တောင်ကိုရီးယားတွင် ဆမ်ဆောင်း Galaxy Wide 3 စမတ်ဖုန်းအသစ် မိတ်ဆက်

ပြီးခဲ့သည့်လများက မျှော်လင့်ထားသည့်အတိုင်း ဆမ် ဆောင်းကုမ္ပဏီက Galaxy Wide နှင့် Wide 2 စမတ်ဖုန်းများ၏ အဆင့်မြှင့်တင်ထားသော ပုံစံအ သစ် Galaxy Wide 3 ကို တောင်ကိုရီး ယားနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။

Galaxy Wide 3 မျက်နှာ ပြင်အကျယ်သည် ၅ ဒသမ ၅ လက်မရှိပြီး ရုပ်ထွက် ၇၂၀ × ၁,၂၈၀ pixel ရှိသည်။ CPUကို 1.6 GHz octa-core အသုံးပြု ထားပြီး  ပရိုဆက်ဆာကို Exy hos 7870 Octa ချိပ်စ်ကိုသုံးထား သည်။RAM မှတ်ညဏ် 2GB သာ ရှိသော်လည်း အတွင်းပိုင်းသို လှောင်သိမ်းဆည်းနိုင်မှု ပမာဏ 32GB ရှိကာ အသေးစားမှတ် ဉာဏ် (SD) ထည့်သုံးနိုင်ပြီး 400 GB အထိ ထည့်သုံးနိုင်သည်။

Galaxy Wide 3 ကတ်ရှေ့ နှင့် နောက်ကင်မရာသည် 13 MP ရှိပြီး ဈေးနှုန်းအရကြည့်မည်ဆိုပါ က ကင်မရာ၏ မှန်ဘီလူးသည် အထင်ကြီးလောက်စရာ ဖြစ် သည်။

ဘက်ထရီသည် 3,300 mAh ကို သုံးထားပြီး OS အနေ ဖြင့် Andriod 8.0 Orea ကို သုံး ထားသည်။ ယင်းဖုန်းအသစ်ကို ၂၇၅ ဒေါ်လာဖြင့် ရောင်းမည်ဟု မျှော်လင့်ရပြီး တောင်ကိုရီးယား တွင် မေလ ၂၆ ရက် စတင်ဝယ်ယူ နိုင်သည်။

Galaxy Wide 3 ဖုန်းများကို ယခင်မော်ဒယ်များကဲ့သို့ ဆမ် ဆောင်းက တောင်ကိုရီးယားဈေး ကွက် တစ်ခုတည်းအတွက်သာ ရောင်းချဖွယ်ရှိနေသည်။

ယင်းဖုန်းတွင် ဆင်းမ်ကတ် နှစ်ခု ထည့်သုံးနိုင်ပြီး GSM အမျိုး အစားဖြစ်သည်။  ဆမ်ဆောင်း ကုမ္ပဏီသည် အက်ပ်ပဲလ်ကုမ္ပဏီ ထုတ် iPhone များ၏ ပုံစံအချို့ ပုံတူကူးယူနေသည်ဟု စွပ်စွဲခံ ထားရမှုနှင့်အတူ အမေရိကန်တွင် အမှုရင်ဆိုင်ရာ၌ အက်ပ်ပဲလ် ကုမ္ပဏီကို နစ်နာကြေးပေးခဲ့ရ သည်။ ၁၉၆၉ က တည်ထောင်ခဲ့ သော ဆမ်ဆောင်းကုမ္ပဏီသည် ကိုယ်ပိုင် Operating System ကို လည်း မိတ်ဆက်ထားသည်။

—Ref:GSM Area

Top News