ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုခ်ျ သုံးနှစ်စာချုပ်သက်တမ်းတိုး

 ပြီးခဲ့သည့် ဘောလုံးရာ သီက အသင်းကို ပရီးမီးယားလိဂ် ၌ တန်းတင်ကျန်ရစ်ရေး စွမ်း ဆောင်ပေးပြီးနောက် ဆောက် သမ်တန်နည်းပြ မာ့ခ်ဟုခ်ျ (၅၄) နှစ်သည် သုံးနှစ်သက်တမ်းရှိ စာ ချုပ်သစ်၌ လက်မှတ်ရေးထိုးခဲ့ သည်။


‘‘မာ့ခ်ဟုခ်ျနဲ့သူရဲ့နည်းပြအ ဖွဲ့က စရောက်ကတည်းက ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းပရိသတ်အကြိုက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး လိုအပ်တဲ့ ရလဒ်တွေရရှိဖို့ အ သင်းမှာပါဝင်ပတ်သက်သူတိုင်း ကို အတူတကွ ဆွဲခေါ်နိုင်စွမ်းရှိပါ တယ်’’ ဟု ထုတ်ပြန်ချက်တစ် စောင်တွင် ဆောက်သမ်တန်အ သင်းက ပြောသည်။

‘‘အခုတော့ မာ့ခ်ဟုခ်ျရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျွန် တော်တို့ပရိသတ်တွေရဲ့ တန်ဖိုး ရှိတဲ့ ဆက်လက်အားပေးမှုနဲ့အတူ ပြန်လည်ဆန်းသစ်တဲ့ အာရုံစူး စိုက်မှုနဲ့၊ ခွန်အားနဲ့ ရာသီသစ်ကို ဦးတည်ရွေ့လျားဖို့က လူတိုင်းအ တွက် အရေးကြီးပါတယ်’’ ဟု ဆောက်သမ်တန်အသင်းက ထပ် လောင်းပြောကြားသည်။

ဝေးလ်စ်လူမျိုး မာ့ခ်ဟုခ်ျ သည် ကာလတိုစာချုပ်ဖြင့် ယခုနှစ် မတ်လ ၁၄ ရက်က ဆောက်သမ်တန်သို့ရောက်ရှိပြီး အသင်းကို ပရီးမီးယာားလိဂ် အမှတ်ပေး ဇယား၌ အဆင့် (၁၇) ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး တန်းတင် ကျန်ရစ်ရေး လမ်းပြပေးနိုင်ခဲ့ သည်။

—Ref:Reuters

Top News