e-Government အောင်မြင်စွာ အကောင်အထည်ဖော်ရေး ကြိုးပမ်းနေဟု မကွေးတိုင်း ၀န်ကြီးချုပ်ဆို

 မကွေးတိုင်းဒေသကြီး  အစိုးရအနေဖြင့်e-Government အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးနေ ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကပြော သည်။

အဆိုပါကိစ္စ အကောင်အ  ထည်ဖော်ရေးမကွေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ သက် ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိ သူများသည် မေလ ၃၀ရက်ကတိုင်းအစိုးရခန်းမတွင်  တွေ့ဆုံဆွေးနွေးသည်။


‘‘e-Goverment အကောင် အထည်ပေါ်ရေး ခြေလှမ်းစိပ်စိပ် မြန်မြန်လှမ်းပြီး ကြိုးပမ်းနေပါ တယ်။ ၀န်ကြီးချုပ်ရဲ့သဘောထား ကို မေးခွန်းထုတ်ချင်တာလား။ လ၀က ပုံစံ (၁၀)ဆိုတဲ့ ကိစ္စကို  စိစစ်ချင်တာလား ဒါတွေအားလုံး  ကိုမိမိရဲ့ လက်ကိုင်ဖုန်းလေးက တစ်ဆင့် လုပ်နိုင်အောင် တိုင်းဒေ သကြီးအစိုးရက ကြိုးစားနေပါ တယ်’’ ဟု ဒေါက်တာအောင်မိုး ညိုကဆိုသည်။

ထို့အပြင်နွေရာသီရေရှားပါး ပြတ်လပ်မှုများ၊ အသက် (၉၀)ဆယ်ကျော်  ဘိုးဘွားများအား ငွေကြေးထောက်ပံ့မှု ကိစ္စများ၊ ပညာရေးကိစ္စများကို လက်ကိုင် ဖုန်းမှတစ်ဆင့် အမြန်ဆုံးလုပ် ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

အစိုးရနှင့်ဆက်ဆံရာတွင် မကွေးတိုင်းရှိတောင်သူအများစု သည်၎င်းတို့၏ အခက်အခဲများ တင်ပြရာ၌ စာရေးသားမှုအခက်အခဲ၊ လိပ်မူပို့ဆောင်မှုအခက်အခဲ၊ အစိုးရရုံးတွင်ဝင်ရောက်မှုအဆင့် နားမလည်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မကွေးမြို့ခံဦးစိုးနိုင်က ဆိုသည်။

‘‘ခုလို လက်ကိုင်ဖုန်းကနေ အစိုးရကို ဆက်သွယ်လို့ရတဲ့စနစ် ကို ကြိုဆိုပါတယ်။ ဒါကခုခေတ် မှာသင်ယူလို့ လွယ်ကူမယ်၊ မြန် ဆန်မယ်။ အချိန်နဲ့သွားလာရတဲ့ ကိစ္စတွေကို ကျုံ့သွားမယ်။ အ ကောင်အထည်ပေါ်လာရင်လည်း  မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ လည်း ရင်ဆိုင်ရနိုင်တယ်လို့ မြင် မိပါတယ်’’ ၎င်းကသုံးသပ်ပြောဆို သည်။

e-Government အကောင် အထည်ပေါ်ရန် မကွေးတိုင်းအစိုး ရက ကြိုးပမ်းနေပြီး မေလ ၃၀ ရက်ညှိနှိုင်းအစည်းအဝေးပွဲအပြီးတွင် ၀န်ကြီးချုပ်သည် စတင်ဆောင်ရွက်နေသည့် e-Government ဗဟိုထိန်းချုပ်ခန်း စမ်းသပ်ချက်အချို့ကို ကြည့်ရှုခဲ့သည်။

Top News