မူးယစ်ဆေးဝါးရောင်းဝယ်သည့် ကျူးကျော် အိမ်များကို ရှာဖွေ၊ မူးယစ်ဆေး အနည်းငယ်နှင့် လူရှစ်ဦးဖမ်းမိ

မူးယစ်ဆေးဝါးရောင်းဝယ်သည့် ကျူးကျော်အိမ်များကို ၀င်ရောက်ရှာဖွေနေစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

 မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ် ဇီးအုပ်ကျေးရွာရှိ မူး ယစ်ဆေးဝါးရောင်းနေသော ကျူး ကျော်အိမ်များကို ရဲတပ်ဖွဲ့နှင့် စည်ပင်ရဲများက ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါးအနည်းငယ်နှင့် လူရှစ်ဦး ဖမ်းမိကြောင်း အထက် မြန်မာပြည် မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်ဆန်းက ပြော ကြားသည်။

ဇွန်လ ၁ ရက်က လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်တွင် ဇီးအုပ် ကျေးရွာရှိ ကျူးကျော်အိမ်တစ်လုံး ၌ မူးယစ်ဆေးဝါးများ အသုံးပြုနေ သည့် ရုပ်သံဖိုင်နှစ်ခုတွေ့ပြီး နောက် ဇွန်လ ၂ ရက် နံနက် ၈ နာရီခန့်ကစတင်ကာ နယ်မြေခံရဲ မူးယစ်ရဲတပ်ဖွဲ့နှင့် စည်ပင်ရဲ အင်အား သုံးရာခန့်ဖြင့် ရှာဖွေ ဖမ်းဆီးခဲ့ သည်။ ကျေးရွာအတွင်း နေရာ အနှံ့အပြားတွင်မူးယစ်ဆေးဝါးရောင်းချရန် ဆောက်ထားသည့်အိမ်များတွေ့ရပြီး အိမ် ၁၂ လုံးကို မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ရှာဖွေကာ ကျူးကျော်အိမ်များဖြစ်၍ စည်ပင်သာယာက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ဒုရဲမှူးကြီး ကျော်ဆန်းက ပြောသည်။

‘‘အရင်တုန်းကလည်း အကြိမ်ပေါင်းမြောက်မြားစွာ ဖမ်း ဆီးခဲ့တယ်။ ဒါပေမဲ့ အမြစ်မပြတ် ဘူးဖြစ်နေတာပေါ့။ ဒါကို အမြစ် ပြတ်အောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်နဲ့ စည်ပင်သာယာ ရဲတပ်ဖွဲ့တွေ ပေါင်းပြီး အိမ်တွေကိုရှာတယ်။ ကျင့်ထုံးဥပဒေပုဒ်မတွေနဲ့အညီ ရှာတယ်။ မူးယစ်ဆေးဝါး သုံးစွဲ တဲ့ နေရာမှာ အသုံးပြုတဲ့ ဆက် စပ်ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ သိမ်းတယ်။ ကျူးရှိတဲ့ဟာတွေကို ဖျက်တယ်’’ဟု ဖမ်းဆီးမှုတွင် ပါဝင်သည့် မန္တလေးခရိုင် ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။ ရဲတပ်ဖွဲ့က  ဖမ်းဆီး စဉ် အသုံးပြုထားသည့် ဆေးထိုး အပ်များ၊ မူးယစ်ဆေးဝါး အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ၎င်းက ပြောသည်။

‘‘မူးယစ်ဆေးဝါးက စဉ် ဆက်မပြတ် ဆက်လက်ဖမ်းဆီး သွားမယ်။ တာရိုးဘက်တွေကို လည်း လွန်ခဲ့တဲ့လကတည်းက အဖွဲ့တွေနဲ့ ရှာဖွေတယ်။ ဒီနေ့ လည်း ရှာဖွေနေတယ်။ အခက် အခဲတွေက မျိုးစုံပေါ့။ တချို့ လည်း သတင်းကြိုရတာတွေရှိ တယ်။ မမိတာတွေရှိတယ်။ လူမိ ပြီး ပစ္စည်းသိမ်းဆည်းရတာလည်း ရှိတယ်။ အထိုက်အလျောက် အဟန့်အတားဖြစ်သွားမယ်’’ဟု ဒုရဲမှူးကြီး မျိုးအောင်က ပြော သည်။

မူးယစ်ဆေးဝါး ရောင်းဝယ် မှုဖြင့် နာမည်ကြီးနေသည့် နေရာ ကို ရဲတပ်ဖွဲ့ဝင်အများအပြားဖြင့် ဖမ်းဆီးသော်လည်း မူးယစ်ဆေး ဝါး အနည်းငယ်နှင့် လူရှစ်ဦးသာ ဖမ်းမိမှုအပေါ် ဒေသခံများက ဝေဖန်နေသည်။

မူးယစ်ဆေးဝါး ရောင်းဝယ် သည့် နေအိမ်များရှိနေ၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး  လုံခြုံမှုမရှိဟုခံစားရကြောင်း ဇီးအုပ်ကျေးရွာနေသူတစ်ဦးက ပြောသည်။

‘‘ကျွန်မလည်း ဒီဘက် ပြောင်းလာတာ ၁၀ ရက်လောက် ပဲရှိသေးတယ်။ အိမ်ချင်းကပ်နေ တော့ ကြောက်လို့ လာမနေဖြစ် ဘူး။ ဝယ်ထားတာတော့ ကြာပြီ’’ ဟု ၎င်းက ပြောသည်။

More in News Section

Top News