ရန်ကုန်ကလေးဆေးရုံကြီးတွင် ၂ နှစ်အတွင်း ရိုးတွင်းခြင်ဆီ စတင်အစားထိုးကုသနိုင်ရန် မျှော်မှန်းထားဟုဆို

ကင်ဆာကုသအောင်မြင်ပြီးသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က ရန်ကုန်ကလေးဆေးရုံကြီး၌ ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ရန်ကုန်ကလေးဆေးရုံ ကြီးတွင် ကလေးကင်ဆာလူနာ များအတွက် ပထမဆုံး ရိုးတွင်း ခြင်ဆီ အစားထိုးကုသမှုကို လာ မည့် ၂ နှစ်အတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း အဆိုပါဆေးရုံကြီး ကလေးကင်ဆာဌာနမှ ကလေးကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာအေး အေးခိုင်ကပြောသည်။

‘‘အခုမှစပြီးတော့ စီမံချက် တွေကို စုစည်းနေတုန်းပဲရှိတယ်။ နေရာထိုင်ခင်း၊ ရောဂါရှာဖွေနိုင် မှု အဆင့်အတန်း၊ လိုအပ်တဲ့ အ ထူးပြုထားတဲ့သွေးတွေ ဒါတွေ အကုန်လုံး လိုအပ်ပါတယ်။ ဒါတွေ ဖြည့်ရဦးမှာဖြစ်တယ်။ ဒါဟာ ကျွန်မတို့အတွက် ပန်းတိုင် တစ်ခုလည်းဖြစ်တယ်။ ရောက် အောင်သွားရမယ်။ တစ်ချိန်မှာ တော့ လုပ်ရမယ်။ ဒါ အခုစမျှော် မှန်းနေတယ်ပေါ့’’ဟု ၎င်းကပြော သည်။


၂၀၂၀ တွင် အဆိုပါ ကုသမှုပြုလုပ်နိုင်ရန် ခန့်မှန်းထားပြီး လက်ရှိတွင် ရိုးတွင်းခြင်ဆီ အစား ထိုးကုသမှု မပြုလုပ်နိုင်သေးသဖြင့် ယင်းအစားထိုးကုသမှုကို လက်လှမ်းမီစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ဆောင်ရွက်နိုင် ပါက ကလေးကင်ဆာလူနာများ အနေဖြင့် ပြည်တွင်းမှာပင် ဆေး ကုသနိုင်ခြင်းနှင့် ကုသခွင့်ဆုံးရှုံး မှုမရှိတော့ခြင်း စသည့် အကျိုး ကျေးဇူးများ ဖြစ်ပေါ်နိုင်သည်။

မြန်မာနိုင်ငံတွင် အသက် (၁၄)နှစ်အောက် ကလေးလူနာ ဦးရေ တွက်ချက်လျှင် ကလေး ကင်ဆာ လူနာအသစ် တစ်နှစ် လျှင် ၁,၅၀၀ ဦးခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းလူနာများ၏ သုံးပုံတစ်ပုံ (၅၀၀ ဦး)ခန့်သာ လာရောက်ဆေးကုသမှု ခံယူနေ ကြောင်း ဆေးမှတ်တမ်းများ၌ ဖော်ပြသည်။

 လက်ရှိ ရန်ကုန်ကလေး ဆေးရုံကြီးတွင် ကလေးကင်ဆာ အတွင်းလူနာ ၇၅ ဦးခန့် နေ့စဉ် တက်ရောက် ကုသမှုခံယူနေပြီး ပြင်ပလူနာ နေ့စဉ် ၄၀ ဦးမှ ၆၀ ဦးကြား ကုသပေးနေသည်။

 ရန်ကုန်ကလေးဆေးရုံကြီး တွင် ယခုနှစ် ဇန်နဝါရီ ၂၇ ရက်က ကလေးကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကလေးအသည်းအစားထိုးမှုကို ယခုနှစ်အတွင်း ပထမဆုံး ပြုလုပ်နိုင်တော့မည်ဖြစ် သည်။

More in News Section

Top News