ရုပ်ရှင်အကြိုခံစားခြင်း

ငါ့ကိုနမ်းတဲ့ မုန်တိုင်း

-ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ သုံးပွင့်ဆိုင်လူငယ်အချစ် ကားတစ်ကားအကြောင်းကို ညွှန်းလိုက်ပါတယ်။

ဝင့်ရှင်ပျိုက အရာရာကို စူးစမ်းတတ်တဲ့သူတစ်ဦးပါ။ သူက သူ့သူငယ်ချင်းတွေနဲ့အတူတူ စာ အုပ်ထုတ်ဝေရေးကုမ္ပဏီထောင် ထားပါတယ်။ တစ်ရက်မှာတော့ သူကော်ဖီဆိုင် တစ်ဆိုင်မှာ ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ အဲဒီနေ့က မိုးတွေ ရွာနေတာကြောင့် ကော်ဖီဆိုင်ထဲကိုဝင်တဲ့အချိန်မှာ အဲဒီကောင်လေးရဲ့ ခုံတစ်ခုံပဲလွတ်နေတာကြောင့် ဝင်ထိုင်ခဲ့တာပါ။ အဲဒီကောင်လေးရဲ့နာမည်က နေညိုသွင်ပါ။ နေညိုသွင်က သူမှာတဲ့ ကော်ဖီထဲကို သံပရာသီးထည့်တာကို စိတ်ဝင်တစားပြောရင်း စကားစပ်မိရာကနေ သူကစာရေးတာကို  စိတ်ဝင်စားတဲ့သူမှန်းသိခဲ့ပါတယ်။ အဲဒါကြောင့် ဝင့်ရှင်ပျိုက နေညိုသွင်ကို သူကထုတ်ဝေရေး လုပ်တယ်ဆိုတာကို ပြောပြပြီး စာမူတောင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ ဝင့်ရှင်ပျိုက နေညိုသွင်ကို စာအုပ်ထုတ်ပေးခဲ့ပါတယ်။

ပထမတစ်အုပ်အောင်မြင်ခဲ့ တာကြောင့် နောက်ထပ်စာအုပ် တစ်အုပ်ရေးတဲ့ အချိန်မှာတော့ နေညိုသွင်က ဝင့်ရှင်ပျိုကို ချစ် ခွင့်ပန်ခဲ့ပါတယ်။

 နေညိုသွင်ကို အဖြေပေး မယ့်နေ့မှာ ဝင့်ရှင်ပျိုက နေညိုသွင်နေတဲ့နေရာကို အသိမပေးဘဲ လိုက်သွားခဲ့ပါတယ်။ အဲဒီမှာ သိခဲ့ရတာက နေညိုသွင်က ကလေးတွေကို ပရဟိတဆရာအနေနဲ့ စာသင်ပေးနေတာကို သိခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ ဝင့်ရှင်ပျိုနေညိုသွင့်ကို အဖြေပေးခဲ့တာကြောင့် ချစ်သူတွေဖြစ်သွားခဲ့ပါ တယ်။

 ဝင့်ရှင်ပျိုရဲ့ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က နေညိုသွင်နဲ့ သဘောတူပါတယ်။ တစ်ယောက်ကတော့ ဆင်းရဲလို့ ဆိုပြီး သဘောမတူပါဘူး။ နေညိုသွင်နဲ့ ဝင့်ရှင်ပျိုက ဖူးစာဖက်တွေ ဖြစ်ပေမယ့် အနှောင့်အယှက်တွေ တော့ကြုံနိုင်တယ်လို့ သူ့သူငယ်ချင်းတစ်ယောက်က လက္ခဏာ ဟောပေးခဲ့ပါတယ်။

အဲဒီလိုနဲ့ ချစ်သူများနေ့မှာတော့ သူတို့တွေ့နေကျဆိုင်လေး ကို ဝင့်ရှင်ပျိုလာခဲ့ပါတယ်။ ဆိုင်ရှေ့နားမှာတွေ့တဲ့ ကားတစ်စီးမှာ မှန်ကြည့်ပြီး အလှပြင်ခဲ့ပါတယ်။ တကယ်တော့ အဲဒီကားထဲမှာ လူတစ်ယောက်ရှိပါတယ်။ အဲဒီလူက သြရထူးပါ။ သြရထူးက ဝင့်ရှင်ပျိုကို မြင်မြင်ချင်းစိတ်ဝင်စားသွား  ခဲ့ပါတယ်။ နောက်ပြီးသြရထူးက သူလိုချင်တာမှန်သမျှကို ယူတတ်သူတစ်ယောက်ပါ။ အဲဒါကြောင့် ဆိုင်ထဲကိုဝင်သွားတဲ့ ဝင့်ရှင်ပျို နောက်ကိုလိုက်ပြီး သိလည်းမသိ ဘဲနဲ့ လက်ဆောင်အတင်းလိုက် ပေးခဲ့ပါတယ်။ ဝင့်ရှင်ပျိုက ခါးခါး သီးသီးငြင်းနေပေမယ့်လည်း သြရထူးက ဒူးထောက်ပြီးပေးခဲ့တာ ကြောင့် ဘေးကလူတွေဝိုင်းကြည့် တာခံခဲ့ရပါတယ်။ အဲဒါကြောင့် သြရထူးရဲ့ လက်ဆောင်ကိုလက် မခံချင်ပေမယ့်လည်း လက်ခံခဲ့ရ ပါတယ်။ ဒါပေမဲ့ သြရထူးက ဇာတ်လမ်းဆက်နေတာကြောင့် သူ့မှာ ချစ်သူရှိတဲ့အကြောင်းပြော ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နေညို သွင်ဆီက ဖုန်းဝင်လာခဲ့ပါတ ယ်။ ကံဆိုးချင်တော့ နေညိုသွင်က သူစာသင်ပေးနေတဲ့ ကလေးတစ် ယောက်နေမကောင်းဖြစ်နေတာ ကြောင့် လိုက်ပို့ပေးနေရလို့ မရောက်လာနိုင်တော့ဘူးလို့ ဖုန်းဆက်တာပါ။ အဲဒါကြောင့် ဝင့်ရှင်ပျိုက ဆိုင်ထဲက ထွက်သွား ခဲ့ပါတယ်။ သြရထူးပေးတဲ့လက် ဆောင်ကို ထားခဲ့တာကြောင့် သြရထူးက မရမက လိုက်ပေးခဲ့ ပါတယ်။ အဲဒီအပြင် ကားကပျက် နေတာကြောင့် သြရထူးကသူ့ ကားနဲ့ ဝင့်ရှင်ပျိုကားကို လဲပေး ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သြရထူး က ဝင့်ရှင်ပျိုနောက်ကို တကောက် ကောက်လိုက်ခဲ့ပါတယ်။ နောက် ပြီး ဝင့်ရှင်ပျိုရဲ့မွေးနေ့မှာ ရုပ်သံ ကနေ သူကိုယ်တိုင်မွေးနေ့ဆု တောင်းတာတွေ၊ အိမ်ရှေ့မှာအက အဖွဲ့တွေနဲ့ မွေးနေ့ Surpriseလုပ်ပေးတာတွေလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာ နေညိုသွင်ကတော့ ဝင့်ရှင်ပျိုနဲ့ နှစ်ယောက်တည်း မွေးနေ့ပွဲ ကျင်းပခဲ့ပေမယ့် ကိတ်မလှီးရသေးခင်မှာပဲ သူ့တပည့် တစ်ယောက်ရဲ့အဖေ အသည်း အသန်ဖြစ်နေတာကြောင့် ဆေး ရုံကို ပြေးသွားခဲ့ရပါတယ်။

 သြရထူးက ဝင့်ရှင်ပျိုရဲ့ သူငယ်ချင်း လက္ခဏာ ဟောပေး သလို နေညိုသွင်နဲ့သူ့ကြားက အ နှောင့်အယှက်တကယ်ဖြစ်လာမှာ လား၊ ဘယ်လို ဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ  ဇွန်လ ၁ ရက်ကနေစတင်ပြီးရုံတင်ပြသနေတဲ့ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ နေညိုသွင် အဖြစ် လွှမ်းပိုင်၊ သြရထူးအဖြစ် ရဲရင့်အောင်နဲ့ ဝင့်ရှင်ပျိုအဖြစ် ဖွေးဖွေးတို့က အဓိကပါဝင်သရုပ် ဆောင်ထားပြီး ညေးရဲ့ဇာတ်လမ်းကို မိုးနီလွင်ဇာတ်ညွှန်းရေးပေး ကာ ဒါရိုက်တာတွေအနေနဲ့ ဝင်း လွင်ထက်နဲ့ အောင်ဇော်လင်းတို့ က ရိုက်ကူးပုံဖော်ထားပါတယ်။

 

Top News