မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများက ပြန်လည်ခုခံ၍ သေနတ်ပစ်ဖောက်ဖမ်းဆီး

အမျိုးသား ၁၇ ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်

မန္တလေးတိုင်းဒေသ ကြီး မိုးကုတ်မြို့နယ် ဓာတ်တော် ပြန့်တောင်ကြားတွင် မူးယစ်ဆေး ဝါး ရောင်းဝယ်သုံးစွဲနေသူများကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီး စဉ် ပြန်လည်ခုခံသဖြင့် သေနတ် ပစ်ဖောက် ဖမ်းဆီးခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဇွန်လ ၃ ရက် မွန်းလွဲ ၃ နာရီ က ဓာတ်တော်ပြန့်တောင်ကြား တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများရှိကြောင်း သတင်းပေးသဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လယ်ဦးကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့တို့က ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေ သည့် အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ် သဖြင့် သေနတ်ပစ်ဖောက် ဖမ်း ဆီးခဲ့ကြောင်း မိုးကုတ်မြို့မ  ရဲစခန်းမှူးက ပြောသည်။

‘‘သတင်းပေးလို့ သွားဖမ်း တာ။ တောင်ကြားတွေထဲက ချိုင့် ဝှမ်းလိုနေရာမှာ ရောင်းဝယ်သုံးစွဲ နေကြတယ်။ သွားဖမ်းတဲ့နေရာ က အရမ်းခက်ခဲပြီး အန္တရာယ်များ တယ်။ သူတို့မှာလည်း လက်နက် တွေ ရှိနေတယ်။ ပြည်သူကိုယ် တိုင် ပူးပေါင်းဖမ်းပေးတာပေါ့။ သူတို့ဘက်က ပြန်ခုခံလို့ ခြောက် လှန့်ပစ်ခတ်လိုက်တာပါ’’ ဟု ၎င်း ကပြောသည်။

ခုခံသဖြင့်   သေနတ်ပစ် ဖောက်ဖမ်းဆီးရာ၌ အသက် (၂၀) အရွယ်အမျိုးသား၏ ပေါင်ရင်းတွင် ဒဏ်ရာရရှိပြီး မိုးကုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသည်။ 

မူးယစ်ဆေးဝါး   ရောင်းချ သည့်နေရာတွင် ဆေးသုံးစွဲနေ သည့် အမျိုးသား ၁၄ ဦးကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ မှုဖြင့် ဖမ်းဆီးပြီး ဘိန်းဖြူ ၅ ဂရမ် ခန့်၊ မူးယစ်ဆေးဝါးရောင်းရငွေ သိန်း ၂၀ ကျော်နှင့် ဆေးထိုးအပ် ၅၀ သိမ်းဆည်းရမိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးရာ အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့်  မူးယစ် ဆေးဝါးသုံးစွဲသူများသည်  အ သက် (၂၀)၊ (၃၀)၊ (၄၀) နှင့် (၅၀) ဝန်းကျင်အရွယ်များဖြစ်ပြီး ကြုံရာကျပန်းနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိုးကုတ်မြို့မရဲစခန်းမှူးက  ပြောသည်။

အဆိုပါ အမျိုးသား ၁၇ ဦး ကို မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲမှုဖြင့် ပုဒ်မလေးခုတပ်ကာ မိုး ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့် ထားသည်။

Top News