MLM အကြောင်း ပညာပေးရေးသားသူကို တရားစွဲထားမှု ရုံးချိန်း နှစ်ကြိမ်စလုံး တရားလိုဘက်က ပျက်ကွက်ဟု ဆို

ဆင့်ပွားစီးပွားရေးစနစ် ဆန့်ကျင်ရေး (Anti MLM) အသိ ပညာပေးရေးသားသူကို ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်တရားစွဲဆိုထားသည့် Success More ကုမ္ပဏီဘက်က တရားရုံး ချိန်း နှစ်ကြိမ်တိုင်အောင်  လာ ရောက်ခြင်းမရှိကြောင်း စွပ်စွဲခံရ သူ ဦးရဲမျိုးသန့်က ပြောသည်။

၂၀၁၇ စက်တင်ဘာက လူမှုကွန်ရက်တွင် Success More ကုမ္ပဏီအကြောင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဝေဖန်ရေးသားပြီး နောက် ဦးရဲမျိုးသန့်သည် ပုဒ်မ ၆၆ (ဃ)ဖြင့် ဒေါပုံမြို့နယ်ရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခံရသည်။

ယင်းအမှုနှင့်ပတ်သက်၍ မေလ ၉ ရက်နှင့် ၂၃ ရက်တွင် ရုံးချိန်း နှစ်ကြိမ်ဆင့်ခေါ်ခဲ့ပြီး တရားလိုဘက်က တရားရုံးသို့ ရောက်မလာဘဲ ဒုတိယရုံးချိန်းတွင် တရားလို ဦးစိုင်းမျိုးမင်းလတ်သည်  ခရီးလွန်နေကြောင်း ကြားသိရသည်ဟု ဦးရဲမျိုးသန့်က ပြောသည်။

‘‘သူတောင်မကျေနပ်လို့ တရားစွဲသေးတာပဲ။ သူတကယ် မှန်တယ်ဆိုရင် လာပြီး ထိပ်တိုက်ရင်ဆိုင်လေ’’ဟု ဦးရဲမျိုးသန့်က ပြောသည်။

တရားစွဲဆိုခံရသူက လာရောက်တရားရင်ဆိုင်နေချိန်၌ တရားလိုဘက်က တရားရုံးသို့ မလာရောက်ခြင်းသည် ဥပဒေကို လေးစားလိုက်နာခြင်းမရှိသည့် အပြုအမူဖြစ်ကြောင်း ၎င်းက ပြောသည်။

အလုပ်ကိစ္စဖြင့် ဂျပန်နိုင်ငံ သို့ ခရီးသွားနေရသဖြင့် ဒုတိယရုံး ချိန်းရက်ကို မလာရောက်ဖြစ် ကြောင်း၊ ပထမရုံးချိန်းကို ဆင့် ခေါ်စာမရသဖြင့် မသိရှိခြင်း ကြောင့် မလာနိုင်ခြင်းဖြစ်ကြောင်း Success More ကုမ္ပဏီဘက်က တရားစွဲဆိုသူ ဦးစိုင်းမျိုးမင်းလတ် က ပြောသည်။

တတိယရုံးချိန်းခေါ်ဆိုထား သည့် ဇွန်လ ၆ ရက်ထိ တရားလို ဘက်က ရုံးတော်သို့ လာရောက် ခြင်းမရှိပါက တရားဥပဒေအရ ဆောင်ရွက်ရန် စီစဉ်နေသည်ဟု စွပ်စွဲခံရသူဘက်က ဆိုသည်။

Top News