ခြေစမ်းပွဲတွင် လက်ရွေးစင်အမျိုးသမီးအသင်းက လပ်ကီးဟုမ်းအကယ်ဒမီကို အနိုင်ရ

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် လပ်ကီးဟုမ်းအကယ်ဒမီအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်နေသည့် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံး အသင်းသည်  မန္တလေးခြေစမ်းခရီးစဉ် ပထမဆုံးပွဲတွင် လပ်ကီးဟုမ်းအကယ်ဒမီအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

မေလ ၂၅ ရက် ညနေက မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ် ပြိုင်သည့် ယင်းခြေစမ်းပွဲ၌ မိနစ် ၃၀ သုံးပိုင်းယှဉ်ပြိုင်ပြီး  မြန်မာအမျိုးသမီးအသင်းက ရီရီဦး၊ သန်းသန်းထွေး၊ ဝင်းသိင်္ဂီထွန်း စသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။

အဆိုပါပွဲတွင် အကြိတ်အ နယ်ရှိပြီး လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ဝင်းသိင်္ဂီထွန်းနှင့် ဂျူလိုင်ကျော်က တစ်ဂိုးစီ သွင်းယူခဲ့သည်။ 

ယင်းပွဲတွင် နှစ်သင်းစလုံဂိုးသွင်းခွင့်များရသော်လည်း  အဆုံး သတ်အားနည်းမှုကြောင့် ယခုရ လဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် မန္တလေးခြေစမ်းခရီး စဉ်တွင် ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင် မည်ဖြစ်ပြီး မေလ ၂၇ ရက်၌ ယူနတီလူငယ်အသင်း၊  မေလ ၂၉ ရက်တွင် YDPP နည်းပြများ အသင်းတို့နှင့် ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း သည် ပြီးခဲ့သည့် တောင်ကြီးခရီး စဉ်တွင် ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင် ပြီး ဟိုပုန်းလူငယ်အသင်းကို ၃-၁ ဂိုး၊ မျိုးဆက်သစ်လူငယ်အသင်း ကို ၂-၀ ဂိုး၊ ကယားလက်ရွေးစင် ဟောင်းကို ၅-၂ ဂိုးဖြင့် သုံးပွဲစ လုံး အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် မေလကုန်တွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ပြီး ဇွန်လ ဒုတိယပတ်၌ ထိုင်းနိုင်ငံသို့ သွားရောက်လေ့ ကျင့်ခြေစမ်းမည်ဖြစ်သည်။

Top News