ပြည်သူတွေမှာ ဘယ်သူ့ကို အားကိုးပြီးနေကြရမှာလဲ

ခင်ပွန်း သေဆုံးသွားသော နာရေးတစ်ခုသို့ ရောက်ခဲ့သည်။ ဇနီးဖြစ်သူမှာ အသက် (၃၀) ကျော် (၄၀)နီးပါးရှိပြီ။ ကွယ်လွန် သူတွင် သမီးတစ်ယောက်၊ သား နှစ်ယောက် ကျန်ခဲ့သည်။ အငယ် ဆုံးသားကလေးက ခါးတစ်ခွင် အရွယ်သာရှိသေးသည်။ ကွယ် လွန်သူမှာ မိသားစုကို ကုန်တင် ကား ယာဉ်နောက်လိုက်အဖြစ် လုပ်ကိုင်ကျွေးမွေးရင်း အစာအိမ် သွေးကြောပေါက်၍  ရုတ်တရက် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အား ကိုးအားထား မှီခိုရာခင်ပွန်းကို ဆုံးရှုံးလိုက်ရသည့် ဇနီးသည် မခင်တင့်၏ ခင်ပွန်းသည် ရုပ် ကလာပ်ကို မျက်ရည်အပြည့်မျက် လုံးများဖြင့် စိုက်ကြည့်နေကာ ‘‘ကိုသိန်းရယ် ရှင်ကတော့ မျက် နှာလွှဲသွားပြီ။ ကျွန်မတို့ သားအမိ တွေ ဘယ်သူ့ကိုအားကိုးပြီး နေခဲ့ ရမှာလဲတော်’’ဟူသည့် တိုးတိုး ကျိတ်ကျိတ် ကြေကွဲလှိုက်ဖို ငို ကြွေးသံသည် နားထဲသို့ စူးစူး လှိုက်လှိုက် တိုးဝင်လာခဲ့သည်။

လူဆိုသည်မှာ အသိုင်း အဝိုင်းနှင့်နေသည့် သတ္တဝါများ ဖြစ်သည့်အလျောက် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုကြရပါသည်။ မိဘနှင့်သား သမီး အပြန်အလှန် အမှီအခိုပြု ကြရပါသည်။ ခင်ပွန်းနှင့်ဇနီး အပြန်အလှန် အမှီအခို ပြုကြရပါ သည်။ မိတ်သင်္ဂဟအချင်းချင်း အပြန်အလှန် အမှီသဟဲ ပြုကြရ ပါသည်။ လမ်းသူလမ်းသားချင်း၊ အရပ်သူအရပ်သားချင်း အပြန် အလှန် အမှီသဟဲ ပြုကြရပါသည်။ ပြည်သူနှင့်အစိုးရ အပြန်အလှန် အမှီသဟဲ ပြုကြရပါသည်။


အစိုးရသည် ပြည်သူတို့ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ လုပ် ကိုင်စားသောက်နိုင်ရေး၊ ဘဝလုံ ခြုံမှုရှိရေး၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို စီမံ ဆောင်ရွက်ပေးရပါသည်။ အုပ် ချုပ်ခံပြည်သူအချင်းချင်း တစ်ဦး ကိုတစ်ဦးက အနိုင်အထက် မပြု ကျင့်စေရေး၊ အကျိုးမဲ့ မပြုကျင့် စေရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးကို အုပ်ချုပ်သူတို့က ဖော်ဆောင်ပေးရပါသည်။ ထိုသို့ စီမံဖော်ဆောင်ပေးနိုင်ရန် ရဲတပ် ဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများ၊ တရားစီရင်ရေး အဖွဲ့အစည်းများ ကို ဖွဲ့စည်းတည်ထောင်ပေးရပါ သည်။ ထို့အပြင် မိမိ၏ အချုပ် အခြာအာဏာ ပိုင်နက်နယ်မြေ ကို တစ်ပါးသောနိုင်ငံက ထိပါး လာခြင်းမပြုနိုင်စေရန်၊ အုပ်ချုပ်ခံ ပြည်သူများကို ကာကွယ်စောင့် ရှောက်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့ များကိုလည်း ဖွဲ့စည်းတည် ထောင် ထားရပါသည်။ ပြည်သူ လူထု၏ဘဝ၊ အသက်အိုးအိမ် စည်းစိမ်တို့သည် အစိုးရအပါ အဝင် ထိုအဖွဲ့အစည်းတို့၏၊ ထို အဖွဲ့အစည်းတို့တွင် တာဝန်ထမ်း ဆောင်သူတို့၏ ကောင်းခြင်း၊ ဆိုး ခြင်းအပေါ်တွင် များစွာ မူတည် နေပါသည်။

၂၀၁၈ ခုနှစ် မြန်မာနှစ်ဆန်း ကာလအလွန် ဧပြီလ ၂၅ ရက်နေ့ တွင် ကျောက်ဆည်မြို့မရဲစခန်း မှ မြို့ထဲသို့ ည ၁၀ နာရီခန့်တွင် လက်ဖက်ရည်သောက်ရန် ထွက် လာကြသော ရဲတပ်သားထွန်း ထွန်းဝင်းနှင့် ရဲတပ်သားဇေယျာ မောင်တို့သည် မသင်္ကာဖွယ် ကား တစ်စီးကိုတွေ့သဖြင့် လိုက်လံ တားဆီးပြီး စစ်ဆေးခဲ့ရာ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်နှစ်ဦး နှင့်အတူ ဖွဲအိတ်များဖြင့် ဖုံးထား သည့် ပိတောက်တုံးများကို တွေ့ ရှိခဲ့ရသည်။ တာဝန်မှူးထံ ဆက် သွယ်သတင်းပို့ပြီး ဖမ်းဆီးရမိ သည့် သစ်ကားကို ရဲစခန်းသို့ပို့ ဆောင်ရာတွင် အိမ်စီးကား အဖြူ ရောင်တစ်စီးက ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးမောင်းနှင်လာသည့် ကား ကို ရပ်တန့်ရန် အမျိုးမျိုးပြုလုပ် နှောင့်ယှက်ခဲ့သည်ဆို၏။ ရဲစခန်း သို့အရောက်တွင် လိုက်လံနှောင့် ယှက်သည့် ကားအဖြူရောင်က ကျော်တက်သွားပြီး ရဲစခန်းရှေ့ လမ်းကြားတွင် ရပ်တန့်၍ ကား အတွင်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက် (အရပ်ဝတ်)နှင့် ပြည်ပန်းရွာနေ မုံလာ (ခ)အောင် မိုးစိုးတို့နှစ်ဦး  ဆင်းလာသည်ကို မြင်လိုက်ကြရသည်ဆို၏။ ထို့ နောက်တွင် ရဲတပ်သားထွန်းထွန်း ဝင်းနှင့် ဇေယျာမောင်တို့ကို စခန်း မှူး (ဟောင်း) ဒုရဲမှူးမြင့်ဦးက ရုံး ခန်းအတွင်း ခေါ်ယူ၍ ဆူပူကြိမ်း မောင်းခဲ့ပြီး သစ်မှောင်ခိုကား မောင်းနှင်သည့်ယာဉ်မောင်းနှင့် စပယ်ယာနှစ်ဦးကို စခန်းရှေ့တွင် ရပ်ထားသည့် မုံလာ (ခ) အောင် မိုးစိုး၏ ကားပေါ်သို့ နယ်ထိန်း ဒုတပ်ကြပ် ချစ်စန်းကိုဆိုသူက လိုက်လံပို့ဆောင်၍ ပြန်လွှတ်ပေး ခဲ့သည်ဟု The Voice မီဒီယာက ဖော်ပြခဲ့သည်။

ထို့နောက်တွင်တော့ အမှုကို ပိုင်ရှင်မဲ့ ဟု ဆောင်ရွက်ခဲ့သည် ဟု သတင်းတွင် ဆက်လက်ဖော် ပြသည်။ ထိုသတင်းကို ဖတ်မိ သည့်အခါ ဇေကမ္ဘာစက်မှုဇုန် အနီးမှ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိမှုကြီးကိုပင် ပြန်၍ အမှတ်ရလိုက်မိသေး၏။

ထိုသို့ ဖြစ်ပျက်ခဲ့သည်ကို ကျောက်ဆည်ဒေသခံ ကိုစိုးသီဟ က ကျောက်ဆည် ၈၈ ငြိမ်းပွင့် တာဝန်ရှိသူများနှင့် တိုင်ပင်ကာ အကျင့်ပျက်ရဲဝန်ထမ်းများကို အရေးယူပေးရန်နှင့် တာဝန်သိ ရဲတပ်သားများကို ကာကွယ်ပေး နိုင်ရန်အတွက် မေလ ၂ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားစာတစ်စောင် ပေးပို့ လိုက်သည်။ ကိုစိုးသီဟနှင့် ကျောက်ဆည် ၈၈ ငြိမ်းပွင့်တာ ဝန်ခံ ဦးကိုကိုလွင်တို့က လက် မှတ်ရေးထိုး တိုင်ကြားခဲ့ကြသည်။ ထို့နောက်တွင် ရဲတပ်ဖွဲ့အတွင်း မတရားမှုများကို ဖော်ထုတ်ခဲ့ သည့်ရဲတပ်သားများကို ကာ ကွယ်ပေးနိုင်ရန်အတွက် ကျောက်ဆည်ဒေသခံ လူမှုအဖွဲ့အစည်းအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအခြေအနေသို့ ရောက်လာသည့်အခါတွင် လက်ရှိတွင် စခန်းမှူး နှစ်ဦး၊ နယ်ထိန်းနှစ်ဦးနှင့် တာဝန်မှူးတို့ကို ရဲစည်းကမ်းဖြင့် စစ်ဆေးနေသည်မှာ မှန်ကန်ပြီး မိမိပါ စစ်ဆေးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ မုံလာဆိုသူကို ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ကျန်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်သူ့ရဲတပ်ဖွဲ့တွင် တာ ဝန်ထမ်းဆောင်နေသည့် အရာရှိ၊ အရာခံ၊ ရဲဘော်များဆိုသည်မှာ အများပြည်သူတို့၏ ပုဂ္ဂလိကပိုင် ဆိုင်မှုများ၊ နိုင်ငံတော်သား အများပိုင် နိုင်ငံတော်ပိုင်ပစ္စည်း များကို မဆုံးရှုံးရစေရန် ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိ ကြသည်မဟုတ်လော။ ထို့ အတွက် နိုင်ငံတော်သားတို့၏ ချွေးနှဲစာ အခွန်အခတို့ဖြင့် ပေး အပ်ထားသည့် လခရိက္ခာတို့ကို စားနေကြသူများ မဟုတ်လော။ ထိုသို့သော တာဝန်ရှိသူတို့က နိုင်ငံတော်ပိုင် ပစ္စည်းများကို ခိုး ယူသူတို့အား ကာကွယ်စောင့် ရှောက်သည်မှာ ပသို့ ဖြစ်လေ သနည်း။ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက် ဆိုသူသည် အဘယ်ကြောင့် မုံလာ (ခ) အောင်မိုးစိုးနှင့် ကားပေါ်တွင် အတူပါလာရသနည်း။ နယ်မြေအတွင်း ဒုစရိုက်မှုများကို နှိမ်နင်းရန် မုံလာနှင့်အတူ ကင်းလှည့်နေလေသလော။ နိုင်ငံသားတို့သည် မည်သူတို့ကို ယုံကြည်အားကိုး ရလေမည်နည်း။

အရပ်သားတစ်ဦးကို ပစ် သတ်မှုဖြင့် ရေးမြို့နယ်ရှိ ဗိုလ်ကြီး တစ်ဦးကို လူသတ်မှုဖြင့် အမှုဖွင့် ခဲ့သည့် သတင်းတစ်ပုဒ် ပေါ်ပြူ လာတွင် ဖတ်ရသည်။ မေလ ၂၂ ရက်နေ့က ဖော်ပြခဲ့သည့်သတင်း တွင် မေလ ၁၆ ရက်နေ့ ညနေ ပိုင်းတွင် လမိုင်းရဲစခန်းအပိုင် ကုလားကုတ်ကျွန်း၏ ရာအိမ်မှူး ဦးသိန်းထူးသည် ကုလားကုတ် ကျွန်းနေထိုင်သူ ဦးအေးချမ်း၏ နေအိမ်ကို ရောက်ရှိလာခဲ့ပြီး ခြေလျင်တပ်ရင်း၊ ကင်းစခန်းမှူး ဗိုလ်ကြီး အောင်ကိုကိုမင်းဆိုသူ က ဦးချမ်းအေး၏သမက်ဖြစ်သူ ကိုတင်စိုးမြင့်ကို ခေါ်ခိုင်းလိုက် ကြောင်း ပြောသဖြင့် ကိုတင်စိုး မြင့်သည် ယောက္ခဖြစ်သူ ဦးချမ်း အေးနှင့်အတူ ရာအိမ်မှူး ဦးသိန်း ထူး၏နေအိမ်ကို လိုက်သွားခဲ့ ကြောင်း၊ ရာအိမ်မှူးနေအိမ်ကို ရောက်သည့်အခါ ဗိုလ်ကြီး အောင်ကိုကိုမင်းက ကိုတင်စိုးမြင့် ကို ‘‘မှတ်ပုံတင်ရှိလား’’ဟုမေး ကြောင်း၊ ထိုအခါ ကိုတင်စိုးမြင့် က မှတ်ပုံတင်ပြုလုပ်ဆဲဖြစ်ပြီး မရှိသေးကြောင်း၊ လိုအပ်လျှင် အိမ်ထောင်စုဇယားနှင့် ထောက်ခံ စာများ နောက်တစ်နေ့ နံနက်တွင် ပေးပို့ပေးမည်ဖြစ်ကြောင်း ပြန် လည်ဖြေကြားရာ ဗိုလ်ကြီး အောင်ကိုကိုမင်းက ‘‘မင်း မလိမ် နဲ့’’လို့ပြောပြီး ကိုတင်စိုးမြင့်ကို ထိုးကြိတ်ကာ အတူပါလာသည့် ရဲဘော်သုံးဦးနှင့်အတူ တပ်စခန်း ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် ကိုတင်စိုးမြင့်၏ ကာယကံရှင် မိသားစုက သက် ဆိုင်ရာကို အကြောင်းကြားပြီး တပ်စခန်းကို လိုက်သွားခဲ့ရာ ဘယ်သူမှ ဝင်ခွင့်မရဘဲ တပ် စခန်းအဝမှာ စောင့်ဆိုင်းနေခဲ့ရ ကြောင်း၊ မေလ ၁၇ ရက်နေ့ တပ် စခန်းအတွင်း ဝင်ခွင့်ရချိန်မှာ တော့ ကိုတင်စိုးမြင့်ကို တပ်စခန်း အတွင်း မတွေ့ရတော့ဘဲ လမိုင်း သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့အသင့် အနေအထားနဲ့ တွေ့ရှိရကြောင်း၊ ဗိုလ်ကြီးအောင်ကိုကိုမင်းဆိုသူ ကိုမူ လက်ထိတ်ခတ်လျက် အနေ အထားနှင့်  တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ကိုစိုးမြင့်ရဲ့ ကာယကံရှင် မိသားစုက အလောင်းကို သွား ရောက်ကြည့်ရှုရာ ရင်ဘတ်မှာ လေးချက်၊ ပေါင်မှာ တစ်ချက် သေနတ်မှန်ထားပြီး ရိုက်နှက်ခံရ မှုကြောင့် လက်ဖျံရိုးကျိုး၊ နှာ ခေါင်းရိုးကျိုး ဒဏ်ရာတွေဖြင့် ကြိုး တုပ်လျက်သား တွေ့ရှိရကြောင်း သိရသည်။ ကိုတင်စိုးမြင့်၏ အလောင်းကို သင်္ဂြိုဟ်ဖို့လုပ်နေ ချိန် ကာယကံရှင်မိသားစုက သွား ရောက် တားမြစ်ခဲ့ပြီး ဆေးရုံပို့ စစ်ဆေးတာ၊ အမှုဖွင့်တာတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါသည်။ အမူးလွန်ပြီး ပစ် သတ်မိခဲ့သည်ဟု ဆိုသူ ဗိုလ်ကြီး အောင်ကိုကိုမင်းကို (ပ)၁၄/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ လမိုင်း ရဲစခန်းမှူး ရဲအုပ်ဘကြိုင်ကပြော သည်ဟု ပေါ်ပြူလာနယူးစ်က ရေးသားထားပါသည်။

ဘယ်သို့ဖြစ်ရလေသနည်း။ ဗဟိုကင်းစခန်းမှူး တပ်မတော် အရာရှိတစ်ဦးက နိုင်ငံသားတစ်ဦး ကို မသင်္ကာလျှင် ဖမ်းဆီးခေါ် ဆောင်ခွင့် ပေးအပ်ထားပါ သလော၊ ချုပ်နှောင်ခွင့် ပေးအပ် ထားပါသလော။ ကိုတင်စိုးမြင့် သည်  ခိုးဝင်လာသူ၊ တရားမဝင် နေထိုင်သူဟု သံသယဖြစ်ရန်ရှိ လျှင် ဖမ်းဆီးရန်တာဝန်သည် မည်သည့်အဖွဲ့အစည်းတွင် ရှိပါ သနည်း။ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာ ကွယ်စောင့်ရှောက်ရန် သစ္စာဆို ထားရသည့် တပ်မတော်အရာရှိ တစ်ဦးသည် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခွင့် ရှိပါသလော။ နိုင်ငံသားတို့သည် မည်သူတို့ကို ယုံကြည်အားကိုး ရလေမည်နည်း။

ရွှေဆွဲကြိုးခိုးသည်ဟုဆိုကာ အသက် (၄၀)အရွယ် အိမ်အကူ အမျိုးသမီးကို စွပ်စွဲပြီး သေဆုံး အောင်အထိ ရိုက်နှက်နှိပ်စက်ခဲ့ သော ဥပဒေရုံးဝန်ထမ်း အမျိုး သမီးကို မေလ ၂၁ ရက်က ဖမ်းဆီး အရေးယူထားကြောင်း သတင်းများကို ကြားသိရသဖြင့် တွံတေးမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာကျော်ဇင်ဦးကို ဖုန်းဆက်ကာ အကျိုးအကြောင်း မေးကြည့်ရသည်။ ဒေါက်တာ ကျော်ဇင်ဦးက ထိုသတင်းကို အတည်ပြုပေးခဲ့သည်။

အင်းတိုင် သံချပ်ကာတပ် ရင်းရှိ အရာရှိရိပ်သာတွင်နေထိုင် သူ ဒေါ်သိင်္ဂီစုသည် သူမ၏နေ အိမ်တွင် အိမ်အကူလုပ်နေသူ ကရင်မ (ခ) မခင်စန္ဒာဦးကို ကျန်း မာရေးမကောင်းဟုဆိုကာ မခင် စန္ဒာဦးနေထိုင်သည့် တွံတေးမြို့ နယ် ခတ္တိယကျေးရွာအုပ်စု အုတ် ဖိုကျေးရွာသို့ ပြန်လာပို့ပေးခဲ့ ကြောင်း၊ သူတို့ပြန်သွားပြီးမှ မကရင်မတွင် ဒဏ်ရာများ ရရှိ ထားသည်ကို တွေ့ရသဖြင့် မေး မြန်းရာ ဆွဲကြိုးခိုးသည်ဟု ဒေါ် သိင်္ဂီစုက စွပ်စွဲပြောဆိုပြီး ခြေ ထောက်ဖြင့်ကန်ခြင်း၊ ကျောက် ပျဉ်ဖြင့်ထုခြင်း ပြုလုပ်ခဲ့သော ကြောင့် ကရင်မ(ခ) မခင်စန္ဒာဦး ၏ ဦးခေါင်း၊ မျက်နှာနှင့် ရင်ဘတ် တို့တွင် ဒဏ်ရာများရရှိခဲ့သည်ကို ရွာလူကြီးများကို ပြောပြခဲ့ပြီး နောက် ၎င်းကို ဆေးရုံသို့တင်ပို့ ရန် ပြင်ဆင်နေချိန်တွင် သေဆုံး သွားသဖြင့် ၎င်း၏ရုပ်အလောင်း ကို ရင်ခွဲစစ်ဆေးချက်အရ ဦး ခေါင်းချိုစောင်းရှိ ဦးနှောက်သွေး ကြောများ ပုံမှန်ထက် ဖောင်း ကားနေခြင်း၊ ဝမ်းဗိုက်ညိုမည်းစွဲ ဒဏ်ရာနှင့် အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့ ပြီး ယင်းဒဏ်ရာများမှာ လွန်ခဲ့ သည့်ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ဆေးစာ အရ သိရှိရပြီး ရာအိမ်မှူးဦးအေး သောင်းက ဒေါ်သိင်္ဂီစုကို အမှုဖွင့် အရေးယူပေးပါရန် တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အမှုကို တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားလိုနှင့် သက် သေများ၏ ထွက်ဆိုချက်များအရ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန် ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မေလ ၂၁ ရက်မွန်းလွဲပိုင်းက ဖမ်း ဆီးခဲ့ကြောင်း၊ ၎င်းကို တွံတေးမြို့ နယ် တရားသူကြီး၏ ချုပ်မိန့် ရမန်ဖြင့် မေလ ၂၁ ရက်မှ ဇွန်လ ၁ ရက်အထိ အိမ်ရှင်အမျိုးသမီး ကို တွံတေးမြို့မ ရဲစခန်းအချုပ် တွင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်ဟု The Voice မီဒီယာက သတင်းဖော်ပြ ခဲ့သည်။ တိုင်းလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာကျော်ဇင်ဦး ကလည်း အမှုမှန်ပေါ်ပေါက်ရေး၊ မှန်ကန်သော တရားစီရင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေး နေကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ဥပဒေဝန်ထမ်းဆိုသည်မှာနိုင်ငံတော်အတွင်း ဖြစ်ပွားသော အမှုအခင်းတို့ကို တရားဥပဒေနှင့် အညီ ဖြစ်စေရန် တာဝန်ယူရသူ များ ဖြစ်ကြပါသည်။ တရား ဥပဒေအကြောင်းကို နောကျေ အောင် သိရှိအောင် တရားဥပဒေ ကို ဦးထိပ်ရွက်ကြရသူများဖြစ် သလို တရားစီရင်ရေးမဏ္ဍိုင်၏ လက်ရုံးလည်း ဖြစ်ကြပါသည်။ ထိုသို့သော သူမျိုးက မိမိအိမ်မှ အိမ်အကူကို ပဒေသရာဇ်သက်ဦး ဆံပိုင်သဖွယ် ရက်စက်စွာ နှိပ် စက်ညှဉ်းပန်း၍ သေစေသည် အထိ ပြုခဲ့ခြင်းမှာ အဘယ်သို့ ဖြစ် ရပါသနည်း။ ပြည်သူတို့သည် မည်သူတို့ကို ယုံကြည်ရပါမည် နည်း။ မည်သူတို့ကို အားကိုး အားထားပြုရပါမည်နည်း။

သည်အဖြစ်သနစ် သတင်း များကိုဖတ်ရင်း၊ ကြည့်ရင်း၊ နား ထောင်နေရင်းမှ စာရေးသူ၏ နား ထဲတွင် မခင်တင့်၏ ‘‘ကိုသိန်းရယ် ရှင်ကတော့ မျက်နှာလွှဲသွားပြီ။ ကျွန်မတို့သားအမိတွေ ဘယ်သူ့ ကိုအားကိုးပြီး နေခဲ့ရမှာလဲတော်’’ ဟူသည့် မချိတင်ကဲအသံကိုသာ ကြားယောင်နေမိတော့သည်။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

Top News