မြိုင်တွင်ရေစီးသန်မှုကြောင့် ခရီးသွားများ အခက်အခဲဖြစ်၊ မီးသတ်တပ်ဖွဲ့က ကူညီ

လမ်းကိုယာယီပြုပြင်ထား၍ ကားကြီး၊ ကားငယ်များပြန်လည်သွားလာနိုင်
လင်းကတောနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများခရီးသွားလွယ်ကူစေရေး ကြိုးတန်းများဆောင်ရွက်ပေးစဉ် (ဓာတ်ပုံ − Myanmar Fire Force -Myaing)

 ရေစီးအားမနိုင်၍ ရေ ပြွန်ကျိုးပေါက်သွားသဖြင့် ခရီး သွားပြည်သူများ အခက်အခဲဖြစ် ပေါ်သည့်ဖြစ်စဉ် မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောကျေး ရွာနှင့် တောကျေးရွာအကြားယ မန်နေ့က ဖြစ်ပွားခဲ့သည်။ 

ခရီးသွားပြည်သူများ ရေ စီးတွင်ပါမသွားစေရန်မြို့နယ် မီး သတ်တပ်ဖွဲ့ဝင်များက ကြိုးများ ချည်ကာ လမ်းကူးရာတွင်ကူညီ   ပေးခဲ့ကြောင်း လင်းကတောမီး သတ်တပ်ဖွဲ့မှ လက်ထောက်ဦး စီးမှူး ဦးအောင်သူက ပြောသည်။ 

သို့သော်လမ်းကို ယာယီ ပြုပြင်ပြီးဖြစ်၍ ကားကြီး၊ ကား ငယ်များပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

‘‘အခုကျောက်ကြီးတွေချပြီး  ဘက်ဟိုးနဲ့ကြိတ်ပြီး လမ်းပျက်တဲ့ နေရာမှာ ယာယီလုပ်ထားတယ်။  သွားလို့ရနေပါပြီ။ မိုးကတောက် လျှောက်ရွာတော့ လယ်တွေ လည်း ရေလျှံပြီးရေကျော်လုပ် ထားတာပါပျက်သွားလို့ပါ’’ ဟု မြိုင်အမတ် ဦးသက်နိုင်က ပြော သည်။ 

ယခုရက်ပိုင်း အဆိုပါ ဒေသတွင် မိုးများခြင်းကြောင့် ဇွန်လ ၃ ရက်၌ ပင်လင်းကတော ကျေးရွာနှင့် ရေစကြိုမြို့နယ် ကြားတွင် လည်းကောင်း၊ လင်း ကတောနှင့် မြိုင်မြို့နယ်ကြားတွင်လည်းကောင်းလမ်းပျက်ခြင်းများဖြစ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ၂၀၁၁ခန့်ကလည်း ဖြစ်ဖူးကြောင်း လင်းကတောကျေးရွာနေ မဇင်မာက ပြောသည်။ 

ရေစီးသန်မှုကြောင့်ကား ကြီး၊ ကားငယ်များနှင့် ခရီးသွား ပြည်သူများအခက်အခဲဖြစ်ပေါ် နေခြင်းကြောင့် မြိုင်မြို့နယ်မီး သတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ လင်းကတောနယ်မြေမီးသတ် စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် လေး ဦး၊ အရန်တပ်ဖွဲ့ဝင် ခြောက်ဦးတို့ဖြင့် ကြိုးတန်းများ ပြုလုပ်၍ ပြည်သူ များ ခရီးသွားလွယ်ကူစေရေး ကူညီဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါလမ်း တည်ဆောက် ခဲ့သော မြတ်နိုးသူကုမ္ပဏီက ယာ ယီလမ်းသွားလာနိုင်ရန် ကျောက် ခဲများ၊ ဘက်ဟိုးများဖြင့် ကူညီ လမ်းပြုပြင်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။ 

More in News Section

Top News