သွေးကင်ဆာရောဂါကုသအောင်မြင်သူ တက္ကသိုလ်ဝင်စာမေးပွဲ၌ လေးဘာသာဂုဏ်ထူးရရှိ

 သွေးကင်ဆာရောဂါကု သအောင်မြင်ခဲ့သူ ကျောင်းသူ တစ်ဦးသည် ယခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နေ အသက်(၁၆)နှစ်အရွယ် မဖြူစင် မိုးအောင်သည် လွန်ခဲ့သော လေး နှစ်ခန့် ဆဋ္ဌမတန်းကျောင်းသူ ဘဝမှစတင်၍ သွေးကင်ဆာရော ဂါ ခံစားခဲ့ရကာ ၂၀၁၇ သြဂုတ် ထိ ဆေးသောက်သုံးနေရသည်။ ယင်းနောက်တွင် ရောဂါသက် သာပျောက်ကင်းပြီး ကင်ဆာရော ဂါကုသအောင်မြင်ခဲ့သူ ဖြစ်လာ သည်။


‘‘ရောဂါဖြစ်တော့ ကျောင်း ခဏခဏပျက်တယ်။ စာမေးပွဲကို ဆေးရုံမှာပဲ ဖြေလိုက်ရတာမျိုး တွေလည်းရှိတယ်။ ကိုးတန်းတုန်းကလည်း သုံးလလောက်ပဲ ကျောင်းတက်လိုက်ရတယ်။ ဆယ်တန်းတုန်းကလည်း ပထမ သုံးလ(ဇွန်၊ ဇူလိုင်၊ သြဂုတ်)ထိ ကို ရိုးတွင်းခြင်ဆီဆေးကို သောက်နေရတုန်း။ သုံးနှစ်ကျော်ကျော် ကုခဲ့ရတယ်။ အခုဆိုရင်တော့ ရောဂါ လုံးဝကင်းစင်သွားတာ ပေါ့။ ရိုးတွင်းခြင်ဆီလည်း နိုင်ငံ ခြားပို့ပြီး ပြန်စစ်တယ်။ လုံးဝ ရောဂါကင်းစင်ပါပြီဆိုပြီး အခုဆို ဘာဆေးမှ မသောက်ရတော့ပါ ဘူး။ ဒါပေမဲ့ ပုံမှန်ပြန်ပြ၊ သွေးစစ် ရတာမျိုးရှိတယ်’’ဟု မဖြူစင်မိုး အောင်၏ဖခင် ဦးဇော်မိုးအောင် က ပြောသည်။

 မဖြူစင်မိုးအောင်သည် Acute Lymphocytic Leukemia (ALL) ဖြစ်ပွားသော်လည်း ၎င်း တွင် ဖြစ်ပွားသော ALL သည် ရှားပါးပြီး ခက်ခဲသော သွေးကင် ဆာအမျိုးအစားဖြစ်ကာ အခြား ကလေးများနှင့်မတူသော ဆေး တစ်မျိုးထည့်၍ ကုသရသည်။

‘‘သူ့ရောဂါက နည်းနည်း ဆန်းတယ်။ သူများထက်စာရင် ဆေးအပိုတစ်မျိုးပါ ထပ်သောက် ရတယ်။ သူ့ရောဂါကို အသေး စိတ်စစ်ဆေးပေးနိုင်ခဲ့တယ်။ နိုင်ငံ ခြားပို့စစ်ဆေးခဲ့တယ်။ အဲဒီအတွက်ကိုလည်း တည့်တဲ့ဆေးကို ထည့်ပေးနိုင်ခဲ့တယ်။ အခုချိန်မှာ တော့ အောင်မြင်သူအနေနဲ့ ဝမ်းသာဂုဏ်ယူဖွယ် ဖြစ်သွားပါ တယ်’’ဟု ရန်ကုန်ကလေးဆေးရုံ ကြီး ကလေးကင်ဆာဌာနမှ ကလေးကင်ဆာ အထူးကုဆရာ ဝန်ကြီး ဒေါက်တာအေးအေးခိုင် က ပြောသည်။

အဆိုပါ ALL ရောဂါသည် အချိန်ကာလအားဖြင့် သုံးနှစ်ကြာအောင် ကုသရပြီး သွေးနှင့်ဆိုင်သောရောဂါများထဲတွင် ကုသမှုအကောင်းဆုံး၊ အောင်မြင်မှုအ များဆုံးရှိသည်။

ကမ္ဘာတွင် ကုသအောင်မြင် နှုန်း ၉၉ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင်မူ ယင်းရောဂါ ကုသအောင်မြင်နှုန်း ၆၀ ရာခိုင်နှုန်းရှိ သည်။

မဖြူစင်မိုးအောင်သည် ငယ် ရွယ်စဉ်ကတည်းကပင် စာထူးချွန် ကာ စတုတ္ထတန်းထူးချွန်စာမေးပွဲ ၌ မြို့နယ်တတိယဆုရရှိခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ၌ လေး ဘာသာဂုဏ်ထူး (သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ အမှတ်ပေါင်း ၄၉၀) ရရှိအောင်မြင်ခဲ့သည်။

Top News