ပခုက္ကူတွင် အောင်စာရင်းလာကြည့်သည့် ကျောင်းသားနှစ်ဦး ယာဉ်မတော်တဆမှုဖြင့် သေဆုံး

ပခုက္ကူမြို့တွင် တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူ နှစ်ဦးသည် ယမန်နေ့ နံနက်က အောင်စာရင်း လာကြည့်စဉ် မြ ကန်သာလမ်း၌ ယာဉ်မတော်တဆဖြစ်၍ သေဆုံးခဲ့ကြောင်း ပခုက္ကူဒေသခံများကပြောသည်။

ဇွန်လ ၂ ရက် နံနက် ၁ နာရီ ကျော်က ၎င်းတို့သည် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်ရာ မျက်နှာ ချင်းဆိုင်မှလာသော ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ မင်းခန့် ကျော်နှင့် နောက်မှစီးနင်းသူ ကျော်မျိုးလင်းတို့ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှတ်တမ်း၌ ဖော်ပြထားသည်။

သေဆုံးသူနှစ်ဦးသည် (၁၇) နှစ်အရွယ်ရှိပြီး မင်းခန့်ကျော် သည် ရေစကြိုမြို့နယ် ပေါင်း လောင်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ကျော်မျိုးလင်းသည် ပခုက္ကူမြို့နယ် ရွှေတန့်တစ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း အခင်းဖြစ် ပွားရာအနီး နေထိုင်သူ ဒေသခံ များကဆိုသည်။

‘‘ကလေးတွေက အောင်စာ ရင်းထွက်မယ်ဆိုပြီး ရွာကနေ ၁ ရက်နေ့ ညနေ ၃ နာရီကျော်ကျော် လောက်က ထွက်သွားကြတာ။ သူငယ်ချင်းတွေနဲ့ စုသွားကြတာ။ အခုကားနဲ့ တိုက်မိလို့ ဆုံးသွား တယ်။ အလောင်းကိုလည်း ရွာ ပြန်သယ်လာတယ်’’ဟု ပေါင်း လောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြစမ်းကဆိုသည်။

မင်းခန့်ကျော်သည် တက္က သိုလ်ဝင်တန်းကို ပခုက္ကူမြို့ရှိပုဂ္ဂလိကကျောင်း၌ တက်ရောက် ကာ ပခုက္ကူမြို့တွင် ဖြေဆိုခဲ့ ကြောင်း၊ ယခုလ၌ မင်းခန့်ကျော်ကို မိဘများက သာသနာ့ဘောင်သွတ်သွင်းရန် ရည်ရွယ်ထား ကြောင်း ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မင်းခန့်ကျော်ကို မဆင်မခြင် ပေါ့လျော့မှုကြောင့် လူသေမှုဖြင့် ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့် ထားသည်။

More in News Section

Top News