တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးလျက်ရှိ

အမှတ်စာရင်းကို ရုံးဖွင့်ရက် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။ (ဓာတ်ပုံ − နစ်ကီ)

 ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်းများကို မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ၄ ရက်တွင် စတင်ထုတ်ပေးနေ သည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ)နှင့် နေ ပြည်တော်၊ ရုံးအမှတ်(၅၂)တို့တွင် ဖြေဆိုသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လာရောက်ထုတ်ယူနိုင် ပြီး အမှတ်စာရင်းတောင်းခံရာ တွင် ဖြေဆိုသူ၏အမည်နှင့် ခုံနံပါတ် လိုအပ်သည်။


‘‘ရန်ကုန်စာစစ်ဦးစီးဌာနမှာဆို ရန်ကုန်တိုင်းဒေသကြီးနဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေအတွက် အဆောင်တစ် ဆောင်စီ ခွဲပြီး ချက်ချင်းထုတ်ပေးနိုင်အောင် လုပ်ထားပေးပါ တယ်’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက် တာ သိန်းဇံကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဖြေဆိုသူများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ် နယ်မြေ) ဇွဲကပင်ဆောင်တွင် အ မှတ်စာရင်းထုတ်ပေးနေပြီး အ ခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များအတွက် မေခဆောင်တွင် ထုတ်ယူရမည်ဖြစ်သည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) တွင်အမှတ်စာရင်း ထုတ်ပေးသည့် ကောင်တာ ၂၀ ဖွင့်ထားပြီး ပျမ်းမျှအားဖြင့် တစ်မိနစ်အတွင်းကျောင်းသားနှစ်ဦး၏ အမှတ်စာ ရင်းထုတ်ပေးနိုင်ရန် စီမံထားသည်ဟု ဒေါက်တာသိန်းဇံကဆိုသည်။

ဇွန်လ ၄ ရက်ကစကာ ရုံးဖွင့် ရက် နေ့စဉ် နေ့လယ် ၂ နာရီအထိအမှတ်စာရင်းများ ထုတ်ယူနိုင်ပြီး အမှတ်စာရင်း တောင်းခံလွှာနှင့် တံဆိပ်ခေါင်းဖိုး ကျပ် ၄၀၀ ပေးသွင်းရမည်ဖြစ်သည်။

‘‘ဒီတစ်ပတ်ထဲ ပေးမယ်ကြား လို့ မနက်ကတည်းက သွားစောင့် နေတာ။ နယ်က ညီမလေးနှစ် ယောက်အတွက် လာထုတ်ပေး တာ ချက်ချင်းရလာတယ်။ တစ် ယောက်ကို ဖောင်ဖိုး ၄၀၀ ပဲ ပေး ရတယ်’’ဟု ကိုယ်စားအမှတ်စာ ရင်းလာထုတ်ပေးသူ မနှင်းပွင့်ဖြူ က ပြောသည်။

 ယခုနှစ်တွင် ရုံးတွင်း ဝန် ထမ်းများက ငွေကြေးရယူကာ အမှတ်စာရင်း ထုတ်ယူပေးခြင်း မျိုး မရှိစေရန် စီစဉ်ထားပြီး မိဘ ပြည်သူများကလည်း နိုင်ငံတော် သို့ ကျပ် ၄၀၀ ပေးသွင်းကာ အမှတ်စာရင်း ကိုယ်တိုင်ထုတ်ယူ ရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က မေတ္တာရပ်ခံထားသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများကို ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ပြီး တစ်နိုင်ငံ လုံး အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။

Top News