ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဒုဗိုလ်မှူးကြီးဟောင်းကို ခန့်အပ်၍ဆိုပြီး လွှတ်တော်အမတ်အချို့ ဆန္ဒပြ

ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်(ဝဲ)နှင့် ၀န်ကြီးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်တို့ကိုတွေ့ရစဉ်(ဓာတ်ပုံ − Soe Htet/FB)

ချင်းပြည်နယ်တွင် တတ်သိပညာရှင်ဟုဆိုကာ ဒုဗိုလ်မှူး ကြီးဟောင်းတစ်ဦးကို ပြည်နယ် ဝန်ကြီးခန့်အပ်သဖြင့် လွှတ်တော် အစည်းအဝေးကျင်းပစဉ် လွှတ် တော်ကိုယ်စားလှယ်အချို့ ခန်းမ အတွင်းမှ ထွက်ခွာ၍ ဆန္ဒပြခဲ့ ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

နုတ်ထွက်ခဲ့သည့် ချင်းပြည် နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး  ဆလိုင်းအိုက်ဇက်ခင် နေရာတွင် ဒုဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်ကို ခန့်အပ်ရန် မေလ ၂၅ ရက်က ပြည်နယ်လွှတ်တော်၌ အဆိုတင်ရာ ထိုသို့ ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်။

အဆိုပါ ဦးစိုးထက်ကို ပြည် နယ်ဝန်ကြီးခန့်အပ်ရာတွင် ပညာ ရှင်မဟုတ်သလို လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တိုင် ပင်ခြင်းမရှိခြင်းကြောင့် ယခုကဲ့ သို့ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာ၍ ဆန္ဒပြခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးကံတင့်က ပြောသည်။

‘‘ချင်းပြည်နယ် စက်မှုဝန် ကြီး ခန့်မယ်ဆိုရင် စက်မှုနဲ့ ဘွဲ့ရ တဲ့ တစ်ယောက်လောက်ခန့်ရင် တောင် ကျေနပ်ပါတယ်’’ဟု ဦးကံတင့်က ပြောသည်။

ထို့အပြင် ၎င်းတို့သည် အာ ဏာရှင်ပြုတ်ကျရေး၊ ဗဟိုဦးစီး မှူး လျှော့ချရေး တိုက်ပွဲဝင်ခဲ့ သော်လည်း လက်ရှိတွင် ဗဟိုဦးစီးစနစ်ဖြစ်နေသည်ဟု ၎င်းက ပြောသည်။ ချင်းပြည်နယ် ဝန်ကြီးတစ်ဦးကို ခန့်အပ်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို တိုင်ပင် ခြင်းမရှိဘဲ အမိန့်အတိုင်းဆောင် ရွက်ခြင်းကို မကျေနပ်၍ ဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်ဟု ဦးကံတင့်က ပြောသည်။

မေလ ၂၅ ရက် ပြည်နယ် လွှတ်တော်အစည်းအဝေးကျင်းပ ချိန်တွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဝန်ကြီးအသစ်ခန့်အပ်ရန် ကြေညာရာ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်ငါးဦးက လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာခဲ့သည် ဟု လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။


ဆန္ဒပြထွက်ခွာသည့် လွှတ် တော် ကိုယ်စားလှယ်များတွင် တွန်းဇံ၊ မင်းတပ်၊ ပလက်ဝနှင့်ကန်ပက်လက်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

‘‘ပညာရှင်လို့ပြောပြီး ခန့် တာတွေကို ပြန်ဆန်းစစ်ဖို့လိုပါ တယ်။ အခု ဝန်ကြီးခန့်တာ လွှတ် တော်ဥက္ကဋ္ဌနဲ့ ပါတီဥက္ကဋ္ဌသဘော ထားပါ။ ဝန်ကြီးချုပ်က သာမန် ပါတီဝင် တစ်ယောက်ပါပဲ’’ဟု ချင်းပြည်နယ်ကန်ပက်လက်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးဖွေအားက ပြော သည်။

ဒုဗိုလ်မှူးကြီးဟောင်း ဦးစိုး ထက်ကို ခန့်ရာတွင် ဒေသခံပြည် သူလူထု၏ သဘောထားအရ ခန့် အပ်ခြင်းဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့က ပြောသည်။

‘‘ကန့်ကွက်တာလည်း တစ် ယောက်၊ နှစ်ယောက်ခွင့်တောင်း ကြတာပါ။ ဘာမှ မရှိပါဘူး။ ၉၅ ရာခိုင်နှုန်းပြည့်စုံပါတယ်’’ဟု ဦးဇို ဘွဲ့က ပြောသည်။

ချင်းပြည်နယ် လွှတ်တော်က အတည်ပြုခန့်အပ်သည့် ဦးစိုး ထက်သည် ၁၉၈၂ ရန်ကုန်တက္က သိုလ်မှ သတ္တဗေဒဖြင့် ဘွဲ့ရရှိပြီး ၁၉၈၃ တွင် တပ်မတော်သို့ ဝင် ရောက်ခဲ့သည်။ ၂၀၁၃ တွင် အမျိုးသားလွှတ်တော်ရုံး၌ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။

ချင်းပြည်နယ်လွှတ်တော် တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၇ ဦးအနက် ဒီချုပ်ပါတီဝင် ၁၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ခြောက်ဦးရှိသည်။

More in News Section

Top News