ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ မြန်မာနိုင်ငံက ပထမအကြိမ်လက်ခံကျင်းပမည်

ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကို မြန် မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း ဘိလိ ယက်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင် က အာရှအဆင့်ပြိုင်ပွဲများကိုသာ ကျင်းပခဲ့သဖြင့် ကမ္ဘာ့အဆင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ပထမဆုံးအကြိမ်ကျင်းပခွင့်ရခြင်းဖြစ်သည်။ အဆိုပါ ကမ္ဘာ့အဆင့် ဘိလိယက်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်၊ စနူကာပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

ဘိလိယက်ပြိုင်ပွဲတွင် 150 Up (ပွိုင့်တို) ပြိုင်ပွဲနှင့် Long Up (ပွိုင့်တို) ပြိုင်ပွဲနှစ်မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး စနူကာပြိုင်ပွဲ ၌ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ အပြင် အသက် (၄၀)နှစ်နှင့်အ ထက် ၀င်ရောက်ယှဉ်ပြိုင်မည့် မာစတာပြိုင်ပွဲတို့ ပါဝင်မည် ဖြစ် သည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်အနေဖြင့် မတ်လက ကျင်းပသည့် အာရှအဆင့် ဘိလိယက်ပြိုင်ပွဲကို အောင်မြင် စွာ ကျင်းပနိုင်သဖြင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်  ရွေးချယ်ခံရကြောင်း ဦးခင်မောင်ဦးက ပြောသည်။

‘‘အမှန်က ဒီပြိုင်ပွဲကို အိမ်ရှင်လုပ်ခွင့်က အိန္ဒိယက ရထားတာ ပါ။ ဒုတိယဦးစားပေးက အီဂျစ် ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အာရှအဆင့် ပွဲမှာ ကျွန်တော်တို့က အောင်မြင် အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာ့အဆင့် အိမ်ရှင်လျှောက်တဲ့အခါ နိုင်ငံတကာဘိလိယက်အဖွဲ့ချုပ်နဲ့ သူတို့နှစ်ဦးစလုံးက သဘောတူခွင့်ပြုတဲ့အတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တာပါ’’ဟု ၎င်းက ပြောသည်။

(၄၆) ကြိမ်မြောက် ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ် ထားသော်လည်း မည်သည့်နေရာ ၌ ကျင်းပမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးခင်မောင်ဦးက ပြောသည်။

၂၀၁၇ က ကာတာနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦးက တတိယဆုရရှိခဲ့သည်။ 

Top News