4G Broadband ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီနှစ်ခုက ဆက်သွယ်ရေးဦးစီးဌာနထံ မိုဘိုင်းကွန်ရက်ကုတ်များတောင်းခံ

4G Broadband ၀န် ဆောင်မှုပေးအပ်ရန် Global Technology ကုမ္ပဏီနှင့် Fortune  Telecom ကုမ္ပဏီတို့သည် မိုဘိုင်း  ကွန်ရက်ကုတ်နံပါတ်များ ထုတ် ပေးရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့တောင်းခံခဲ့သည်။

ကုမ္ပဏီနှစ်ခုမှတောင်းခံလာ သည့်မိုဘိုင်းကွန်ရက် ကုတ်နံပါတ် ထုတ်ပေးရန် ဆက်သွယ်ရေးနံ ပါတ်ဆိုင်ရာ နည်းဥပဒေအရအ များပြည်သူသဘောထား မှတ် ချက် လက်ခံ၍ နံပါတ်များထုတ် ပေးမည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာ သည်။ ဆက်သွယ်ရေးကမ္ပဏီနှစ်ခုကို နိုင်ငံကိုယ်စားပြု မိုဘိုင်းကုတ်  414 ထုတ်ပေးရန်နှင့် Global Technology ကုမ္ပဏီအတွက် မို ဘိုင်းကွန်ရက်ကုတ် 23၊ Frotune  Telecom ကုမ္ပဏီအတွက် မိုဘိုင်း  ကွန်ရက်ကုတ် 22 ထုတ်ပေးရန်  ဦးစီးဌာနက အကြံပြုချက်များ တောင်းခံခဲ့သည်။

ကုမ္ပဏီနှစ်ခုသည် နေပြည် တော်၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်၊ ကရင်ပြည်နယ်တို့တွင် 4G Broadband  ၀န် ဆောင်မှုပေးအပ်မည်ဖြစ်သည်။

Global Technologyကုမ္ပဏီ သည်အင်တာနက်ဝန်ဆောင်မှုကို ဇူလိုင်အတွင်း စတင်မည်ဟုကြေ ညာသော်လည်း ပြိုင်ဘက်  Fortune ကုမ္ပဏီက ၀န်ဆောင်မှု နှင့် ပတ်သက်၍ထုတ်ပြန်ကြေ ညာခြင်းမရှိပေ။

4G Broadband ၀န်ဆောင် မှုလုပ်ကိုင်သည့် ကုမ္ပဏီများသည် ၀န်ဆောင်မှုစတင်ပြီး ငါးနှစ်အ တွင်းကွန်ရက်တည်ဆောင်ခွင့်ရ ဒေသများရှိ လူဦးရေ၏ ၃၀ရာခိုင် နှုန်းအတွက် ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ပေးမည်ဟု အ စိုးရထံကတိပြုသည်။

လက်ရှိ၌ ရန်ကုန်၊ မန္တလေး အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုတွင် 4G Braodband  ၀န်ဆောင်မှုလုပ်ကိုင် ခွင့်ရရှိခဲ့သည့် Amara Commu-nications ကုမ္ပဏီသည် မေလ၂၅ ရက်၌ ရန်ကုန်မြို့တွင် လုပ်ငန်း စတင်နိုင်ခဲ့သည်။

Global Techology ကုမ္ပဏီ သည် 4G ကွန်ရက်အတွက် လှိုင်း နှုန်းစဉ်ရရှိရန် ကန်ဒေါ်လာ ခုနစ် သန်းကျော်သုံးစွဲထားပြီး Fortune  ကုမ္ပဏီက ဒေါ်လာခြောက်သန်း ကျော်သုံးစွဲထားသည်။

Top News