ရင်းနှီးမြှုပ်နှံသူများကိုကူညီရန် ကယားဝန်ကြီးချုပ်ညွှန်ကြား

ရင်းနှီးမြှုပ်နှံမှုဖိုရမ်အား ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် (ဓာတ်ပုံ − ဆြာချစ်)

ကယားပြည်နယ်အ တွင်း ရင်းနှီးမြှုပ်နှံရန်လာရောက် သူများကို စိတ်ပျက်စေမည့်ဖြစ် စဉ်များ မဖြစ်စေရန်ဌာနဆိုင်ရာ များသို့ ညွှန်ကြားထားကြောင်း  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုကပြောသည်။ 

ထို့အပြင် ဌာနဆိုင်ရာများအ နေဖြင့် ရင်းနှီးမြှုပ်နှံသူများက မေး မြန်းသည့် သက်ဆိုင်ရာ ကဏ္ဍ များကိုအကျေအလည်ရှင်းလင်း ဆွေးနွေး၍  လုပ်ထုံးလုပ်နည်း  များနှင့်အညီ ပူးပေါင်းဆောင်ရွက် ကြရန် ၀န်ကြီးချုပ်ကဆက်လက် ပြောကြားသည်။

မေလ ၂၆ရက်က လွိုင် ကော်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ‘ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်’ ဆွေးနွေးပွဲအ ခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အထက်ပါ အတိုင်းပြောကြားခဲ့သည်။ 

‘‘သူ (၀န်ကြီးချုပ်)က ပြည် နယ်အတွင်း  ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာစေချင်တယ်။ မြန်မြန်ဆန် ဆန်လွယ်လွယ်ကူကူရစေချင် တယ်။ မကြန့်ကြာစေဖို့ပါ။ ဌာန ဆိုင်ရာတွေကိုလည်း အကူအညီ ပေးဖို့ပြောသွားပါတယ်’’ ဟု ပြည် နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဒေါ်မေမျိုးဇော်ကပြောသည်။ 

ကယားပြည်နယ်ရင်းနှီးမြှုပ် နှံမှုဖိုရမ်ကို ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပိုမိုမြှုင့်တင်နိုင်ရန် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ် ငန်းရှင်များနှင့် ဒေသခံလုပ်ငန်း ရှင်များအကြား ချိတ်ဆက်ပေးသည့် အနေဖြင့် ကျင်းပပြီး  မေလ ၂၈ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း ဒေါ်မေမျိုးဇော်ကဆို သည်။  ဖိုရမ်သို့ တက်ရောက်သည့် ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အဓိ ကစိတ်ဝင်စားမှုရှိသည့် လုပ်ငန်း များသည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအပါအ၀င် စိုက်ပျိုး ရေးလုပ်ငန်းများဖြစ်ကြောင်း ၎င်း ကဆိုသည်။ 

‘‘ဒီကနေ့ဆွေးနွေးပွဲမှာဘယ် နေရာမှာ ဟိုတယ်လုပ်ငန်းလုပ် ရမယ်။ မြေနေရာတွေဘယ်လိုရ နိုင်မလဲ။ အရင်က မငြိမ်းချမ်း သေးတဲ့အတွက် ၀င်ရောက်လာ သူတွေနည်းတယ်ပေါ့။ အခုဒီ ပြည်နယ်ကိုလာတဲ့သူအားလုံးက သဘောကျတယ်။ မနက်ဖြန်မှာ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်း ထားတဲ့ပြည်တွင်း၊ ပြည်ပ စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ကြ မယ်’’ ဟု ဒေါ်မေမျိုးဇော်က ဆက် လက်ပြောသည်။ 

ယမန်နေ့က ပြုလုပ်သည့် ဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုဝန်ကြီး၊ ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအ ဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်းများအပါအ၀င် နိုင်ငံတ ကာသံရုံးများမှ သံအမတ်ကြီး များ၊ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များတက်ရောက် ခဲ့သည်။ 

၁၉၉၈ ကစ၍ ကယားပြည် နယ်အတွင်းမြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် လုပ်ငန်း လေးခု သာရှိပြီး လက်ရှိအစိုးရလက်ထက်မေလ အတွင်း ဟိုတယ်တည်ဆောက် ရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ခွင့် ပြုထားကြောင်း ၎င်းကဆိုသည်။ 

၂၀၁၆ အောက်တိုဘာအ တွင်း ပြဋ္ဌာန်းသည့် ရင်းနှီးမြှုပ်နှံ မှုဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရန်ဇုန်များခွဲခြား သတ်မှတ်ရာ ဖွံ့ဖြိုးမှုနည်းပါး သည့်ဒေသများအဖြစ် ဇုန် (၁) တွင်ကယား၊ ကရင်၊ ချင်းနှင့် ရ ခိုင်ပြည်နယ်တို့ပါဝင်ပြီး ယင်း ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံပါ ကအခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်ရ ရှိမည်ဖြစ်သည်။ 

More in News Section

Top News