အခမ်းအနားတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းကြမယ်

ဘာဝဝန်းကျင် ထိခိုက်ပျက်စီးစေတတ်တဲ့ အရာတွေထဲမှာ ဆွေးနွေးပွဲများ၊ သင်တန်းများလည်း ပါဝင်နေကြောင်းပြော လိုက်ရင် ဟုတ်ပါ့မလားလို့ မေး ကြဖွယ်ရှိပါတယ်။
တကယ်ဟုတ်ပါတယ်။ ပြီး ခဲ့တဲ့နှစ်တွေအတွင်း ကြုံတွေ့ရသ မျှပွဲများမှာ ဒီအချက်ကို သတိ ထားမိတာပါ။ လျှော့သုံး၊ ပြန်သုံး၊ ပြုပြင်ပြီးသုံး (Reduce, Reuse, Recycle) ဆိုတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလေ့အကျင့်တွေ ကို ပွဲလမ်းသဘင်တွေမှာ မဖြစ်မ နေ ကျင့်သုံးရမယ်လို့တော့ မဆို လိုပါ။ သို့သော်လည်း ဒီအလေ့အ ကျင့်တွေဟာ ခဲရာခဲဆစ် လုပ် ကိုင်ရတာ မဟုတ်တဲ့အတွက် လိုက်နာဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းလိုပါတယ်။ ဒီလိုလိုက် နာသူဟာ သဘာဝပတ်ဝန်းကျင် ကို တာဝန်သိသိ ထိန်းသိမ်းသူ ဖြစ်လာပါလိမ့်မယ်။

အမှိုက်လျှော့ချခြင်း
လျှော့သုံး၊ ပြန်သုံး၊ ပြင်ပြီး သုံးဆိုတဲ့ လှုံ့ဆော်ချက်က ပေါ် လာတာ ကြာပြီဖြစ်တဲ့အတွက် ဒီ လှုံ့ဆော်ချက်နဲ့ မစိမ်းကြပါဘူး။ လူအများအပြားကို နေရာထိုင် ခင်းပေးတဲ့ အခမ်းအနားတွေက ဘာများ မှားနေလို့လဲ၊ ပတ်ဝန်း ကျင်ကို ဘယ်လိုထိခိုက်သွားမှာ လဲဆိုပြီး မေးခွန်းထုတ်စဉ်းစား ကြည့်လိုက်ရင် ပလတ်စတစ် ရေ ပုလင်းတွေ ကို အရင်ဆုံးမြင် ယောင် ကြပါလိမ့်မယ်။ ဟုတ်ပါ တယ် ...။ ဒီနေ့ခေတ် ပွဲသဘင်အ ခမ်းအနား ကြီးငယ်မရွေးမှာ သေချာပေါက် တွေ့ရမှာကတော့ ရေပုလင်းတွေပါပဲ။ ဒီပုလင်းတွေ ဟာ သုံးပြီးရင်  အမှိုက်ဖြစ်သွားမှာ ပါ။ လူ ၅၀ တက်တဲ့ပွဲမှာ အဲဒီ နေ့အတွက် ပုလင်းအမှိုက် ၅၀ ထွက်နိုင်ပါတယ်။ အဲဒါဟာ ပမာ ဏမနည်းတဲ့ အမှိုက်ပါပဲ။

ပုလင်းတွေ ချပေးမယ့်အ စား ရေရှည်အသုံးပြုလို့ရတဲ့ခွက် တွေထဲ ရေလိုက်ဖြည့်ပေးမယ်ဆို ရင် အမှိုက်ထွက်နှုန်းကို လျှော့ချ နိုင်ပါလိမ့်မယ်။ ရေပုလင်းရောင်း သူတွေ၊ ခန်းမငှားစားတဲ့ လုပ်ငန်း ရှင်တွေကတော့ သူတို့အမြတ်ပိုရ တဲ့ ရေပုလင်းကိုပဲ သုံးစေချင်ကြ မှာပါ။ သို့သော်လည်း ပွဲစီစဉ်သူ တွေက ရေပုလင်းကို ငြင်းပယ် ခွင့်ရှိတယ်။ ငြင်းပယ်သင့်တယ်ဆို တာတွေကိုလည်း မေ့မထားသင့် ပါဘူး။

စက္ကူ (သို့မဟုတ်) ပလတ်စ တစ်နဲ့ လုပ်ထားတဲ့ တစ်ခါသုံး ရေ ခွက်တွေကို သုံးရင်လည်း အမှိုက် ထွက်နှုန်း တိုးနိုင်ပါတယ်။ ဆေး ကြောပြီး ပြန်သုံးလို့ရတဲ့ခွက်တွေ က ပိုသင့်တော်မှာပါ။

ကျွေးမွေးဧည့်ခံရာမှာလည်း အမှိုက်ထွက်နှုန်းလျော့ရေး စဉ်း စားသင့်ပါတယ်။ ဟင်းပန်းကန် တွေထဲ ကျန်ရစ်နေတာတွေက အမှိုက်ပုံးထဲ ရောက်သွားတတ်ပါ တယ်။ ဘူဖေးလို့ခေါ်တဲ့ ကြိုက်သ လောက် ယူစားတဲ့နည်းကို သုံး မယ်ဆိုရင် ပိုတဲ့ဟင်းတွေကို အိမ် ပြန်သယ်သွားလို့ရသလို လိုအပ် နေသူတွေကို လှူဒါန်းလို့ရပါ တယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာ တဖြစ်တဲ့ ဆွေးနွေးပွဲ  Environment Friendly Meeting ဆိုပြီး အင်တာနက် စာမျက်နှာတွေမှာ ရှာဖွေဖတ်ရှုမယ်ဆိုရင် အခမ်းအ နား၊ သင်တန်း၊ ဆွေးနွေးပွဲတွေမှာ ကိုယ်တိုင်ယူစားစနစ်ကို ကျင့်သုံး သင့်ကြောင်း တိုက်တွန်းထားတာ တွေ့ရပါလိမ့်မယ်။ အမှိုက်လျှော့ ချနိုင်တဲ့စနစ်ပါ။ အဆာပြေကျွေး ချိန်မှာလည်း အမှိုက်လျှော့ချတဲ့ နည်းတွေ ရှိပါတယ်။ တစ်ခွက်စာ ကော်ဖီမစ်ထုပ်၊ ပလတ်စတစ်နဲ့ တစ်ခုချင်းစီ ထုပ်ပိုးထားတဲ့မုန့် တွေက  အမှိုက်ပိုထွက်ပါလိမ့် မယ်။ အမှိုက်ထွက်တာချင်းအ တူတူ ဆိုရင်တောင် ပတ်ဝန်းကျင် ပိုပြီး ပျက်စီးစေတဲ့အမှိုက်ကို ပိုပြီး ရှောင်ရှားသင့်တယ် မဟုတ်လား။

ပွဲမတိုင်ခင် အမှိုက်ဖြစ်သွား တတ်တာကတော့ ဖိတ်စာတွေ ပါပဲ။ ရန်ကုန်မှာ အထိန်းသိမ်းခံ နေရတဲ့ Reuters သတင်းဌာန သတင်းသမားနှစ်ယောက် လွတ် မြောက်ရေး ကာတွန်းပြပွဲတစ်ခု လုပ်ဖို့ မကြာသေးခင်က စီစဉ်ချိန် မှာ ကာတွန်းဆရာ အော်ပီကျယ် ကို ပွဲဖိတ်စာပို့လိုက်မယ်လို့ ဖုန်း ဆက်ပြောမိပါတယ်။ သူက ...  ဖိတ်စာပို့လည်း အမှိုက်ပုံးထဲ ရောက်သွားနိုင်တယ်။ အင်တာ နက်က နေပဲ လှမ်းဖိတ်လိုက်ပါလို့ ပြန်ပြောပါတယ်။ ဒီကာတွန်းဆ ရာက မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအ တွက် တက်တက်ကြွကြွဆောင် ရွက်နေသူတစ်ဦးလည်း ဖြစ်ပါ တယ်။ ဖိတ်စာအရေအတွက် လျှော့ချနိုင်မယ်ဆိုရင် ပုံနှိပ်အသုံး ပြုရတဲ့ စက္ကူကို ချွေတာနိုင်မယ်။ အမှိုက် ထွက်ရှိမှု နည်းပါးနိုင်မယ် ဆိုတဲ့ သဘာဝပတ်ဝန်းကျင်အ တွက် ကောင်းကျိုးတွေရမှာအ သေအချာပါပဲ။ ပွဲတက်သူတွေ လေ့လာ ဖတ်ရှုဖို့အတွက် စာရွက် စာတမ်း ဖြန့်ဝေရာမှာ အွန်လိုင်း ကို သုံးခြင်းက စက္ကူချွေတာရာ ရောက်ပါတယ်။ စက္ကူနည်းရင် အမှိုက်နည်းပါမယ်။ စက္ကူကို မဖြစ်မနေ သုံးမယ်ဆိုရင် တတ် နိုင်သမျှ လျှော့သုံး၊ စာမျက်နှာ နှစ်ဖက် စလုံးသုံးတာ ပို့သင့်တော် ပါလိမ့်မယ်။

ပလတ်စတစ် လျှော့ချခြင်း
ဆွေးနွေးပွဲ၊ သင်တန်းအများ အပြားမှာ တက်ရောက်သူတိုင်းအ တွက် စာအုပ်၊ ဘောပင်တို့ကို ပလတ်စတစ်ဖိုင်နဲ့ ထည့်ပေး တတ်ကြပါတယ်။ ပလတ်စတစ် ဖိုင်ဟာ အကြိမ်ကြိမ် ပြန်သုံးသူအ တွက် အမှိုက်မဖြစ်ပေမယ့် မသုံး သူအတွက်တော့ အမှိုက်ဖြစ်သွား မှာပါ။

ဗီနိုင်းလို့ခေါ်တဲ့ ဆိုင်းဘုတ် ချပ်ကြီးတွေကိုလည်း နေရာအ တော်များများမှာ တွေ့ရပါလိမ့် မယ်။ အဲဒါက ငွေကုန်ကြေးကျ မနည်းတဲ့ ပလတ်စတစ်ပစ္စည်းဖြစ် တဲ့အပြင် အဆိပ်အတောက် လည်း ရှိပါတယ်။ နာရီအနည်း ငယ် (သို့မဟုတ်) ရက်အနည်း ငယ်ပဲ ကြာတတ်တဲ့ အခမ်းအနား ပြီးရင်တော့ ဒါလည်းစွန့်ပစ် ပစ္စည်း ဖြစ်သွားပါပြီ။ လူအများ အပြားက ဒီအချက်တွေကို သတိ မထားမိကြပါဘူး။ ပွဲမှန်သမျှ ဒီလို ဆိုင်းဘုတ်တွေ၊ ပိုစတာတွေချိတ် ဆွဲရမယ်လို့ ယူဆသူတွေရှိနေသ လို ဒီလိုချိတ်မှ ကိုယ့်ရဲ့ပွဲ ပိုမိုခမ်း နားမယ်၊ ပွဲပီသမယ်လို့ ယူဆသူ တွေလည်း အများအပြားပါပဲ။ အ ရင်ခေတ်ကတော့ပွဲနဲ့ ပတ်သက် တာတွေ ရေးကြဖို့အတွက် ကြော် ငြာသင်ပုန်းတွေ၊ စာရွက်ကြီးတွေ သုံးပါတယ်။ အခုချိန်မှာ နည်း လမ်းဟောင်းတွေကို လုံးဝပစ် ပယ်တာမျိုးလည်း မဖြစ်သင့်ပါ ဘူး။ နည်းလမ်းသစ် တစ်ခုက တော့ ရုပ်ရှင်ပိတ်ကားထောင်ပြ သလို ပရိုဂျက်တာနဲ့ ထိုးပြခြင်းပါ ပဲ။ ပါဝါပွိုင့်သုံးတယ်လို့လည်း ခေါ်ကြပါတယ်။ ဒီနည်းသုံးရင် အမှိုက်လျှော့ချနိုင်ပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်တော့ အထိုက် အလျောက် ပိုကုန်ပါတယ်။ ရန် ကုန်ဒိန်းမတ်နိုင်ငံသံရုံးရဲ့ ပရိ သတ် ၃၀ ဝန်းကျင်ဆံ့တဲ့ ခန်းမ တစ်ခုမှာ ရုပ်မြင်သံကြားတစ်လုံး နံရံမှာ ချိတ်ထားတာ တွေ့ရမှာ ပါ။ အခမ်းအနားလုပ်တဲ့အခါ အ ခမ်းအနားအမည်၊ ရက်စွဲတို့ကို အဲဒီရုပ်သံမှာ တွေ့ရပါတယ်။ ပရိုဂျက်တာသုံးမယ့်အစား အဲဒီ ရုပ်သံကိုပဲ ကွန်ပျူတာနဲ့ ဆက် သွယ်ပြီး သုံးမယ်လို့ ယူဆရပါ တယ်။ ဒီနည်းလမ်းက အတုယူစ ရာပါပဲ။

လွှတ်တော်တွေမှာလည်း ဒီ နည်းလမ်းက တွင်ကျယ်နေပါပြီ။ လွှတ်တော်ထဲ ပါဝါပွိုင့်သုံးတဲ့ အမတ်တွေ များလာပါပြီ။ တင်ပြ ချင်တဲ့ အချက်အလက်၊ ဓာတ်ပုံ၊ ရုပ်သံတို့ကို ကြိုတင်ပြင်ဆင်ပြီး အဲဒီကွန်ပျူတာဖိုင်ကို လွှတ်တော် ထဲ ယူသွားရုံပါပဲ။

စွမ်းအင်အသုံးလျှော့ခြင်း
ပါဝါပွိုင့်အတွက် ပရိုဂျက် တာ သုံးခြင်းဟာ လျှပ်စစ်စွမ်းအင် အတော်လေး ကုန်ပါတယ်။ မီး လုံး၊ မီးချောင်း ထွန်းတာထက် ပို ကုန်ပါလိမ့်မယ်။ ဆွေးနွေးပွဲ သင် တန်းတွေမှာ ပရိုဂျက်တာကို အ ချိန်အတော်ကြာ ဖွင့်ထားတတ်ပါ တယ်။ လိုအပ်မှဖွင့်တယ်ဆိုရင် စွမ်းအင်ချွေတာရာ ရောက်မှာပါ။ မနှစ်က ရန်ကုန်မြို့ သင်တန်းတစ် ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ Greenpeace South East Asia က ကိုယ်စားလှယ်တစ်ဦး ၄၅ မိလောက်ဆွေးနွေးတင်ပြစဉ် မှာ ဒီနည်းလမ်းသုံးတာ သတိထား မိပါတယ်။ သူက ပါဝါပွိုင့်မလို အပ်တော့ဘူး။ သူ့ဆွေးနွေးမှု အ ဆုံးသတ်ပြီဆိုတဲ့ အချိန်တွေမှာ ပရိုဂျက်တာရှိရာ ကိုယ်တိုင်သွား ပြီး ခလုတ်ပိတ်လိုက်ပါတယ်။ ဒီ နည်းက အတုယူစရာပါ။ များ သောအားဖြင့်က ကိုယ့်ဆွေးနွေး ချက်ထဲ အာရုံစိုက်နေမိတတ်ပြီး စွမ်းအင် အလဟဿမဖြစ်ရေး၊ ချွေတာရေးကို မေ့လျော့နေတတ် ကြပါတယ်။

သင်္ကြန်မတိုင်ခင် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ibis ဟို တယ်မှာ ပြုလုပ်တဲ့ သင်တန်းတစ် ခုမှာလည်း နေ့လယ်စာ နားချိန်မှာ သင်တန်းခန်းမကို မီးပိတ်ထား တာ သတိထားမိပါတယ်။ ပြင်ပ အလင်းရောင် အပြည့်ရရှိတဲ့ခန်းမ ဖြစ်တဲ့အတွက် ဒီနည်းကျင့်သုံးနိုင် တာ ဖြစ်ပါလိမ့်မယ်။

စွမ်းအင်လိုအပ်သလောက် ပဲ သုံးခြင်းဟာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရာ ရောက်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အ တွက် သဘာဝတ်ပတ်ဝန်းကျင်က အနည်းနဲ့အများ အထိခိုက်ခံနေရ လို့ပါပဲ။ စွမ်းအင်ချွေတာခြင်းရဲ့ ကောင်းကျိုးတွေကို ဆွေးနွေးပွဲ၊ သင်တန်းစီစဉ်သူတွေ သိပြီးဖြစ် မှာပါ။

အသံ
 အသံဆူညံခြင်းဟာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အကြောင်းအရာတစ် ခု ဖြစ်ကြောင်း လူအများစုက သတိမပြုမိကြပါဘူး။ လူသုံး ဆယ်ထက်နည်းတဲ့ ပွဲမျိုးဆိုရင် အသံချဲ့စက် လိုချင်မှ လိုပါလိမ့် မယ်။ သို့သော်လည်း ...  အသံချဲ့ စက် သုံးနေကြတာပါပဲ။

ဆူညံကျယ်လောင်တဲ့ အသံ ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက် တတ်၊ နားဆင်ရသူအလွယ်တကူ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ပွဲ တက်သူတွေ နားဆင်ရ အဆင်မ ပြေစေတဲ့ အနေအထားမျိုးထက် ပိုပြီး ကျယ်ကျယ်လောင်လောင် မဖွင့်သင့်ပါဘူး။  တစ်နေကုန်လုပ် ကြတဲ့ပွဲကို တက်ရောက်ရချိန်မှာ လိုအပ်တာထက် ပိုကျယ်တဲ့ အ သံကြောင့် ဆွေးနွေးချက်တွေအ ပေါ် အာရုံစိုက်နိုင်မှု အားလျော့ စေပါတယ်။ အသံ ကျယ်လွန်းတဲ့ အခါ ခံနိုင်ရည်ရှိရှိ ထိုင်နေသူတွေ ကို တွေ့နိုင်သလို အသံရှောင်ဖို့ ခန်းမအပြင်ဘက် မကြာခဏ ထွက်သွားသူတွေကိုလည်း တွေ့ ရပါလိမ့်မယ်။ အသံသြဇာ ကောင်းသူတွေ ပါးစပ်နား မိုက် ကရိုဖုန်း သိပ်မကပ်ဖို့လည်း အ ခမ်းအနားမှူးတွေက အသိပေး သင့်ပါတယ်။ အသံချဲ့စက်နှစ် သက်လွန်းတဲ့ မြန်မာပြည်မှာ ဒီအ ကြောင်းအရာနဲ့ ပတ်သက်ပြီး ညှိ နှိုင်းဆွေးနွေးစည်းရုံးဖို့တော့ အ ချိန်ယူရပါလိမ့်မယ်။

ပိုပြီးတာဝန်ရှိသူ
ဒါတွေကတော့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဂရုစိုက်တဲ့အ စည်းအဝေး၊ သင်တန်းပြုလုပ်ရာ မှာ မပျက်မကွက်လိုက်နာသင့်တဲ့ အချက်များထဲက မြန်မာနိုင်ငံရဲ့ လတ်တလောအနေအထားနဲ့ သင့်တော်တာတွေကို ဖော်ပြ လိုက်တာပါ။ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အနေအ ထား ပိုမိုပြောင်းလဲလာချိန်မှာ တခြားဆောင်ရန်၊ ရှောင်ရန် အ ကြောင်းအရာတွေ ပေါ်လာပါ လိမ့်မယ်။

တခြားသူတွေထက်စာရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တွေ စီစဉ်တဲ့ဆွေးနွေးပွဲများ၊ သင် တန်းများမှာတော့ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းပါး အောင် နေထိုင်လုပ်ကိုင်ဖို့ ပိုပြီး သတိထားသင့်ပါတယ်။ ကိုယ်က နမူနာစံပြဖြစ်အောင် နေထိုင်ပြုမူ ရမယ် မဟုတ်လား။

ဖော်ပြခဲ့သမျှဟာ လွယ် လွယ်ကူကူနဲ့ အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းတွေပါပဲ။ ဒီနည်းလမ်း ကျင့်သုံးတဲ့ သင်တန်း၊ ဆွေးနွေးပွဲ တက်ရောက်သူတွေကိုလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ် အောင် ဆောင်ရွက်နေကြောင်း ရှင်းပြသင့်ပါတယ်။ ဒါမှ အများ ပိုမိုသတိပြုမိလာ၊ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်ကြမှာ ဖြစ်ပါ တယ်။။

(ဆောင်းပါးရှင် ညွန့်ထွေးသည်မျက်မှောက်ရေးရာဆောင်းပါးများရေးသားနေပြီး ရန်ကုန်အခြေစိုက်ဂျာနယ်လစ်တစ်ဦးဖြစ်သည်)

 

Top News