မုံရွာ-မန္တလေး ကားလမ်းတွင် လိုက်ထရပ်နှင့် ခြောက်ဘီးကား မျက်နှာချင်းဆိုင်တိုက် လူခုနစ်ဦးသေ ကိုးဦးဒဏ်ရာရ

မုံရွာ - မန္တလေးကားလမ်း ကုန်းရွာကျေးရွာ မြစ်ရေတင်စီမံကိန်းအနီးတွင် လိုက်ထရပ်နှင့်ခြောက်ဘီးကားမျက်နှာချင်းဆိုင်တိုက်မိရာမှ လိုက်ထရပ်ပေါ်ပါလူခုနစ်ဦးသေဆုံးပြီး ကိုးဦးဆေးရုံတက်နေကြောင်း ရွာသစ်ကြီးရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်မျိုးကျော်အောင်က ပြောသည်။

လိုက်ထရပ်သည် ဇွန်လ ၅ရက်နနံက် ၁၁ နာရီခန့်က စစ်ကိုင်းဘက်မှ အုန်းတောဘက်သို့ မောင်းနှင်လာစဉ် ကုန်းရွာကျေးရွာ မြစ်ရေတင်စီမံကိန်းအနီးအရောက် မုံရွာမှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးကားနှင့် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။

လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသမီးလေးဦး၊ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ လိုက်ထရပ်ယာဉ်မှ ယာဉ်မောင်းပါ ၁၁ ဦးကို စစ်ကိုင်းဆေးရုံတွင် ပို့ဆောင်ပေးခဲ့ပြီး ငါးဦးသာ မုံရွာ-မန္တလေးကားလမ်းတွင် လိုက်ထရပ်နှင့်ခြောက်ဘီးကား မျက်နှာချင်းဆိုင်တိုက်လူခုနစ်ဦးသေ၊ ကိုးဦးဒဏ်ရာရဆေးကုသမှုခံယူကာ ကျန်ခြောက်ဦးသည် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသနေကြောင်း စခန်းမှူး ရဲအုပ်မျိုးကျော်အောင်က ပြောသည်။

ထို့အပြင် မန္တလေးဆေးရုံကြီးသို့ နေ့လယ် ၁ နာရီ မိနစ် ၂၀ က ရောက်ရှိလာသော လူနာခြောက်ဦးအနက် နှစ်ဦးသည် ဆေးရုံသို့လာစဉ် လမ်းတွင် သေဆုံးခဲ့ပြီး ကျန်လူနာများလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရသည်။

‘‘အခုထိ ကျွန်တော်သိထားတာပေါ့။ ခုနစ်ဦး သေဆုံးသွားတယ်။ ခြောက်ဘီးကားဘက်က ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်’’ဟု ရဲအုပ်မျိုးကျော်အောင်က ပြောသည်။

တိမ်းရှောင်ထွက်ပြေးသွားသော ခြောက်ဘီးယာဉ် မောင်းကိုလိုက်လံရှာဖွေနေပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ရန် စီစဉ်နေသည်။

More in News Section

Top News