နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး ဝန်ကြီးဌာနသုံးခု ပူးပေါင်းဆောင်ရွက်မည်

နီပါးဗိုင်းရပ်စ်ကူးစက်ပုံ အဆင့်ဆင့်

မြန်မာနိုင်ငံနှင့် အိမ်နီး ချင်း အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ကပ်အသွင်ဖြစ်ပွားနေသော နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဝန်ကြီးဌာနသုံးခု ပူးပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ယခုနှစ် မေလအတွင်း အဆိုပါ နီပါးဗိုင်းရပ်စ် (Nipah Virus) ကြောင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ် တွင် ကျန်းမာရေးဝန်ထမ်းအပါ အဝင် လူ ၁၂ ဦး သေဆုံးခဲ့သည်။ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် ယင်းရောဂါပိုးကူးစက် မခံရစေရန် ကာကွယ်ရေးလုပ် ငန်းများ ပြင်ဆင်မည်ဖြစ်သည်။

အဆိုပါ နီပါးဗိုင်းရပ်စ်သည် လင်းနို့၊ ဝက်များမှတစ်ဆင့် လူကို ကူးစက်နိုင်ပြီး လူလူချင်းလည်း ကူးစက်နိုင်သည်။ ကူးစက်ခံရပါ က သေဆုံးမှု ၇၀ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးမရှိသေးပေ။ ယင်း ဗိုင်းရပ်စ်သည် နောက်ထပ်ပျံ့နှံ့ နိုင်ခြေရှိသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသော ဦးစားပေးရောဂါ ၁၀ မျိုးတွင် ထိပ်ဆုံး၌ ရှိနေသည်။

ယင်းရောဂါသည် ဦးနှောက် ရောင်ရောဂါတစ်မျိုးဖြစ်ပြီး ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါများနှင့် ဆင် တူသည်။ ဦးနှောက်ပိုင်းဆိုင်ရာ နှင့် အဆုတ်ကို ထိခိုက်စေပြီး လက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကယောင်ကတမ်းဖြစ် ခြင်း၊ သတိလစ်ခြင်းနှင့် ဦးနှောက် နှင့် အာရုံကြောဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်ခံစားရတတ်သည်။

‘‘မြန်မာအတွက်က နည်း နည်းဝေးသေးတယ်။ ဝေးပေမယ့် လည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်နေ တော့ သတိတော့ ထားရမယ်။ အိန္ဒိယက မြန်မာနဲ့ ကူးလူးဆက် ဆံနေတာလေ။ ဒီလူတွေက လေ ယာဉ်ပေါ်လည်း ပါလာနိုင်တာ ပေါ့။ အိန္ဒိယခရီးသည်အဝင်ကို ပိတ်ထားဖို့ လောလောဆယ်မလို သေးဘူး။ မြောက်ပိုင်းက ကပ် တယ်ဆိုတော့ ဝင်ပေါက်က တမူး ရှိတယ်။ ချင်းဘက်က ဝင်ပေါက် တစ်ခုရှိတယ်။ အဲဒီနှစ်ပေါက်ကို တော့ ဂရုစိုက်ရမယ်။ သတိထား ရမယ်’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေ ဆိပ်၊ ဆိပ်ကမ်းများတွင် ရောဂါ ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးရုံများနှင့် ချိတ်ဆက်၍ ဦးနှောက်ရောင် လက္ခဏာရှိသော လူနာသတင်း ပေးပို့ခြင်းအပြင် တိရစ္ဆာန်ဆေး ကုနှင့် မွေးမြူရေးဌာန၊ တောရိုင်း တိရစ္ဆာန်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဌာနတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး မည်ဖြစ်သည်။

‘‘ပြည်သူ့ကျန်းမာရေးတစ်ခု တည်းနဲ့ မရဘူး။ သူတို့နဲ့လည်း မေးဦးမယ်။ သူတို့ဘက်ကလည်း လုပ်ရမယ်။ နီပါးက တိရစ္ဆာန်က နေ လူကိုကူးတာကိုး။ အဲဒီနီပါး ဗိုင်းရပ်စ်ကို ဓာတ်ခွဲနိုင်တာ လော လောဆယ် မရှိသေးဘူး။ နမူနာ ကတော့ လည်ချောင်းတို့ဖတ် နမူနာတို့၊ ဦးနှောက်အာရုံကြောက ထွက်တဲ့အရည်ခေါ်တာပေါ့။ အဲ ဒါတွေပဲ စစ်ဆေးရတယ်။ ဒါက လည်း နိုင်ငံခြားပို့စစ်ရမှာ။ တိကု (တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေး) မှာတော့ ဓာတ်ခွဲနိုင်လိမ့်မယ်။ ဒါ ပေမဲ့ မေးမကြည့်ရသေးဘူး’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ယင်းဗိုင်းရပ်စ်သည် ၁၉၈၈ ကစတင်၍ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဖြစ် ပွားခဲ့သည်။

More in News Section

Top News