Ananda 4G အင်တာနက်လိုင်း ၀န်ဆောင်မှု စတင်မိတ်ဆက်

 ဈေးကွက်အတွင်းမရှိ သေးသည့် အင်တာနက်အမြန်နှုန်းကို Ananda 4G အင်တာနက် လိုင်းက ၀န်ဆောင်မှုပေးမည်ဖြစ် ကြောင်း IGE Group ဥက္ကဋ္ဌဦးနေအောင်က ပြောသည်။

 အမြန်ဆုံး အင်တာနက် စနစ်၊ အကန့်အသတ်မဲ့အင်တာ နက်ဒေတာနှင့် အချိုသာဆုံးဈေး နှုန်းသည် ၎င်း၏ ထုတ်ကုန် Ananda ဖြစ်သည်ဟု ၎င်းကပြော သည်။

လက်ရှိကွန်ရက်သည် ၁၀၀ ရာခိုင်နှုန်း အမြန်နှုန်းရရှိရန် တည် ဆောက်ထားသော်လည်း အသုံး ပြုသူဦးရေပေါ်မူတည်၍ စစ်တမ်း များအရ အမြန်နှုန်း 25 Mbps အထိ ရရှိနေသည်ဟု အရောင်း မြှင့်တင်ရေးအရာရှိချုပ် ဦးဇော်ဝင်းမြင့်က ပြောသည်။


IGE Group ပိုင်ဆိုင်သည့် Amara Communications ကုမ္ပ ဏီသည် Ananda 4G Broadband ကို မေလ ၂၅ ရက်တွင် ရန်ကုန်မြို့၌ စတင်မိတ်ဆက်ခဲ့သည်။ အင်တာနက်ဒေတာသီး သန့် ဆင်းမ်ကတ်များကို Mifi စက်၊ Router စက်များနှင့် တွဲဖက် ရောင်းချခဲ့သည်။

ဈေးကွက်အတွင်း ရောင်းချ သည့် အကန့်အသတ်မဲ့ဒေတာ အင်တာနက်ဆိုသည်မှာ ဒေတာ အကန့်အသတ်တစ်ခုသို့ ရောက် သည့်အခါ အမြန်နှုန်းကျဆင်း လေ့ရှိကြောင်း၊ Ananda ၏ အ ကန့်အသတ်မဲ့ဒေတာသည် အင် တာနက်ပေါ်၌ မည်သည့်အ ကြောင်းအရာကို သုံးစွဲသည်ဖြစ် စေ အမြန်နှုန်းကျဆင်းမည်မဟုတ် ကြောင်း Amara Communications ကုမ္ပဏီစီအီးအို Mr. Devid က ပြောသည်။

‘‘ဘယ်သွားသွား သယ်သုံး လို့ရတာကောင်းတယ်။ မကောင်း တာက နေရာတိုင်းမှာ သုံးမရသေးတာ’’ ဟု Ananda အင်တာ နက်လိုင်း စမ်းသပ်အသုံးပြုသူကိုထိန်လင်းကပြောသည်။

Ananda သည် ရန်ကုန်တိုင်းဒေသကြီးရှိ ၂၅ မြို့နယ်ကို ကွန်ရက်လွှမ်းခြုံထားပြီး တာဝါတိုင် ၅၀၀ တည်ဆောက်ထားကြောင်း ထုတ်ပြန်သည်။ ‘‘တချို့နေရာ လေးတွေက ကွန်ရက်မမိသေး ဘူး။ ၆၅ ရာခိုင်နှုန်းလောက်ပဲ လွှမ်းခြုံထားသေးတယ်’’ ဟုကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ဒေါ်ငြိမ်းချမ်းသူကပြောသည်။

Ananda သည် Device 10 နှင့် တွဲဖက်အသုံးပြုနိုင်သော Mifi စက်နှင့် ဆင်းမ်ကတ်ကို ကျပ် ၃၅,၀၀၀ ဖြင့်ရောင်းချပြီး Device 30 နှင့် ချိတ်ဆက်နိုင်သည့် Router နှင့် ဆင်းမ်ကတ်ကို ကျပ် ၆၅,၀၀၀ ဖြင့် ရောင်းချခဲ့သည်။

လစဉ်အသုံးပြု Data Plan ဈေးနှုန်းကို နှစ်ပတ်အတွင်း ကြေ ညာမည်ဟု ကုမ္ပဏီက ကတိပြု ထားသည်။ လက်ရှိတွင် စတင် အသုံးပြုသူများကို တစ်လအခမဲ့ ပေးအပ်ထားပြီး Data Plan ဈေး နှုန်းသည် ဈေးကွက်အတွင်း အ ခြားကုမ္ပဏီများ ရောင်းချနေသည် ထက် ပိုမိုသက်သာမည်ဟု ကုမ္ပဏီ ဒုအမှုဆောင်အရာရှိချုပ်ဒေါ်အေးမြမြကြည်က ပြော သည်။

 ဆက်သွယ်ရေးစနစ် ကောင်းမွန်သည့် စမတ်စီးတီးများ ကိုသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလို သူများက စိတ်ဝင်စားသဖြင့် ရန် ကုန်မြို့၏ အရည်အသွေးပြည့်မီသော အင်တာနက်လိုင်းကို Ananda က ၀န်ဆောင်မှုပေးအပ် ရန် လိုအပ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

Ananda ကို လာမည့်သုံးလ အတွင်း မန္တလေးမြို့တွင် ရောင်း ချမည်ဖြစ်ပြီး တာဝါတိုင် ၁၀၀ တည်ဆောက်ထားကြောင်း Mr. Devid ကပြောသည်။ ရန်ကုန်မြို့ တွင် အရောင်းဆိုင် ၃,၅၀၀ နှင့် ချိတ်ဆက်၍ Amara Communications ကုမ္ပဏီက 4G အင်တာနက်လိုင်းကို ရောင်းချခဲ့ သည်။

Ananda 4G Broadband ၀န်ဆောင်မှုကို လုပ်ကိုင်ရန် ကန် ဒေါ်လာသန်း ၂၅၀ စိုက်ထုတ်သုံး စွဲမည်ဖြစ်ပြီး 4G ၀န်ဆောင်မှုအ တွက် လိုအပ်သော လှိုင်းနှုန်းစဉ် ရရှိရန် ကန်ဒေါ်လာသန်း ၁၂၀ ကျော် အသုံးပြုကာ ၀န်ဆောင်မှုလိုအပ်သော အခြေခံတည် ဆောက်မှုအတွက် ကန်ဒေါ်လာ သန်း ၁၂၀ ကျော် ထပ်မံသုံးစွဲခဲ့ သည်။

IGE Group ပိုင်ဆိုင်သည့် Amara Communications ကုမ္ပဏီသည် 4G Broadband အင်တာနက်ကို ရန်ကုန်၊ မန္တလေး၊  စစ်ကိုင်းနှင့် ဧရာဝတီ တိုင်း၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်နှင့်ကယားပြည်နယ်တို့၌ ရောင်းချခွင့်ရရှိထားသည်။

Amara Communications သည် 4G Broadband အင်တာ နက်ကို ရတနာပုံတယ်လီပို့အများ ပိုင်ကုမ္ပဏီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် ယှဉ်ပြိုင်လုပ် ကိုင်ရမည်ဖြစ်သော်လည်း ယခု အခါ ရတနာပုံတယ်လီပို့အများ ပိုင်ကုမ္ပဏီသည် လှိုင်းနှုန်းစဉ်လေ လံကြေး ပေးသွင်းနိုင်ခြင်းမရှိသ ဖြင့် ၎င်းတစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

လစ်လပ်သည့် ပြိုင်ဘက် ရတနာပုံတယ်လီပို့ အများပိုင် ကုမ္ပဏီနေရာကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြန်လည် အစားထိုးမည်ဟု ကြေညာထား သော်လည်း ယနေ့ထိ အစားထိုး နိုင်ခြင်းမရှိပေ။

More in News Section

Top News