စနစ်သစ်ဖြင့် ရန်ကုန်လိုင်စင်ပေးပါက ကားသစ်များ ရောင်းကောင်းနိုင်ဟုဆို

ရန်ကုန်တိုင်းမော်တော်ယာဉ်တင်သွင်းခွင့်လက်မှတ် (YVQC) စနစ်ဖြင့် ကားသွင်းခွင့် ပြု၊ မပြု ရက်ပိုင်းအတွင်း သိရမည်ဖြစ်သည်။ (ဓာတ်ပုံ - စိုင်းဇော်)

ရန်ကုန်တိုင်း မော်တော် ယာဉ်တင်သွင်းခွင့်လက်မှတ် (YVQC) စနစ်ဖြင့် ရန်ကုန်လိုင်စင် ပေးပါက Brand New ကားများ ပိုမိုရောင်းကောင်းလာနိုင်ကြောင်း  KLSeven မန်နေဂျင်းဒါရိုက် တာ ဦးကြည်သာဟန်က ပြောသည်။


YVQC (Yangon Vehicle Quota Certificate) စနစ်ကို ဇွန်လတွင် စတင်ကျင့်သုံးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရကြောင်း ဦးကြည်သာဟန်က ပြောသည်။

‘‘စလစ်ဈေးမကျတဲ့အတွက် ဂျပန်ကားအဟောင်းက ဈေး အေးနေချိန်မှာ Brand New စီး တဲ့သူတွေက သိန်း ၂၀၀ ကျော် ကျော်နဲ့ ရန်ကုန်လိုင်စင်ကားတွေ ကို စီးလာနိုင်မယ်။ အဲဒါ အား သာချက်ပဲ’’ဟု ဦးကြည်သာဟန် က ပြောသည်။

ယခင်က ပြည်ပမှ တင်သွင်း သည့် Brand New (CPU) ကားများကို ရန်ကုန်လိုင်စင်ရရန် စလစ်ကြေး သိန်း ၁၂၀ ကျော် ပေးရကြောင်း၊ YVQC စနစ်တွင် အင်ဂျင်ပါဝါ ၁,၆၀၀ စီစီအထိ Brand New ကားများကို ကျပ် သိန်း ၃၀ ပေးဆောင်ပြီး ရန်ကုန် လိုင်စင်ရရှိမည်ဖြစ်၍ စလစ် ကြေး သက်သာခဲ့ကြောင်း ၎င်းက ပြောသည်။

YVQC စနစ်သည် ကား အဟောင်းများထက် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် (CKD/ SKD) Brand New ကားများနှင့် မော်ဒယ်မြင့် ဘယ်မောင်းကား များကို ဦးစားပေးသည့် ပုံစံဖြစ် သောကြောင့် Brand New ကား ရောင်းချမှု ဈေးကွက်ပိုအား ကောင်းလာနိုင်ကြောင်း KMT Auto မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထွန်းက ပြောသည်။

‘‘အထူးသဖြင့် Brand New Showroom ကားတွေကတော့ ရန်ကုန်လိုင်စင်အတွက်ကြောင့် စလစ်ဝယ်စရာ မလိုတော့ဘူး။ ကားတင်သွင်းခွင့်ပေးထားတာ လည်း ဘယ်မောင်းမော်ဒယ်မြင့် ဆိုတော့ ကားအစီးရေ အများကြီး တိုးမလာနိုင်ပါဘူး’’ဟု မြန်မာ နိုင်ငံ မော်တော်ယာဉ် တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောသည်။

သို့သော် ယခင် Consign- ment စနစ်ဖြင့် တင်သွင်းထား သည့် ဂျပန်တစ်ပတ်ရစ်ကားများ ကို YVQC စနစ်ဖြင့် ရန်ကုန်လိုင် စင် ပေး၊ မပေး ထည့်သွင်းရေးဆွဲ  ထားခြင်း မတွေ့ရှိသဖြင့် အဆိုပါ ကားများကို ရန်ကုန်လိုင်စင် ပေး၊ မပေး အတိအကျ မသိကြောင်း ၎င်းက ပြောသည်။

YVQC စနစ်တွင် အင်ဂျင် ပါဝါ 0CC မှ 1600 CC ကို ကျပ် သိန်း ၃၀၊ 1601 CC မှ  3000 CC ထိ ကားများကို ကျပ်သိန်း ၆၀၊ 3001 CC နှင့်အထက် ကျပ်သိန်း ၉၀ နှင့် လုပ်ငန်းသုံး ပစ်ကပ် ကားများ ကျပ် ၁၀ သိန်း အခွန် ဆောင်ရမည်ဟု သိရ ကြောင်း ဦးကျော်မင်းထွန်းက ပြောသည်။

ပြည်တွင်း၌ တပ်ဆင်ထုတ် လုပ်သည့် CKD, SKD ကားများ ရန်ကုန်လိုင်စင်ယူပါက သတ် မှတ်ထားသည့် YVQC ဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရ မည်ဖြစ်ကြောင်း၊ ဥပမာ Suzuki မှထုတ်လုပ်သည့် Ciaz, Ertiga ကားများသည် YVQC ကြေး ကျပ် သုံးသိန်းသာ ပေးသွင်းရပြီး ရန် ကုန်လိုင်စင် ရရှိမည်ဖြစ်ကြောင်း ဦးကြည်သာဟန်က ပြောသည်။

ပြည်တွင်းကားဈေးကွက်၌ ရန်ကုန်ဈေးကွက်သည် ဝယ်ယူမှု များသောကြောင့် YVQC စနစ် ကျင့်သုံးပါက ကားအရောင်း အ ဝယ်လုပ်ငန်းများ  ပိုမိုကောင်းမွန် လာနိုင်ကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်း အထွေထွေအတွင်းရေး မှူး ဦးရန်မျိုးအောင်က ပြော သည်။

More in News Section

Top News