နည်းပြအဖွဲ့ဝင်များမပါဘဲ ဆာရီတစ်ဦးတည်း ချယ်လ်ဆီးသို့ ရောက်လာမည်ဟုဆို

နာပိုလီနည်းပြ မော်ရီဇီ ယိုဆာရီကို ချယ်လ်ဆီးက ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူ သော်လည်း ၎င်း၏နည်းပြအဖွဲ့ ဝင်များမပါဘဲ ပြောင်းရွှေ့မည်ဟု အီတလီသတင်းဌာနများက ဖော် ပြသည်။


ချယ်လ်ဆီးက နည်းပြအန် တိုနီယိုကွန်တီ နေရာတွင် အစား ထိုး ခေါ်ယူသော ဆာရီ၏နည်းပြ အဖွဲ့ဝင်များသည် နာပိုလီနည်းပြ အန်ဆယ်လော့တီနှင့်အတူ အ လုပ်လုပ်ရန် အီတလီ၌ကျန်နေ မည်ဖြစ်ကြောင်း ယင်းသတင်း များက ဖော်ပြသည်။

လက်ထောက်နည်းပြ ဖရန် ဆက်စကို ကယ်လ်ဇိုနာ၊ ပူးတွဲ နည်းပြ ဆီမိုနီဘိုနီမီနှင့် ကြံ့ခိုင် ရေးနည်းပြ ဆီနာတီတို့သည် နာ ပိုလီ၌ကျန်ရစ်ခဲ့မည်ဟုဆိုသည်။

ယင်းအစား ဆာရီသည် အင်တာသို့ရောက်နေသော အမ်ပိုလီ လက်ထောက်နည်းပြ ဟောင်း ဂျီယိုဗန်နီမာတူဆီလိုနှင့် ပြန်လည်လက်တွဲမည်ဟု အီတလီသတင်းများက ဖော်ပြသည်။

ဆာရီ (၅၉) နှစ်၏ စာချုပ် ဖျက်သိမ်းကြေးကို ချယ်လ်ဆီးက ပေးချေရန် သဘောတူပြီးနောက် ၎င်းကိုမကြာမီတရားဝင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း Goal သတင်းဝက်ဘ်ဆိုက်က ဖော်ပြ သည်။ ချယ်လ်ဆီးက ၎င်းကို တစ်နှစ်ပေါင် ငါးသန်းဖြင့် ၂နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူခဲ့သည်။

ဆာရီသည် ၎င်း၏ဘောလုံး ဖြန့်ကြက်ကစားမှုပုံစံကြောင့် ဂွာ ဒီယိုလာ၏ ချီးကျူးခြင်းခံရသည်။ ထိုအတောအတွင်း ချယ်လ်ဆီးမှ စပိန်တိုက်စစ်မှူး မိုရက်တာကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ဂျူဗင် တပ်နှင့် အေစီမီလန်အပြင် အင် တာမီလန်ပါ ပါဝင်ကြိုးပမ်းနေ သောကြောင့် ၎င်း၏အနာဂတ် မရေရာဖြစ်နေသည်။

ဟာဇက်နှင့်ဂိုးသမားကော့ တွိုက်စ်တို့လည်း ရီးရဲလ်သို့ ပြောင်းရွှေ့မည်ဟု ချိတ်ဆက်ပြောဆိုမှုများရှိနေသည်။

—Ref:Goal/Football Italia

Top News