စရိတ်သည် မျိုး၊ မြေသြဇာနှင့် လုပ်အားခများအပါအဝင် ကျပ် ၃၅ သိန်းခန့်ရှိကြောင်း ဇရပ်ကျွန်း ကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးသန်းထွန်းက ပြောသည်။

‘‘အဓိကကတော့ လုပ်သား ရှားပါးမှုပါ။ အလုပ်သမားငှား ရတာ အရမ်းခက်တယ်။ ကျွမ်း ကျင်လုပ်သားလည်း ရှားတယ်။ အလုပ်သမားခလည်း ဈေးမြင့် လာတယ်။ မြေပြင်ချိန်ကအစ ကွမ်းပင်စိုက်ပြီး ကွမ်းရွက်ခူးတဲ့ အချိန်အထိ ရှိတဲ့အလုပ်သမား တွေနဲ့ အဆင်ပြေအောင် လုပ် ကိုင်နေရတယ်’’ ဟု ၎င်းကပြော ကြားသည်။

ယခင်နှစ် မိုးဦးကျ ကွမ်းစိုက် ရာသီတွင် ကွမ်းရွက်တစ်ပိဿာ လျှင် ၆၀၀ ကျပ်သာ ဈေးရှိခဲ့သော် လည်း ယခုနှစ်တွင် ၁,၈၀၀ ကျပ် အထိ ဈေးမြင့်လာသောကြောင့် သထုံမြို့နယ် မြောက်ခြမ်း၊ သုဝဏ္ဏဝတီမြို့ အနီးရှိ ကျေးရွာ များတွင် ယခင်နှစ် ကွမ်းစိုက် တောင်သူဦးရေထက် ထက်ဝက် ခန့် ပိုမိုစိုက်ပျိုးလာကြောင်း ကွမ်း စိုက်တောင်သူများက ပြောသည်။

 ‘‘ကျွန်တော်တို့ ကွမ်းစိုက် တောင်သူတွေကတော့ အပြင် ဈေးကွက်ပေါက်ဈေးအတိုင်း မရ ပါဘူး။ ကွမ်းဒိုင်တွေရဲ့ ဖြတ်ဈေး အတိုင်းပဲရပါတယ်။ ဈေးတက် ရင် တက်သလို၊ ဈေးကျရင်ကျ သလိုပေါ့။ ကိုယ့်ခြံထွက်ကွမ်းကို အမြဲတမ်းယူပေးတဲ့ ဖောက်သည် ဒိုင်နဲ့ပဲ အမြဲတမ်းလက်တွဲနေရ တာ’’ဟု ကိုမောင်ဌေးက ပြော သည်။

More in News Section

Top News