အမှိုက်အလှဆင်ခြင်း အနုပညာ

စွန့်ပစ်အမှိုက်မှ ထုတ်လုပ်ထားသော လက်မှုပစ္စည်းများကို တွေ့ရစဉ် ဓာတ်ပုံ − ဖြိုးဖြိုးဝေ

နေ့စဉ် အမှိုက်တန်ချိန် ၂,၆၀၀ ထွက်ရှိနေ သည့် ရန်ကုန်တွင် စွန့် ပစ်အမှိုက်လျှော့ချရေး ဆောင် ရွက်နေသည့် ပရဟိတအဖွဲ့များ က အမှိုက်စနစ်တကျ စွန့်ပစ်ရန်၊ အမှိုက်ထွက်ရှိမှုလျော့ကျရန် အသိပညာပေးမှုများနှင့်အတူ စွန့်ပစ် အမှိုက်မှ လူ့အသုံးအဆောင် ပစ္စည်းများ ပြုလုပ်သုံးစွဲနိုင်သည့် အချက်ကိုပါ မျှဝေလာကြသည်။


စွန့်ပစ်ပစ္စည်းမှ လူ့အသုံးအ ဆောင်ပစ္စည်းထုတ်လုပ်သော အ ဖွဲ့အစည်း ၅၀ ကျော်ရှိပြီး လက်ရှိ တွင် စွန့်ပစ်ပစ္စည်းမှ ထုတ်ကုန် များကို ပြည်တွင်းသုံးစွဲသူများ စိတ် ဝင်စားမှုနည်းပါးနေပြီး ပြည်ပမှ သာ ဝယ်ယူသုံးစွဲသည်ဟု ယင်း ပစ္စည်းထုတ်လုပ်သူများက ပြောသည်။

စွန့်ပစ်ပစ္စည်း၊ လူအသုံးအ ဆောင်ပစ္စည်းကို ကော်ဖီမစ်အိတ် ခွံ၊ ကြွပ်ကြွပ်အိတ်၊ ပိုက်များ၊ ကားတာယာအဟောင်း၊ သတင်းစာ စက္ကူများဖြင့် ပြုလုပ်သော အိတ်များ၊ လည်ဆွဲ၊ နားကပ်များ၊ သော့တွဲ၊ တစ်ရှူးသေတ္တာများ၊ စွန့်ပစ် အင်္ကျီများမှရယူသော ချည်ဖြင့် ပြန်လည်ရက်လုပ်သည့် လုံချည် စသည့်ပစ္စည်းများ အများဆုံးပြု လုပ်သည်။

စွန့်ပစ်ပစ္စည်းနှင့်ပတ်သက် ၍ ကျယ်ပြန့်စွာ ဆောင်ရွက်နေ သော ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်ရှိ ကြွပ်ကြွပ်အမည်ဖြင့် ဖွဲ့စည်းထားသော စွန့်ပစ်ပစ္စည်း ပြုလုပ်ရောင်းချသော အဖွဲ့သည် ပင် ပြည်ပဝယ်ယူသူကိုသာ အား ထားနေရကြောင်း ယင်းအဖွဲ့တည်ထောင်သူ ဒေါ်ဝင်ဒီက ဆိုသည်။

‘‘ကျွန်မတို့ဆီက ပစ္စည်းတွေ ကို ပြည်ပကပဲ ဝယ်တာများတယ်။ ပြည်တွင်းဈေးကွက်မရှိဘူး။ ဈေး နှုန်းမြင့်မားတာကြောင့်လည်း ပါ တယ်။ နောက်စွန့်ပစ်ပစ္စည်းနဲ့လုပ် ထားတယ်ဆိုပြီး ရွံတာ၊ အထင် သေးတာလည်းပါတယ်’’ဟု ၎င်း က ဆိုသည်။

စွန့်ပစ်ပစ္စည်းများထဲမှ ပလတ်စတစ်ကုန်ကြမ်းကို သိမ် ကြီးဈေးအမှိုက်သိမ်းသူများ၊ အင်း စိန်ပုလဲရပ်ကွက်တို့မှ အများဆုံး ဝယ်ယူရပြီး ကော်ဖီမစ်အိတ်ခွံများ ကို လက်ဖက်ရည်ဆိုင်များ၊ ရပ် ကွက်နေအိမ်များမှ ဝယ်ယူခြင်း၊ ကားတာယာကျွတ်များကို ဒလမြို့ နယ်ရှိ ဆိုင်ကယ်ပြင်ဆိုင်များမှ ဝယ်ယူအသုံးပြုရကြောင်း ဒေါ်ဝင် ဒီက ပြောသည်။

‘‘ဒီပစ္စည်းလေးတွေလုပ်တဲ့ အခါမှာလည်း စွန့်ပစ်ပစ္စည်းဆို တော့ သေချာသန့်စင်အောင် ဆေးကြောရတယ်။ အဆင့်ဆင့်လုပ်ရ တယ်။ အဲဒီတော့ လုပ်အားခကို လျှော့ချပေးလို့မရတော့ ဈေးနှုန်း က မြင့်သွားတာပါ။ ဒါပေမဲ့ စီးပွား ဖြစ်လုပ်တာမဟုတ်ဘူး။ စွန့်ပစ် ပစ္စည်းတွေကို ပြန်အသုံးပြုရ တယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြီးသားဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းဖော် ဆောင်ပေး တယ်ဆိုပြီး လုပ်တာ’’ဟု ၎င်းက ဆိုသည်။

ကြွပ်ကြွပ်အဖွဲ့က ပြုလုပ် သော လူသုံးကုန်ပစ္စည်းများကို အ ဖွဲ့ဝင်များကိုယ်တိုင် အသုံးပြုပြီး အားနည်းချက်၊ အားသာချက်များ လေ့လာနေကာ လက်ရှိတွင် ယင်း အဖွဲ့က ထုတ်လုပ်ထားသော ပစ္စည်းများကို ပန်းဆိုးတန်းမြို့နယ် ရှိ၊ လှတယ် လက်ဆောင်ပစ္စည်း အရာင်းဆိုင်၊ သိမ်ဖြူလမ်းပေါ်ရှိ Pomelo လက်ဆောင်ပစ္စည်းဆိုင် နှင့် ပုဂံ၊ အင်းလေး၊ ငပလီတို့တွင် ရောင်းချသည်ဟု ဆိုသည်။

စွန့်ပစ်အမှိုက်မှ လူ့အသုံးအ ဆောင်ပစ္စည်းပြုလုပ်သော အဖွဲ့ အချို့သည် အဆိုပါပစ္စည်းများပြု လုပ်ခြင်းကို စိတ်ဝင်စားသူများ အား အခမဲ့သင်ကြားပေးခြင်းဖြင့် လက်မှုပညာဖြန့်ဝေနေကြောင်း Hlaingzar & Friends မှ မလှိုင် ဇာက ပြောသည်။

အဖွဲ့ဝင် ၄၀ ကျော်ရှိသည့် ကြွပ်ကြွပ်အဖွဲ့သည် စွန့်ပစ်ပစ္စည်းဖြင့် ပြုလုပ်သော လက်မှုပညာသင်ကြားလိုသည့် မိဘမဲ့ဂေဟာ၊ ပရဟိတအဖွဲ့များကို အခမဲ့ သင်ကြားပေးပြီး အခြားသင်ကြား လိုသူများအား သင်တန်းကြေး သက်မှတ်သင်ကြားပေးကြောင်း ဒေါ်ဝင်ဒီက ပြောသည်။

‘‘အမှိုက်ကို လုံးဝအသုံးမဝင် တော့တဲ့ ပစ္စည်းဆိုပြီး ပစ်ကြတာ။ တကယ်တမ်းကျတော့ တစ်ဖန် ပြန်လည်တီထွင်သုံးရင် အသုံးဝင် ပါတယ်’’ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြော သည်။

စွန့်ပစ်သတင်းစာများဖြင့် လက်ဝတ်တန်ဆာများ ပြုလုပ်သူ မနန်းနွေးနွေးအိက သူတတ် မြောက်ထားသော လက်မှုပညာ ဖြင့် စွန့်ပစ်ပစ္စည်းများကို လှပ အောင် ပြုလုပ်ထားသလို သင်ယူလိုသူများအား အခမဲ့သင်ကြားပေး နေကြောင်း ၎င်းက ပြောသည်။

‘‘အစ်မ ဒီပစ္စည်းလေးတွေကို ရောင်းဖို့လုပ်တာမဟုတ်ပါဘူး။ ကိုယ့်မှာရှိနေတဲ့ စွန့်ပစ်စက္ကူနဲ့ ဒါ လေးတွေလုပ်လို့ရတယ်ဆိုတဲ့ အသိလေးပေးချင်တာ။ အဓိကက အမှိုက်ကိုလျှော့ချချင်တာ’’ဟု သတင်းစာစက္ကူအဟောင်းများ ဖြင့် လက်ဝတ်တန်ဆာများ ပြုလုပ်သူ မနန်းနွေးနွေးအိက ဆိုသည်။

ကော်ဖီမစ်အိတ်ခွံဖြင့် အိတ် ပြုလုပ်သည့်ပညာကို ၂၀၁၄ က တည်းက သင်ကြားပြုလုပ်နေ သည့် ဒေါ်နုနုစံက ‘‘ကမ္ဘာပေါ်မှာရှိ တဲ့ အမှိုက်တကာအမှိုက်ထဲမှာ ဒီ ပလတ်စတစ်အမှိုက်က မီးလောင် လွယ်တယ်။ မီသိန်းလည်းထွက် တယ်။ သုံးတတ်တဲ့လူအတွက် အကျိုးရှိသလို မသုံးတတ်ရင် အန္တ ရာယ်များတယ်။ အဲဒီတော့ အမုန်း ဆုံးပလတ်စတစ်ကို Recycle လုပ်ချင်တဲ့အတွက်ကြောင့် လုပ်လိုက် တာ’’ဟု ဆိုသည်။

အမှိုက်လျှော့ချခြင်း၊ အမှိုက် ခွဲခြားပစ်ခြင်း၊ စွန့်ပစ်အမှိုက်များ ကို လက်မှုပညာဖြင့် အသုံးအ ဆောင်ပစ္စည်းများ ပြုလုပ်ခြင်းတို့ ကို ကျောင်းများရှိ ကလေးများအား အသိပညာပေးရန် စွန့်ပစ်ပစ္စည်း မှ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သော ပရဟိတအဖွဲ့များကို စည်ပင်သာယာ တာဝန်ရှိသူများ က ချိတ်ဆက်ကာ ဆွေးနွေးနေကြောင်း ယင်းပရဟိတအဖွဲ့များက ပြောသည်။

‘‘နိုင်ငံမှာ စစ်တိုက်နေမှ မငြိမ်းချမ်းတာမဟုတ်ဘူး။ ကိုယ့်မိသား စုဝင်တစ်ယောက်ယောက် ကျန်း မာရေးမကောင်းရင်လည်း မငြိမ်းချမ်းတာပါပဲ။ အမှိုက်က အင် မတန်အန္တရာယ်ကြီးပါတယ်။ လူ တိုင်း ရင်ထဲငြိမ်းချမ်းဖို့အတွက် မိသားစုတိုင်း၊ တစ်ဦးချင်းတိုင်း အ မှိုက်လျှော့ချရေးမှာ ပူးပေါင်းကူညီ ကြပါ’’ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။

မေလ ၂၇ ရက်က ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့ နယ်တွင် ပြုလုပ်သည့် CleanYangon Campaign (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အမှိုက်စွန့်ပစ်မှုနှင့် ထွက်ရှိမှုလျှော့ချရေး ပညာပေးမှုနှင့်အတူ စွန့်ပစ် ပစ္စည်းမှပြုလုပ်ထားသည့် လက်မှု အသုံးအဆောင်ပစ္စည်းများပါ ပြသခြင်းဖြင့် အမှိုက်ကို ပြန်လည်ပြုပြင်အသုံးပြုနိုင်ကြောင်း လူထု ကို မျှဝေခဲ့သည်ဟု Clean Yangon Campaign တွင် ပါဝင်သော အ ဖြူရောင်မေတ္တာပရဟိတအဖွဲ့မှ ကိုတင်အောင်လတ်ကပြောသည်။

စွန့်ပစ်အမှိုက်များတွင် ဆွေး မြည့်နိုင်သည့်ကာလများရှိပြီး အ သီးအနှံများသည် ငါးရက်မှ ၁၀ ရက်အတွင်း၊ စက္ကူအမှိုက်များ သည် ၁၀ ရက်မှ ရက် ၃၀ အတွင်း၊ ချည်အင်္ကျီများသည် နှစ်လမှ ငါးလအတွင်း၊ သိုးမွေးချည်အမှိုက်များ သည် တစ်နှစ်အတွင်း၊ သစ်သား အမှိုက်များသည် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း၊ အချိုရည်သံဘူးခွံများ သည် နှစ် ၁၀၀ မှ ၅၀၀ အတွင်း၊ ပလတ်စတစ်အိတ်များသည် နှစ်၁,၀၀၀ ခန့်၊ ဖန်ထည်ပစ္စည်းများ သည် နှစ်ပေါင်းများစွာကြာမြင့်မှ သာ ဆွေးမြည့်နိုင်၍ Recycleပစ္စည်းများ ထုတ်လုပ်သည့်နည်း လမ်းက အထောက်အကူပြုနိုင် မည်ဖြစ်သည်။

ရန်ကုန်မြို့အတွင် အမှိုက် များ စနစ်တကျပစ်ရန်နှင့် အမှိုက် လျှော့ချရာတွင် ဆုပေး၊ ဒဏ်ပေး စနစ်များ ပါဝင်မှသာ အဆင်ပြေ နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ အမှိုက်သိမ်းဝန်ထမ်းနည်းပါး သလို အမှိုက်ကားမလုံလောက်မှု များရှိကြောင်း စာရေးဆရာမဂျူး က ပြောသည်။

‘‘အခုအချိန်ထိ စည်ပင်က ပြည်သူအပေါ် ထိထိရောက် ရောက် ဒဏ်ပေးတာမရှိသေးဘူး။ ကျွန်မတို့ဘက်ကလည်း ပညာပေး သလို တစ်ဖက်ကလည်း ဆုပေး၊ ဒဏ်ပေးကြေညာမယ်။ ဒါက လည်း စည်ပင်တစ်ခုတည်းလုပ်လို့ မရဘူး။ တိုင်းဒေသကြီး အစိုးရ အဖွဲ့လည်းပါမယ်။ တခြားသက် ဆိုင်ရာအဖွဲ့တွေလည်းပါရမယ်။ အားလုံးညီရင် ဥပဒေတစ်ခုထုတ် လိုက်ရင် ဘယ်သူမှ မညှာကြေး အရေးယူရမယ်’’ဟု ဒေါ်သန်းမြင့် အောင်က ဆိုသည်။။

Top News