ကင်မရာပိုင်းအဆင့်မြှင့်ထားသည့် Samsung Galaxy A6+ စမတ်ဖုန်း ဈေးကွက်အတွင်း စတင်ရောင်းချ

 ကင်မရာပိုင်းအဆင့် မြှင့်တင်ထားပြီး  ဘေးပေါင်မဲ့ မျက်နှာပြင်တပ်ဆင်ထားသည့် Galaxy A6+ စမတ်ဖုန်းအသစ် ကို မေလနောက်ဆုံးပတ်ကစ၍ ပြည်တွင်း ဈေးကွက်တွင်စတင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း Samsung မြန်မာက သတင်းထုတ်ပြန် သည်။

‘‘Galaxy A6+ မှာသုံးစွဲသူ တွေရဲ့ အမှတ်တရအခိုက်အတန့် လေးတွေကို မှတ်တမ်းတင်ရိုက် ယူပြီး အများနဲ့မတူတဲ့ထူးခြားတဲ့ ပုံစံနဲ့ မျှဝေပေးစေနိုင်တဲ့ စွမ်း ဆောင်ရည်မြင့်ကင်မရာနဲ့အတူ နေ့စဉ်ဘ၀မှာ အဆင်ပြေလွယ်ကူ စေမယ့် စမတ်ဖုန်းနည်းပညာတွေ နဲ့အတူ ပေါင်းစပ်ဖန်တီးပေးထား ပါတယ်’’ ဟု Samsung မြန်မာ IT and Mobile ဌာနအကြီးအကဲကိုဇာနည်ဝင်းထက်က ပြောသည်။


ကျောဘက်ကင်မရာနှစ်ခု ပါဝင်သည့် Galaxy A6+ သည် Live Focus Mode အသုံးပြု၍ ဓာတ်ပုံမရိုက်မီဖြစ်စေ၊ ရိုက်ယူပြီး ဖြစ်စေ Depth Of Field နှင့် Booked Effect တို့ကိုချိန်ညှိကာထပ်မံတိုးမြှင့်ရိုက်ယူနိုင်မည်ဖြစ် ပြီး Dolby Atoms Optimized Audio ထည့်သွင်းပေးထားသည့် စပီကာများပါရှိသဖြင့် ရုပ်ရှင်များ၊သီချင်းများနှင့်အခြားသော အရာများကို ပတ်ဝန်းကျင်အတွင်း ပိုမိုပြတ်သားသော အသံထွက်နှုန်းဖြင့် နားဆင်နိုင်မည်ဖြစ်သည်။

‘‘Galaxy A6+ မှာဆိုရင် Samsung ရဲ့ Falgship ဖုန်းတွေ မှာ လွယ်ကူလျင်မြန်စွာဖုန်းကို လော့ခ်ဖွင့်နိုင်တဲ့မျက်နှာအသိအ မှတ်ပြုလုံခြုံရေးစနစ်နဲ့ လက်ဗွေ ရာစနစ်အစရှိတဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေကို ထည့် သွင်းပေးထားပါတယ်။ Always on Display ကြောင့်အချက်အ လက်တွေကို ဖုန်းဖွင့်နေစရာမလို တော့ဘဲ သိရှိနိုင်တာကြောင့် လည်း အချိန်နဲ့ဘက်ထရီနှစ်ခု စလုံးကို တစ်ပြိုင်တည်း သက်သာ စေပါတယ်’’ ဟု ကိုဇာနည်ဝင်း ထက်က ပြောသည်။

A6+ တွင် FHD+ ၆ လက်မ မျက်နှာပြင်တပ်ဆင်ထားပြီး ကျောဘက်တွင် 16MP နှင့် 5MP ရှိသည့် ကင်မရာနှစ်လုံးနှင့်ရှေ့ ဘက်တွင် 24 MP ကင်မရာတပ် ဆင်ထားကာ ဖုန်းအတွင်းမှတ် ဉာဏ် 32 GB နှင့် RAM 4GB ပါရှိပြီး မလုံလောက်ပါက SD Card ဖြင့် 256 GB အထိတိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Samsung Galaxy A6+ ကိုအနက်ရောင်၊ ရွှေရောင်နှင့် အပြာရောင်စသည် ဖြင့် အရောင်သုံးမျိုးရွေးချယ်နိုင် ပြီး ကျပ် ၄၉၉,၀၀၀ ဖြင့် ရောင်းချ မည်ဖြစ်သည်။

Top News