မုန်တိုင်းငယ်အားလျော့သွားပြီ

ကုန်းတွင်းမုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားသွားခဲ့ပြီးတဲ့နောက် လေဖိအားနည်း ရပ်ဝန်းအဖြစ် ကို အားလျော့သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီကနေ့မွန်းလွဲပိုင်ကနေ နောက် ၂၄ နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုထားပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 

Top News