NCA လက်မှတ် ထိုးနိုင်ရေး ဆက်ညှိရန် ရပ်တန့်နေသည့် အကြောင်း နှစ်ချက်ရှိဟု KNPP အတွင်းရေးမှူး(၂)ပြော

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးနိုင် ရေး ဆက်လက်ညှိနှိုင်းရန်ရပ်တန့် နေခြင်းသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တပ် ဖွဲ့ဝင်များသေဆုံးသည့်အမှုကိစ္စ မပြီးပြတ်သေးခြင်းက အဓိက အ ချက်ဖြစ်ကြောင်း KNPP အတွင်း ရေးမှူး(၂) ခူဒယ်နီရယ်ကပြော သည်။


ဒုတိယအချက်သည် အစိုးရ နှင့် NCA လက်မှတ်ထိုးပြီးသားအ ဖွဲ့များအကြား ဖြစ်ပွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုရှေ့မတိုးသာ၊ နောက် မဆုတ်သာအခြေအနေကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ KNPP အ နေနဲ့ကတော့ ဒီဇင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကလည်း မပြီး ပြတ်သေးဘူး။ အဓိကကအဲဒါပါ ပဲ’’ ဟု ခူဒယ်နီရယ်က မေလ ၃၁ ရက်တွင်ပြောသည်။

တပ်မတော်ယာဉ်တန်းကို တားဆီးမှုနှင့်ပတ်သက်ပြီး လွိုင် ကော်နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီကင်းစခန်းရှိ တပ်ဖွဲ့ဝင်သုံး ဦးနှင့် အရပ်သားတစ်ဦးသည် ဒေ သကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင် ကော်)တပ်ဖွဲ့ဝင်များ၏လက် ချက်ဖြင့် ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးခဲ့ရာ ယင်းကိစ္စကိုတပ်မ တော်ခုံအဖွဲ့က စစ်ဆေးနေသည်။ သို့ရာတွင် ဖြစ်စဉ်ဖြစ်ပွားရာ၌ လွတ်မြောက်ခဲ့သည့် KNPP တပ်ဖွဲ့ဝင်တစ်ဦး စစ်ဆေးရန် ကျန်နေသည့်အပေါ် ၎င်းတပ်ဖွဲ့ ၀င်ကို စစ်ဆေးခွင့်ရရေး KNPP ထံတောင်းဆိုထားသည်။

KNPP ကလည်း စစ်ဆေး ရေးအဖွဲ့တွင် KNPP ကိုယ်စား လှယ် (သို့မဟုတ်)အစိုးရနှင့်လွှတ် တော်မှ ကိုယ်စားလှယ်တစ်ဦးဦး ပါဝင်စစ်ဆေးရန် တောင်းဆိုထား သည်။

အစိုးရနှင့် KNPP တို့သည် NCA လက်မှတ်ထိုးနိုင်ရေး ဧပြီ ၂၆၊ ၂၇ ရက်တို့တွင် ကယားပြည် နယ်လွိုင်ကော်မြို့၌ တွေ့ဆုံဆွေး နွေးရာ KNPP အနေဖြင့် NCA တွင် အမြန်ဆုံးပါဝင်လက်မှတ် ထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းရန် သဘောတူညီခဲ့သည်။ ထို့အပြင် ကယားပြည်နယ်အစိုးရနှင့်KNPP အကြားလစဉ် ပုံမှန်တွေ့ဆုံ ဆွေးနွေညှိနှိုင်းရန် သဘောတူခဲ့ သည်။

ယင်းသဘောတူညီချက်အ ရ မေလ ၂၉ ရက်တွင် ပြည်နယ် အစိုးရ၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင် ကော်)မှ တာဝန်ရှိသူများနှင့် KNPP တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့သည်။

‘‘ဆွေးနွေးတာက ပြည်နယ် အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စ၊ တပ်သွားလာမှုကိစ္စတွေ အဲ ဒါတွေဆွေးနွေးတာပေါ့’’ ဟု ခူ ဒယ်နီရယ်ကပြောသည်။

ပြည်နယ်အစိုးရတာဝန်ရှိသူ များကလည်း NCA ထိုးနိုင်ရေး မည်ကဲ့သို့ ဆက်လက်ဆောင် ရွက်မည်ဆိုသည်ကို KNPP ကိုယ်စားလှယ်များထံ မေးမြန်းရာ ညှိနှိုင်းဆဲဖြစ်သည်ဟု တုံ့ပြန်ခဲ့ ကြောင်း ၎င်းကဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်တာဝန်ရှိသူများသည် မေလ ၁၂ ရက်ကလည်း KNPP ခေါင်း ဆောင်များနှင့် တွေ့ဆုံနိုင်ရေး မြန်မာ-ထိုင်းနယ်စပ်သို့ သွား ရောက်ရန် စီစဉ်သော်လည်း ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ညှိ နှိုင်းမှုအဆင်မပြေ၍ ရွှေ့ဆိုင်းခဲ့ရ သည်။