စင်ကာပူမှလာသည့် လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်နှင့်တိုက်မိ

စင်ကာပူမှ ထွက်ခွာလာ သည့် Jetstar လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ဆင်းသက်စဉ် ခိုငှက်နှစ်ကောင်နှင့်တိုက်မိ၍ လေယာဉ်ရှေ့၌ တပ်ဆင်ထားသည့် ရာသီဥတုအချက်ပြစနစ် ထိခိုက်ခဲ့ကြောင်း လေကြောင်းညွှန် ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွန်းအောင်က  ပြော သည်။

ယင်းလေယာဉ်သည် ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် တွင် ဆင်းသက်စဉ် ထိုသို့ဖြစ်ပွား သော်လည်း ထိခိုက်မှုမရှိကြောင်း  ၎င်းက ပြောသည်။

‘‘သူတို့လေကြောင်းလိုင်းက နောက်ထပ် လေယာဉ်တစ်စီးလာ တယ်။ အင်ဂျင်နီယာတွေပါလာ တယ်။ စစ်ဆေးပြီးတာနဲ့ ပြန် တက်မှာပါ’’ ဟု ဦးရဲထွန်းအောင် က ပြောသည်။

ရန်ကုန်လေဆိပ်မှ စင်ကာ ပူလေဆိပ်သို့ ပြန်လည်ထွက် ခွာနိုင်မည့်အချိန်ကို မသိရသေး ကြောင်း ၎င်းကဆိုသည်။ သို့ သော် စင်ကာပူလေဆိပ်တွင် ရန်ကုန် သို့ ပြန်လည်ထွက်ခွာမည့် Jetstar လေယာဉ်ခရီးစဉ်ကြန့်ကြာမည် ဟု ကြေညာထားကြောင်း စင် ကာပူအခြေစိုက် ဆိုရှယ်မီဒီယာ များတွင် ဖော်ပြထားသည်။

Jetstar လေကြောင်းလိုင်း သည် စင်ကာပူအခြေစိုက်ဖြစ်ပြီး စရိတ်သက်သာ လေကြောင်း လိုင်းဖြစ်သည်။

More in News Section

Top News