လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အနောက်အာရှတစ်သင်းကို ဖိတ်ကြားထားဟု ဆို

ရန်ကုန်မြို့တွင် ကျင်းပ မည့် ယူ-၂၃ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ၌ လက်ကျန်ပြိုင်ပွဲ ၀င် တစ်နေရာအတွက် အနောက် အာရှဒေသတွင်း အသင်းတစ် သင်းကို ဖိတ်ကြားထားကြောင်း  ဘောလုံးအဖွဲ့ချုပ်အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် အာရှအားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ -၂၃ အသင်း အကြိုပြင်ဆင်မှုအ ဖြစ် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ကျင်းပမည် ဖြစ်သည်။ ယူ-၂၃ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ တွင် ဧည့်သည်အသင်းများအဖြစ် လက်ရှိ၌ ထိုင်းယူ-၂၃ နှင့် တောင်ကိုရီးယားယူ-၁၉ အသင်းပါဝင်ယှဉ်ပြိုင်ရန် အကြောင်းပြန် ထားသည်။

‘‘လက်ရှိတော့ ဖိတ်ကြား ထားတာပဲရှိသေးတယ်။ အ ကြောင်းပြန်တာမရှိသေးဘူး။ မ သေချာသေးတဲ့အတွက် ဘယ်အ သင်းကို ဖိတ်ထားလဲဆိုတာ ပြော လို့မရလို့ပါ။ သေချာရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ’’ဟု လက်ကျန်ပြိုင်ပွဲဝင်တစ်သင်းအ နေအထားနှင့် ပတ်သက်၍ ဦးဘုန်းနိုင်ဇော်က ပြောသည်။

ဖိတ်ကြားထားသည့် အ နောက်အာရှဒေသတွင်း အသင်းကို ထုတ်ဖော်မပြောသော်လည်း ဘာရိန်း၊ အီရန်၊ ယူအေအီး၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ အိုမန်စသည့် အသင်းများအနက် တစ်သင်းဖြစ် နိုင်ဖွယ်ရှိကြောင်း ဦးဘုန်းနိုင်ဇော်က အရိပ်အမြွက်ပြောကြားသည်။

ယင်းပြိုင်ပွဲအတွက် အာဖရိ ကတိုက်မှ အသင်းတစ်သင်းကို ဖိတ်ကြားသော်လည်း  အဆင်မ ပြေခြင်းကြောင့် အနောက်အာရှ အင်အားကြီးအသင်း တစ်သင်းကို ဖိတ်ကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာယူ-၂၃ ဘောလုံးအသင်းကို လက်ရွေးစင်အသင်းနည်းပြချုပ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး လက်ရှိတွင် အသင်းဖွဲ့စည်းရခြင်းမရှိသေးပေ။

(၁၈) ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲကို သြဂုတ် ၁၈ မှ စက်တင်ဘာ ၂ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး မြန်မာဘောလုံးအသင်း အနေဖြင့် ၁၉၈၀ နောက်ပိုင်း နှစ် ၂၀ ကျော်ကြာမှ တစ်ကျော့ပြန်ဝင် ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Top News