မုန်တိုင်းကို အနီရောင်အဆင့် မိုးဇလသတ်မှတ်

Windy.com

ဘင်္ဂလားပင်လယ်အောင် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်းဒေသကို နောက် ၁၂ နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်ရပြီး အနီရောင် အရေးပေါ်အခြေအနေ လို့ သတ်မှတ်လိုက်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ဒီကနေ့ ညနေပိုင်း မှာ ရခိုင် ပြည်နယ်အလယ်ပိုင်းကမ်းခြေ ကို မာန်အောင်မြို့နဲ့ ကျောက်ဖြူ မြို့ကြားက ဖြတ်ကျော်ဝင်ရောက်သွား နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်အနီးမှာအများဆုံးလေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်ခန့် ၊ တစ်ခါ တစ်ရံမှာတော့ တစ်နာရီ မိုင် ၅၀ ခန့် တိုက်ခိုက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး ၊ မအီ၊ ကျောက်ဖြူ ၊ မာန်အောင် ၊ ငပလီ ၊ ကျိန္တလီ စတဲ့မြို့နယ်ဒေသတွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး လေပြင်း တစ်နာရ (၄၀-၅၀)မိုင်ခန့်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သိရပါတယ်။

Top News