ဒီချုပ်နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဆွေးနွေးမည့်အကြောင်းအရာကို ကန့်သတ်မထား

ပါတီညီလာခံ ကျင်းပရေးကော်မတီ အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ − National League for Democracy / fb)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဒုတိယအကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင် ဆွေးနွေး မည့် အကြောင်းအရာကို ကန့် သတ်မထားဘဲ ညီလာခံကိုယ်စား လှယ်များ တင်သွင်းသည့်အပေါ် မူတည်၍ ဆွေးနွေးမည်ဖြစ် ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ 


‘‘သူတို့တင်သွင်းလာတဲ့အ အပေါ် မူတည်ပြီး ဝိုင်းဝန်းဆွေး နွေးလို့ရမှာပါ။ ဘာတွေတင်လာ မယ်ဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ကျွန်တော်တို့က ဘာ တွေ ဆွေးနွေးပါမယ်လို့တော့ ချ မပေးထားပါဘူး’’ဟု ၎င်းက ပြော သည်။ 

ညီလာခံကို ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ယခုလ ၂၃ နှင့် ၂၄ ရက်၌ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တစ်နိုင်လုံးမှကိုယ်စား လှယ် ၁,၅၀၀ ခန့် တက်ရောက် မည်ဟု ခန့်မှန်းထားသည်။ 

ညီလာခံသို့ တက်ရောက် မည့် ကိုယ်စားလှယ်ရွေးချယ်မှုပုံစံ ကို အောက်ခြေက အဆင့်ဆင့်ရွေး ချယ်ပေးသည့် ပုံစံအဖြစ် ပြောင်း လဲထားပြီး လက်ရှိတွင် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် ကိုယ်စား လှယ်ရွေးချယ်ရေး လုပ်ငန်းစဉ် များ ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ 

‘‘လာမယ့် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်၊ ခရိုင်၊ တိုင်း တွေက ညီလာခံကိုယ်စားလှယ် စာရင်းတွေ ပို့ရပါမယ်။ အဲဒါပြီး တော့မှ ကြိုတင်ပြင်ဆင်စရာရှိ တာတွေ ဆက်ပြီး ပြင်ဆင်မယ်’’ ဟု ၎င်းက ပြောသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန် ဆောင်ရွက်ခွင့်မရှိသည့် ခေါင်း ဆောင်များမှ လွဲ၍ ပါတီထိပ်ပိုင်း ခေါင်းဆောင်များအားလုံး ညီလာ ခံတက်ရောက်မည်ဟု ဒေါက် တာမျိုးညွန့်က ဆက်လက်ပြော သည်။ 

ဒီချုပ်သည် ပြီးခဲ့သည့် လအ နည်းငယ်အတွင်းက ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းထားသည်။ သို့သော် လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ပါတီ ဥက္ကဋ္ဌနေရာကို အစားထိုးတာဝန် ပေးထားခြင်းမရှိဘဲ သမ္မတ ဦးဝင်း မြင့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်ကို ဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ပေးခဲ့သည်။ 

ထို့ကြောင့် ယခုကျင်းပမည့် ဒီချုပ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီ လာခံကို ပါတီဒုတိယဥက္ကဋ္ဌ(၂) ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ဦးဆောင်ကျင်းပရမည် ဖြစ်သည်။ ၂၀၁၃ က ကျင်းပ သည့် ဒီချုပ်ပထမအကြိမ် နိုင်ငံ လုံးဆိုင်ရာ ညီလာခံကို ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဦး ဆောင်ကျင်းပခဲ့သည်။ 

မြန်မာ့နိုင်ငံရေးလေ့လာသူ အချို့က ဒီချုပ်အနေဖြင့် ပါတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင် မြှောက်သည့် ပုံစံဖြင့် တည် ဆောက်သင့်ကြောင်း အကြံပြုမှု များရှိသော်လည်း လာမည့်ညီလာ ခံတွင် ပါတီအလုပ်အမှုဆောင်အ ဖွဲ့အဆင့်ဆင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး ပါဝင်မည်မဟုတ်ဟု ဒေါက်တာမျိုးညွန့်က ပြောကြား ထားသည်။ 

More in Politics Section

Top News