အားလပ်ရက်မှာ ဖတ်စရာ

အမြဲထွန်းလင်းတောက်ပနေမယ့် ကြယ်ပြာတစ်ပွင့်

လူပုဂ္ဂိုလ်အတ္ထုပ္ပတ္တိရေးကြ တဲ့အခါ ဖြစ်ရိုးဖြစ်စဉ် သမားရိုး ကျထက် ၀တ္ထုဟန်ဖွဲ့နွဲ့မှုကစာ ဖတ်သူကို ပိုပြီးဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ထင်ရှားတဲ့ စာရေးဆရာကြီးတွေ သူတို့ရဲ့ အတ္ထုပ္ပတ္တိရေးသားတဲ့အခါ ၀တ္ထု ဟန်ရေးလေ့ရှိပါတယ်။ ဒါကို ‘ပီမိုးနင်း၏ ပီမိုးနင်း၊ ဒဂုန်တာ ရာ၏ ဒဂုန်တာရာ၊ ဇ၀န၏ ဇ၀န’ ဆိုတဲ့ စာအုပ်တွေကအထင်အ ရှားပြသနေပါတယ်။ ယခု စာရေး ဆရာမောင်ကိုကို(အမရပူရ)က လည်း ဒါကိုသတိပြုမိပြီးဝတ္ထုဟန် အတ္ထုပ္ပတ္တိရေးသားလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဝတ္ထုဟန်အတ္တုပ္ပတ္တိ ကတော့ စာရေးသူအကြောင်း မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ စာနယ်ဇင်းသမိုင်းမှာ ထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာ ကြီးဦးဝင်းတင်ရဲ့ အတ္ထုပ္ပတ္တိပဲဖြစ် ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် ဖတ်ရတာပေါ့ပေါ့ပါးပါးရှိပေ မယ့် အကြောင်းအရာလေးနက် ခိုင်မာတဲ့ဦးဝင်းတင်အတ္ထုပ္ပတ္တိစာ အုပ်ကို ညွှန်းဆိုလိုက်ပါတယ်။


စာအုပ်မှာ အထက်ဖော်ပြ ပါအတိုင်း ကြို့ပင်ကောက်ဇာတိ ဖွားဦးဝင်းတင်ငယ်စဉ်ဘ၀ကနေ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘ၀၊ တက္ကသိုလ်တက်ရင်းသ တင်းစာအလုပ်ကို ၀ါသနာပါ လွန်းလို့ ၀င်ရောက်လုပ်ကိုင်ဖြစ် တဲ့အကြောင်း၊ ဒီနောက် စာပေ ဗိမာန်ရောက်၊ ဒီကနေ နိုင်ငံခြား စေလွှတ်ခံရကာ ပညာလေ့လာ သင်ယူခဲ့ပုံတွေကို ကနဦးဖတ်ရ ပါမယ်။ နိုင်ငံခြားက ပြန်ရောက် တော့လည်း စာနယ်ဇင်းလောက ထဲ တ၀ဲလည်လည်ဖြစ်ကာနိုင်ငံ ရေးလောကထဲ မသိမသာရောက် လာပုံတွေကိုလည်း ဖတ်ရပါ မယ်။ ရှစ်လေးလုံးအရေးတော်ပုံ ကြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့စည်းတဲ့အခါ နောက် ကနေ ဦးဆောင်လှုပ်ရှားခဲ့ပြီး စစ် အာဏာရှင်တွေရဲ့ ထောင်တွင်း အကျဉ်းချတာကို နှစ်ပေါင်း ၂၀ ခန့်အတွင်းကြံ့ကြံ့ခံဖြတ်သန်း ကာ ပြန်လည်လွတ်မြောက်လာ ချိန်မှာလည်း အယူအဆရေးရာ အရဆို တစ်ပြားသားမှ အလျှော့ မပေးခဲ့တာ ဖတ်ရပါမယ်။ 

ငယ်စဉ်ကလေးဘ၀မှာဗိုလ် ချုပ်အောင်ဆန်းနဲ့ ကြုံခဲ့ရပုံကို ‘ဗိုလ်ချုပ်အောင်ဆန်း ရေချိုးနေ သည်။ ၀င်းတင် ရေဆွဲထည့် ပေးနေသည်။ ဗိုလ်ချုပ်သည် ၀င်း တင်ကို အားနာဟန်လည်းမပြ။ ငဲ့ညှာဟန်လည်း မပြ။ သနားဟန် လည်း မပြ။ ရေကိုသာ တဗွမ်း ဗွမ်းခပ်ချိုးနေ၏။

ဝင်းတင်တို့အိမ်မှာ ဆပ်ပြာ မရှိ။ မျက်နှာသုတ်ပ၀ါမရှိ။ မရှိ သည့်အရာများကို မပေးနိုင်။ ဗိုလ်ချုပ်ကလည်း ‘‘ဆပ်ပြာမရှိဘူး လား’’ဟု မမေး။ မျက်နှာသုတ် ပ၀ါကို မတောင်း။ ရေကိုတော့ ၀အောင်ချိုးနေ၏။ ၀င်းတင်က ဗိုလ်ချုပ်အောင်ဆန်းကို စကား ပြောချင်လာသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့၏ စစ်တပ်ကိုလည်း ၀င်းတင်ကအား ကျသည်။ အာရှလူငယ်သင်တန်း သားဖြစ်ထားသော ၀င်းတင်အ တွက် စစ်ရေးလေ့ကျင့်ခန်းများနှင့် လည်း မဝေးကွာပါ။

‘‘ဗိုလ်ချုပ် ကျွန်တော်စစ်ထဲ ၀င်ချင်တယ်’’

ဝင်းတင်သည် သူ့ထက်သန် မှုကို ဗိုလ်ချုပ်ထံဖွင့်ချလိုက်၏။ ဗိုလ်ချုပ်က ဘာမှပြန်မပြောသေး။ ဗိုလ်ချုပ်အောင်ဆန်းသည် ၀င်း တင်ကို တစ်ချက်ကြည့်လိုက်၏။

‘‘မင်းကျောင်းနေလား’’

‘‘ဟုတ်ကဲ့။ ကျွန်တော်စာ သင်နေပါတယ်။ ခုနစ်တန်း အောင်ပြီးပြီ’’

ဗိုလ်ချုပ်သည် ရေလဲပုဆိုး ဖြင့် သူ့ကိုယ်ပေါ်မှ ရေမှုန်ရေမွှား များကို သုတ်နေ၏။ တစ်ချက် ငေးလိုက်သည်။

‘‘စာဆက်သင်။ စစ်တိုက် မယ့်လူတွေရှိတယ်။ စာတတ်တဲ့ သူတွေ အများကြီးလိုတယ်။ မင်း စာဆက်သင်ဦး’’

ဗိုလ်ချုပ်အောင်ဆန်းသည် ၀င်းတင်ကို ထိုစကားလေးကိုသာ ပြောလိုက်၏’ လို့ ရေးထားပါ တယ်။ ဒီလိုပဲ သတင်းစာလောက ထဲ ၀င်ရောက်လာပြီး အိုးဝေသ တင်းစာဖောင်ကိုင်ခဲ့တဲ့ အ ကြောင်းကို ‘၀င်းတင်သည်အိုးဝေ ကို ပြည်သူ့အိုးဝေဟု နာမည် ပြောင်းလိုက်၏။ စာလုံးလိုဂိုကို အကြီးကြီးလုပ်ပစ်လိုက်၏။

‘‘လူတစ်ယောက် အိုးဝေ သတင်းစာကိုကိုင်ဖတ်နေတယ်။ ပြည်သူ့အိုးဝေဆိုတဲ့ စာလုံးကြီး ဟာ ထင်းနေတာပဲ။ ဘာပြုလို့ အိုးဝေကို ကိုင်ဖတ်နေတာလဲ။ သူဟာ ဦးနုကိုထောက်ခံသူ၊ ဗိုလ် နေ၀င်းရဲ့ စစ်အစိုးရကို ဆန့်ကျင် တဲ့သူ၊ အဲဒီအဓိပ္ပာယ်ဗျ’’

ဝင်းတင်ကပြောသည်။

ပြည်သူ့အိုးဝေတွင် စာလုံး များကို ပြူးပြဲနေအောင်တင် သည်။ ဆောင်းပါး၊ သရော်စာ၊ ဝေဖန်ရေး၊ Title ကထင်းနေ၏။ ကြွနေ၏။ စာရေးဆရာများသည် ပြည်သူ့အိုးဝေမှာပင် ရေးကြ၏။ မြမျိုးလွင်၊ ဒဂုန်တာရာတို့သည် ပြည်သူ့အိုးဝေတွင် ကျေနပ်စွာ ရေးကြ၏။

‘‘ကျွန်တော်လည်း ရေး တယ်။ ၀င်းတင်နာမည်မဟုတ် ဘူး။ ဆော်တယ်။ ပစ်စလက်ခတ် ဆော်တာ။ ထိုးနှက်တာ၊ တည်မြဲ တွေကို ဆော်တာ’’

ဝင်းတင်ကပြောသည်။

‘‘ဦးဗဆွေကို ကျွန်တော်ရေး တယ်။ လူပျင်းကြီးလို့။ ဦးကျော် ငြိမ်းကို ပြုပြင်မရသူလို့ခေါင်းစဉ် တပ်လိုက်တယ်။ ဗိုလ်စကြာကို ဇီးကွက်လူလည်လို့ ရေးတယ်။ အချက်အလက်ကတော့ရအောင် ရှာတယ်။ အမှန်တွေဗျ။ ဒါပေမဲ့ ထိုးနှက်တာ။ Attack လုပ်တာ။ ပက်ပက်စက်စက် ဆော်တာ’’

ဝင်းတင်ကပြောသည်။ပြည် သူ့အိုးဝေ။ နိုင်ငံရေးသတင်းစာ သက်သက်။ စစ်အစိုးရကို ဆန့် ကျင်ကြောင်း ဖော်ပြချက်။ နိုင်ငံ ရေးအရ အထွတ်အထိပ်။။ လူ တိုင်းလက်ထဲမှာ အိုးဝေကိုကိုင် ထားကြသည်။

အိုးဝေမှ အိုးဝေ။

အိုးဝေ ပေါက်ပြီ’ လို့ ဖတ်ရ ပါမယ်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှာ ဦးဆောင်လှုပ်ရှားရင်း ထောင်နန်းစံရတဲ့အခါ ဘ၀ကို ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ ‘၀င်းတင်သည် ၁၉၉၃ က ထောင်ထဲတွင် သူ၏ဆောင်ပုဒ် ကို ဖော်ထုတ်၏။ မကျိုးပဲ့ရေး တရားသုံးပါးဟု သူ့ဆောင်ပုဒ်ကို ကမ္ပည်းထိုး၏။

(၁)စိတ်ဓာတ် မကျိုးပဲ့စေနဲ့။

(၂)ကျန်းမာရေး မကျိုးပဲ့စေနဲ့။

(၃)စုဖွဲ့မှု မကျိုးပဲ့စေနဲ့။

ဝင်းတင်သည် သူ့ဆောင်ပုဒ် ကို စာရွက်ပေါ်မှာ ရေးသား၏။ အခန်းအသီးသီး၊ အဆောင်အသီး သီး၊ တိုက်အသီးသီးသို့ ဖြန့်ဝေ ၏။ စစ်ထောက်လှမ်းရေးများ၊ ထောင်အာဏာပိုင်များက အ ကျဉ်းသားများ၏ စိတ်ဓာတ်ကို နည်းမျိုးစုံသုံး၍ ချိုးဖဲ့၏။

‘အာဏာရှင်တွေက ဖြစ်စေ ချင်တဲ့ပုံစံအတိုင်း ငါတို့မဖြစ်စေရ ဘူး။ မိမိကိုယ်ကို၊ မိမိစိတ်ကို မိမိ ကိုယ်တိုင် ထိန်းသိမ်းပဲ့ကိုင်နိုင်ရ မယ်’’

ဝင်းတင်က သူ့မိတ်ဆွေများ ကို ပြော၏။ ထောင်ထဲမှာ ဒုက္ခ မျိုးစုံ၊ မွန်းကြပ်မှုမျိုးစုံ၊ ငရဲမျိုးစုံ ကြုံတွေ့ရသည်။ ရဲဘော်ချင်း၊ မိတ်ဆွေချင်း၊ အစုအဖွဲ့ချင်း၊ သွေးစည်းညီညွတ်မှု ပြိုကွဲပျက်စီး တတ်၏။ ထိုအခါ သင်းကွဲ၊ အုပ် ကွဲဖြစ်တတ်၏။ အုပ်စုမှ ကွဲထွက် သွားသောအခါ ထင်ရာစိုင်းတတ် ၏။ တစ်ဗိုလ်တစ်မင်း လုပ်တတ် ၏။

‘‘စစ်အုပ်စု ဖြစ်စေချင်သလို ငါတို့ဟာ မဖြစ်စေရဘူးကွ။ စုဖွဲ့ မှုတွေ ကျိုးပဲ့လို့မဖြစ်ဘူး။ ညီ ညွတ်ရေးတွေ ပျက်သုဉ်းကုန်လို့ မဖြစ်ဘူး။ ငါဟာ အသက်အရွယ် ကြီးရင့်လာတော့ ထောင်ထဲမှာ ငါ့ကျန်းမာရေးက ကျိုးပဲ့သွားခဲ့ပြီ။ ငါ့စိတ်ဓာတ်မကျိုးပဲ့စေရဘူး။ ငါ တို့ စုဖွဲ့မှုမကျိုးပဲ့စေရဘူး’’ လို့ ရေးထားပါတယ်။

ပန်းချီမုတ်သုံရဲ့ ပြောင် မြောက်တဲ့ ခဲခြစ်ကောက်ကြောင်း နဲ့အတူ ထွက်လာတဲ့ယခုစာအုပ် ကို လ၀န်းရိပ်စာပေက တန်ဖိုး ၃,၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Top News