ရခိုင်ပြည်နယ်၌ နှစ်လအတွင်း တရားမဝင်သစ် တန်နှစ်ရာခန့် ဖမ်းမိ

ရခိုင်ပြည်နယ်တွင် ဧပြီနှင့် မေလအတွင်း တရားမဝင် ခိုးထုတ်သည့် သစ်တန်ချိန်နှစ်ရာ ခန့် ဖမ်းဆီးရမိပြီး ပုံမှန်ရှာဖွေ ဖမ်းဆီးခြင်း၊ စစ်ကြောင်းများဖြင့် ဖမ်းဆီးခြင်းနှင့် ရှောင်တခင် ဝင် ရောက်ဖမ်းဆီးနေကြောင်း ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောသည်။

ယင်းသို့ တရားမဝင်သစ်ခိုး ထုတ်မှုများကို ဖမ်းဆီးရာ၌တရား ခံများနှင့်အတူ ဖမ်းဆီးရမိခြင်း များရှိသကဲ့သို့ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။

‘‘တရားမဝင်သစ် ရှာဖွေ ဖော်ထုတ် ဖမ်းဆီးဖို့အတွက် ပြည်သူဗဟိုပြု စောင့်ကြည့်သတင်းပို့စနစ်နဲ့လည်းဖမ်းသလို ဒေသခံတွေရဲ့ သတင်းပေးပို့မှုနဲ့လည်း ဖမ်းဆီးမှုတွေ ရှိနေပါတယ်’’ ဟု ဦးအောင်ဝင်းထွန်းက ပြော ကြားသည်။

ရခိုင်ပြည်နယ်တွင် တရား မဝင် သစ်ခိုးထုတ်မှုသည် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့ နယ်တို့တွင် အများဆုံးရှိနေပြီး အဆိုပါသစ်များကို  ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်း၊ စင်ကာ ပူနှင့် အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် သစ် တောဧက ခြောက်သိန်းခွဲကျော် ရှိပြီး  တရားမဝင်သစ်ခိုးထုတ်မှု များကြောင့် တောပြုန်းတီးကာ ရာသီဥတုဖောက်ပြန်မှု ခံစားနေရကြောင်း ဒေသခံအများစုက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ရခိုင်ပြည်နယ်၌ တရားမဝင်သစ်တန်ချိန် ၁,၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနစာရင်းတွင် ဖော်ပြသည်။

Top News