ပြင်ဦးလွင်အတက် ထုံးဘိုဖြတ်လမ်းတွင် E-Lite ယာဉ် လမ်းချော်တိမ်းမှောက်

တိမ်းမှောက်နေသော E-Lite ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − Aung Phyo)

ရန်ကုန်မှ ပြင်ဦးလွင် သို့ မောင်းနှင်လာသည့် E-Lite ယာဉ်သည် မေလ ၃၀ ရက် နံနက် က ပြင်ဦးလွင်အတက်ထုံးဘို ဖြတ်လမ်းတွင် လမ်းချော်တိမ်းမှောက်ခဲ့သည်။

ခရီးသည် ၂၀ ဦးလိုက်ပါလာ သည့် အဆိုပါယာဉ်လမ်းချော် တိမ်းမှောက်သော်လည်း ခရီး သည်တစ်ဦးမျှ သေဆုံးထိခိုက် ဒဏ်ရာရမှုမရှိကြောင်း E-Lite ယာဉ်လိုင်းက ထုတ်ပြန်သည်။

E-Lite ယာဉ်သည် ပြင်ဦး လွင်အတက် ထုံးဘိုဖြတ်လမ်း မန်ကျည်းချိုရွာ မင်္ဂလာတံတားအ ကွေ့တွင် မိုးသည်းထန်စွာရွာသွန်းထားချိန် လမ်းဘေးမြေသားလမ်း ပေါ် ရှေ့ဘီးကျွံကာ ညာဘက် ခြမ်းသို့ တိမ်းစောင်းလဲကျခြင်း ဖြစ်သည်ဟု ဆိုသည်။

‘‘မိုးကလည်း ရွာထားတော့ လမ်းက ချောနေတယ်။ လမ်းအ ကွေ့ကို လမ်းအဖြောင့်ထင်ပြီး မောင်းလိုက်လို့ ထင်တယ်။ ဒီနေ ရာက ဂငယ်ကွေ့ဖြစ်ပြီး လမ်းက အတက်နည်းနည်းရှိတဲ့အတွက် လမ်းကြောမသိတဲ့ ကားတွေ ခဏခဏမှောက်တာဖြစ်တယ်’’ဟု ယာဉ်တိမ်းမှောက်ရာသို့ သွား ရောက်ကူညီခဲ့သည့် ဖြူစင်မေတ္တာလူမှုရေးအသင်းမှ ကိုအောင်ဖြိုးက ပြောသည်။

အဆိုပါနေရာတွင် ယာဉ် မောင်းများ သတိပြုနိုင်ရန် ရောင်ပြန်အချက်ပြသင်္ကေတများတပ် ဆင်သင့်ကြောင်း ကိုအောင်ဖြိုး က အကြံပြုသည်။

ခရီးသည်များကို အရန်ယာဉ်ဖြင့် အိမ်အရောက်ပို့ဆောင်ပေးခဲ့ကြောင်း E-Lite ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Top News