ငွေကြေးမသမာတောင်းခံရန် ကြံစည်သော စည်ပင်ဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေး
မေလ ၂၆ ရက် ညက စည်ပင်ဝန်ထမ်းဝတ်စုံများဝတ်ဆင်ကာ မန္တလေးမြို့ တံခွန်တိုင်အ၀ိုင်းအ နီးတွင် မော်တော်ယာဉ်များထံမှ ငွေကောက်ခံနေသည်ဟု သတင်းပေးတိုင်ကြားချက်များအရ အခွန်ဌာနနှင့် စည်ပင်သာယာရဲတပ် ဖွဲ့ တာဝန်ရှိသူများက ၎င်းတို့ကို
သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ငြိမ်းချမ်းအောင် က ပြောသည်။  ‘‘အယောင်ဆောင်တာတော့ မဟုတ်ဘူး။ စည်ပင်ဝန်ထမ်းပဲ။ ဒါပေမဲ့ သူတို့တာဝန်ကျတဲ့ နေရာလည်း မဟုတ်ဘူး။ ၀န်ထမ်းဝတ်စုံတွေဝတ်ထားပြီး မသမာမှုလုပ်ဖို့ရောက်နေတာပေါ့။ သူတို့က သုံးတန်အထက်ယာဉ်တွေဝင်လာတာကို ပိုက်ဆံကောက်ဖို့ ရောက်နေတာလို့ သိထားတယ်’’ ဟု ရဲမှူးငြိမ်းချမ်းအောင်က ဆို သည်။ ဖမ်းဆီးခဲ့သည့် စည်ပင်ဝန် ထမ်း လေးဦးတွင် အမြဲတမ်းဝန် ထမ်း သုံးဦးနှင့် ယာယီဝန်ထမ်း တစ်ဦးပါဝင်ပြီး စီမံ၊ လမ်းတံတား၊ အဆောက်အအုံနှင့် ကုန်ရုံဌာန များမှဖြစ်ကြောင်း ရဲမှူးငြိမ်းချမ်း အောင်က ပြောသည်။ ထို့အပြင် စည်ပင်ရဲတပ်သားတစ်ဦးလည်း ပါဝင်ပြီး ၎င်းကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ အရေးယူနိုင်ရန် အချုပ်ချထားပြီး သက်သေထွက်ချက်ယူနေကြောင်း ရဲမှူးငြိမ်းချမ်းအောင်က ဆိုသည်။
‘‘ရဲတပ်သားကတော့ ရဲစည်း ကမ်းအရ သူကျူးလွန်ခဲ့တဲ့ ပြစ်မှု အလိုက် ပြစ်ဒဏ်ကျခံရမှာပါ’’ဟု ၎င်းကပြောသည်။
စည်ပင်ဝန်ထမ်း လေးဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူ မည်ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ စီမံရေးရာ ဌာန ဌာနမှူးဦးစောထွန်းဦးက ပြောသည်။  ‘‘အမြင့်ဆုံးပြစ်ဒဏ်အဖြစ်  အလုပ်ထုတ်လို့ရတယ်’’ ဟု ၎င်းကဆိုသည်။
ဒေါက်တာရဲလွင် မန္တလေး မြို့တော်ဝန်အဖြစ် တာဝန်ယူ သည့် လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း စည်ပင်ဝန် ထမ်း ၁၁ ဦးကို ရာထူးမှ ထုတ် ပယ်ခဲ့ကြောင်း ဦးစောထွန်းဦးက အတည်ပြုသည်။
More in News Section
Top News