ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သင့်၊ မသင့် ပြည်ခိုင်ဖြိုးပါတီစဉ်းစားနေဟုဆို

၂၀၁၅ ရွေးကောက်ပွဲအကြို ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏တရားမျှ တစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်မှု အပေါ် အပြည့်အဝယုံကြည်မှုမရှိ ၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်၊ မဝင် စဉ်း စားနေကြောင်း ယင်းပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသောင်းအေးက ပြော ကြားသည်။ 


ပျော်ဘွယ်မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့ စည်းမှုနှင့်ပတ်သက်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်၏ဆောင်ရွက်မှုအပေါ် ပါတီ အနေဖြင့် ယုံကြည်မှုမရှိခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ အဆို ပါကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ကော်မရှင်သည် တရားမဲ့ ပြုကျင့်ခဲ့ကြောင်း ဦးသောင်းအေးက ပြီးခဲ့သည့်ရက် ပိုင်းအတွင်း ပြုလုပ်သော ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ ဝေ ဖန်ထားသည်။ 

၂၀၁၇ ဒီဇင်ဘာလဆန်းပိုင်း တွင် မန္တလေးတိုင်းဒေသကြီးအ စိုးရ၏ညွှန်ကြားချက်အရ သတ် မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ခြောက်ဦးကို ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်များအဖြစ် ရွေးချယ်တင်ပြခဲ့ ကြောင်း ဦးသောင်းအေးက ပြော သည်။ 

မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်များကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ၊ မြို့မိ၊ မြို့ဖများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ က သတ်မှတ်ချက်နှင့်အညီ ရွေး ချယ်ပေးခဲ့ကြောင်း ၎င်းက ဆို သည်။ သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့်မြို့ နယ်ကော်မရှင်အဖွဲ့ဝင်စာရင်း တွင် တင်ပြထားသူခြောက်ဦးအ နက် နှစ်ဦးကို ပြန်လည်အစားထိုး ခဲ့သည်။ 

ထိုသို့ အစားထိုးဖွဲ့စည်းခြင်း သည် ဥပဒေနှင့်အညီ ကော်မရှင် ၏လုပ်ပိုင်ခွင့်အရ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်တွင် ပြန်လည်ရှင်းလင်းထားသည်။ 

‘‘ဘာအကြောင်းပြချက်မှမ ရှိ ပြင်ဆင်ပြီးတော့ ထုတ်ပြန်လိုက် တယ်ဆိုကတည်းကိုက ဒီရွေး ကောက်ပွဲမှာကော ဒီလိုတွေဖြစ်မ လာနိုင်ဘူးလား။ ရွေးကောက်ပွဲ ကော်မရှင်သည် သူ့ဥပဒေအရ သူ့ရဲ့ဆုံးဖြတ်ချက်သည် အပြီးအ ပြတ်ဖြစ်တယ်။ ဒါကြောင့် ဒီဟာ ကို (ကြားဖြတ်ရွေးကောက်ပွဲ)ဝင် မယ်၊ မဝင်ဘူးဆိုတာကိုတော့ လောလောဆယ် ဆုံးဖြတ်မပေး နိုင်သေးပါဘူး’’ဟု ဦးသောင်းအေး က ဆိုသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကမူ ကော်မရှင်အနေ ဖြင့် ဥပဒေနှင့်အညီ လွတ်လပ်မျှ တ၍ အများပြည်သူလက်ခံနိုင် သည့် ရွေးကောက်ပွဲများဖြစ်လာ စေရန် သန္နိဋ္ဌာန်ချပြီးဖြစ်၍ ဝေဖန် မှုများအပေါ် မှတ်ချက်မပေးလိုဟု ပြောသည်။ 

‘‘ကျွန်တော်တို့လုပ်ရပ်ကို ယုံတယ်၊ မယုံတယ်ဆိုတာက တော့ ဘယ်သူမဆို ပြောလို့ဆိုလို့ ရပါတယ်။ သို့သော်လည်း ဥပဒေ ကြောင်းနဲ့ ထိခိုက်မှုတစ်စုံတစ်ရာ ငြိစွန်းလာရင်တော့လည်း ဥပဒေ ကြောင်းအတိုင်းပဲပေါ့’’ဟု ဦးမြင့် နိုင်က ပြောသည်။ 

More in Politics Section

Top News