စစ်ကိုင်းတိုင်း အခြေခံပညာကျောင်း ၁၀၀ တွင် ငလျင်အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်ကိုးမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်း ၁၀၀ တွင် ငလျင် အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်းတိုင်း ဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးဦးစ၀ီ လီဖရန့်က ပြောသည်။

ကသာ၊ ထီးချိုင့်၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ရေဦး၊ ဟုမ္မလင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျောင်းများတွင် အထက်ပါလှုပ် ရှားမှုကိုယခုနှစ်ဇူလိုင်မှ ဒီဇင်ဘာ အထိဆောင်ရွက်မည်ဖြစ်သည်။

‘‘ဒီလကစပြီး နည်းပြတွေကို သင်တန်းတွေစပေးချင်တာပေါ့။ ဆရာ၊ ဆရာမတွေက ဒီလထဲမှာ ကျောင်းအပ်လက်ခံတာရော၊ သင်တန်းတွေရောရှိတဲ့အတွက် လာမယ့်ဇူလိုင်မှ သင်တန်းစပေး နိုင်မယ်။ ငလျင်အသိပညာပေး သရုပ်ပြတာပါမယ်။ ဇာတ်တိုက် လေ့ကျင့်တာတော့ မလုပ်ဘူး။ ငလျင်လှုပ်ရင် ဘယ်လိုနေရမယ်၊ ဘယ်လိုထွက်ရမယ်။ အန္တရာယ် ကင်းတဲ့နေရာကို သွားတာလာ တာသတ်မှတ်တာ၊ လက်တွေ့ လုပ်ပြတာကို ဟောပြောဆွေးနွေး တာတွေ လုပ်မယ်’’ ဟု ဦးစ၀ီလီ ဖရန့်က ပြောသည်။

စစ်ကိုင်း ပြတ်ရွေ့ကြော၊ ဗန်းမော်ပြတ်ရွေ့ကြောပေါ်တည် ရှိသည့် ကိုးမြို့နယ်ရှိ အ ခြေခံပညာ စာသင်ကျောင်းများ တွင် ငလျင်အသိပညာပေးလှုပ် ရှားမှုဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အခြေခံပညာကျောင်းတွေ မှာ ငလျင်အသိပညာပေးလှုပ်ရှား မှု ဆောင်ရွက်ပေးတာကောင်းပါ တယ်။ ကျောင်းသား၊ ကျောင်းသူ တွေကတစ်ဆင့် မိဘတွေဆီ ငလျင်သဘာဝဘေးကြုံတွေ့ရတဲ့ အချိန်မှာ လုပ်ဆောင်ရမယ့်အသိ ပညာတွေ ပြန့်ပွားနိုင်တယ်’’ ဟု မုံရွာမြို့ဒေသခံကျောင်းသားမိဘ တစ်ဦးက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း သဘာဝဘေးအန္တရာယ်ဆိုင် ရာ အသိပညာပေးခြင်းလုပ်ငန်း ၇၉ ကြိမ်ဆောင်ရွက်ပြီး ငလျင် အသိပညာပေးဇာတ်တိုက်လေ့ ကျင့်ခြင်းကို စစ်ကိုင်းမြို့တွင်တစ် ကြိမ်ပြုလုပ်ခဲ့ကြောင်း တိုင်းဒေသ ကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

Top News