မုံရွာ အကျဉ်းထောင်အတွင်း ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်

 မုံရွာအကျဉ်းထောင်အ တွင်းရှိ ၀န်ထမ်းနေအိမ်တွင် ဘုရား မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ မုံရွာအကျဉ်းထောင်အတွင်း ၀န်ထမ်းနေအိမ်တစ်ခုတွင် မေလ ၂၉ ရက် ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

‘‘မီးလောင်မှုဖြစ်ပွားတဲ့ ၀န် ထမ်းနေအိမ်ပိုင်ရှင်တွေက မရှိ ဘူး။ ဘေးနေအိမ်လိုင်းခန်းနေသူ တွေက စသိတာ။ နံရံက မီးတွေ ထတောက်ပြီးလောင်တာ။ သူတို့ သိတဲ့အချိန်မှာ မီးစလောင်တဲ့ အခန်းက တော်တော်လောင်နေ ပြီ။ လေးခန်းတွဲနေအိမ်လိုင်းခန်း နှစ်လုံး၊ နောက်ထပ် လေးခန်းတွဲ နေအိမ်လိုင်းခန်းက အစွန်ဆုံးခန်း တစ်ခန်းဆိုတော့ နေအိမ်ခန်း ကိုး ခန်း မီးလောင်ဆုံးရှုံးခဲ့တာပါ။ မိုး တွေကလည်း ရွာနေတဲ့ အချိန် မှောင်မည်းပြီး မီးလောင်အား ကောင်းခဲ့လို့ မီးငြှိမ်းသတ်ခဲ့ရ တယ်’’ဟု ဦးညီညီဇော်က ပြော သည်။

မုံရွာအကျဉ်းထောင်အတွင်းအသက် (၃၄) နှစ်အရွယ် ဒုတပ် ကြပ်အဆင့်ဝန်ထမ်းနေထိုင် သော နေအိမ်ခန်းတွင် လျှပ်စစ်မီး ဖြင့် ဘုရားမီးပူဇော်ထားရာမှ အပူလွန်ကဲပြီး ဘုရားစင်အောက်ရှိ မွေ့ရာပေါ်သို့ ကူးစက်လောင် ကျွမ်းသဖြင့် ပေ ၄၀၊ ၁၅ ပေ သွပ်မိုး၊ ပျဉ်ကာ လေးခန်းတွဲအ ဆောက်အအုံ နှစ်လုံး၊ ၁၀ပေ၊ ၁၅ ပေ သွပ်မိုးပျဉ်ကာ အခန်း တစ်ခန်းနှင့် အတွင်းပစ္စည်းများအပါအ ၀င် ကာလတန်ဖိုးကျပ်သိန်း ၅၀ ကျော်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦး စီးဌာန မှတ်တမ်းများ၌ ဖော်ပြ ထားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ကိုးစီး၊ ရေသယ် ယာဉ် ငါးစီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် ၃၀ ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။

ထို့ကြောင့် မီးပေါ့ဆသူကို မုံရွာမြို့ မြို့မရဲစခန်းက မီးပေါ့ဆစွာအသုံးပြုမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

More in News Section

Top News