ဆန်ကားမှောက်ရာမှ ဆန်အိတ်ပိပြီး ယာဉ်နောက်လိုက်သေဆုံး

ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ပြည်ထောင်စုလမ်းမကြီးတွင် မေလ ၂၇ ရက်နံနက်က ဆန်အိတ်များ တင်ဆောင်လာ သည့် ယာဉ်တိမ်းမှောက်ရာ ဆန် အိတ်များပိ၍ ယာဉ်နောက် လိုက် သေဆုံးခဲ့ကြောင်း ကယ်ဆယ် ရေး လုပ်ငန်းဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။

မန္တလေးမြို့မှ မူဆယ်မြို့သို့ ဆန်အိတ်များ သယ်ဆောင်လာ သည့် ယာဉ်တိမ်းမှောက်သည့်နေ ရာသည် လမ်းပြုပြင်နေသောနေ ရာဖြစ်ကာ တစ်ဖက်တွင် ကျောက်ကမ်းပါးယံရှိပြီး တစ်ဖက်တွင် ချောက်ကမ်းပါးရှိရာ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ယာဉ်နောက်လိုက်က ကား မှောက်တဲ့အချိန်မှာ ခုန်ဆင်း လိုက်တာကနေ ဆန်အိတ်တွေပိ သွားတာ နေရာမှာပဲဆုံးသွားတာ’’ ဟု ဦးတင်ဝင်းက ပြောသည်။

ယာဉ်မောင်း ဦးသိန်းမင်း အောင်သည်လည်း နဖူးနှင့်ယာ လက်ဖျံတို့ ပွန်းပဲ့ဒဏ်ရာ ရရှိ၍ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ထား ပြီး သေဆုံးခဲ့သော ယာဉ် နောက်လိုက်၏ ရုပ်အလောင်းကို ၎င်း၏ဇာတိ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်သို့ မိသားစုဆန္ဒအရ  ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း ၎င်းကပြောသည်။

ယာဉ်တိမ်းမှောက်မှုကို ယာဉ်ထိန်းက တရားလိုပြု၍ကွတ်ခိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲအုပ်အောင်စိုးက ဆိုသည်။

Top News