ဖတ်စရာ တွေးစရာ (အောင်သင်း)

စာရေးဆရာကြီးဦးအောင်သင်း မကွယ်လွန်မီ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က စာနယ်ဇင်းများတွင် ရေး သားခဲ့သော ဆောင်းပါးများကို ပထမအကြိမ်စုစည်း ထုတ်ဝေသည့်စာအုပ်ဖြစ်သည်။ 


စာအုပ်တွင် ဆောင်းပါးစုစုပေါင်း ၂၄ ပုဒ်ပါဝင် ပြီး အားလုံးလိုလိုမှာ လူကြီး၊ လူငယ်မရွေးမုချအကျိုး ရှိစေမည့် စာများဖြစ်သည်။ ဦးအောင်သင်းသည် ထို စဉ်ကာလက မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သော စာရေးဆရာကြီးငယ်တို့၏ဆောင်းပါးများကို ဆင့်ပွားခံစား ကာ ၎င်း၏အတွေးအမြင်ရောစပ်၍ စာဖတ်သူအား ပြန်လည်ဖောက်သည်ချထားခဲ့သည်။ သူနှစ်သက်ရာ ဆောင်းပါးတစ်ပုဒ်၊ စာတစ်ပုဒ်ကိုအခြေပြုကာထပ်မံ ဖြန့်ကြက်တွေးတောရေးသားသောစာများဖြစ်၍ စာ ဖတ်သူနှစ်ထပ်ကွမ်းအကျိုးရှိစေမည့် ဆောင်းပါးများ ဖြစ်ပါသည်။ ဥပမာ-ဆရာကြီးနန်းညွန့်ဆွေရေးသား သော ဆောင်းပါးကိုအခြေပြု၍ဆင့်ပွားရေးသားရာ၌ 

‘(၁)အရှင်စန္ဒလင်္ကာရပြုစုတော်မူခဲ့တဲ့ ‘မဏိရတနာ ပုံကျမ်း’ (ဘိုးရာဇာလျှောက်ထုံး)

မဏိရတနာပုံကျမ်းဟာ ပညာရှိအမတ်လေး၊ ငါး၊ ရှစ်ဦးတို့က ဘုရင်မင်းမြတ်ကိုကျိုးကြောင်းသင့် အကြံပေးလျှောက်ထားတဲ့ လျှောက်ထုံးတွေကို စု ပေါင်းထားတာဖြစ်ပါတယ်။ ဘိုးရာဇာတင်လျှောက် တာတွေက အများဆုံးဖြစ်နေတာကြောင့် ဘိုးရာဇာ လျှောက်ထုံးလို့ အလွယ်ခေါ်ကြတယ်။

ဘိုးရာဇာက အင်းဝခေတ်မင်းကြီးစွာစော်ကဲ လက်ထက်မှာဖြစ်တယ်။ ဒီလျှောက်ထုံးတွေကို စပြီး ဖော်ပြလိုက်တာက ရာဇ၀င်ဆရာကြီးဦးကုလားဖြစ် တယ်။ ဦးကုလားက ဘိုးရာဇာနောက် အနှစ် ၃၀၀ လောက် နောက်ကျတယ်။ နန်းတွင်းပေပုရပိုက်မှတ် တမ်းတွေကို ကိုးကားပြီး မဟာရာဇ၀င်ကြီးမှာ ရေးခဲ့ တယ်လို့ ယူဆရတယ်။ ရှင်စန္ဒလင်္ကာရက ဘိုးရာဇာ နောက် နှစ်ပေါင်း ၃၆၀ နောက်ကျတယ်။ ဘိုးရာဇာ ရဲ့လျှောက်ထုံးအဖြစ် ကောင်းနိုးသင့်နိုးရာတွေကို သူ့ စိတ်ကူးနဲ့သူထည့်ပြီးရေးထားတယ်။ ‘လံကြုပ်’လုပ် တယ်လို့တော့ မပြောနိုင်ဘူး။ သူက ရာဇောဝါဒ(အုပ် ချုပ်သူမင်းစိုးတွေကို) အလိမ္မာတိုးစေချင်လို့ ရေးတာ ပါပဲ။

(၂) က၀ိသေတ္တုမဉ္ဇူသာကျမ်း (ဦးပေါ်ဦးလျှောက်ထုံး)

ဘိုးတော်ဘုရားလက်ထက်တော်မှာ အတွင်း ၀န်လေးပါးရှိခဲ့တယ်။ မဟာမင်းလှနော်ရထာဘွဲ့ခံ ဦးပေါ်ဦးဆိုတဲ့ အတွင်းဝန်တစ်ယောက် ရှိခဲ့ဖူးတာ တော့ အမှန်ပဲ။ ဒါပေမဲ့ ဘိုးတော်ဘုရားကို ပြောချင် တိုင်းပြောနေတဲ့ ပျော်တော်ဝန်ဦးပေါ်ဦးဆိုတာ ရှိကို မရှိခဲ့ဖူးဘူး။ အဲဒီဦးပေါ်ဦးကို ဖန်တီးသူက ‘ဆရာ အောင်’ဆိုသူပဲ။ သူက မိဘကစပြီး နန်းတွင်းနဲ့နီးစပ် တဲ့အပြင် ပင်ကိုဉာဏ်လည်းရွှင်၊ ဗဟုသုတကလည်း ပြည့်စုံတာကြောင့် တကယ်ရှိခဲ့ဖူးတယ်လို့ကိုပဲ ထင်ရတယ်။

(၃) ခုံတော်မောင်ကျဖမ်း ၀တ္ထု

ကတိသေနင်္ဂဗျူဟာလို့ခေါ်တဲ့ ရှင်ဥတ္တမကျော် နှင့်ခုံတော်မောင်ကျဖမ်းစကားစစ်၊ တရားစစ်ထိုးခန်း ဆိုတဲ့စာအုပ်ဟာ အလွန်နာမည်ကြီးတဲ့စာအုပ်ဖြစ်ပါ တယ်။ ခုံတော်မောင်ကျဖမ်းဆိုတာလည်း တကယ် ကိုပဲရှိခဲ့ဖူးတယ်လို့ ထင်ရတယ်။ စာရေးဆရာအသင်း ကတောင် ပြဇာတ်ကခဲ့ဖူးသေးတာကို ထောက်ပေ ရော့။ အဲဒီစာအုပ်ကိုရေးခဲ့သူကလည်း ဆရာအောင် ပါပဲဗျာ’ ဟူ၍ ရေးထားသည်။ 

ထို့အတူ ပညာရေးနှင့်ပတ်သက်၍ ၎င်း၏အတွေးအမြင်ကို စာအုပ်တစ်နေရာတွင်....

‘စိတ်သည်လွတ်လပ်၍ စည်းကမ်းရှိစွာဆော့က စားနေရမည်။ ဤသည်မှာ လူတစ်ဦးချင်းနှင့်လည်း ဆိုင်သလို လူ့အဖွဲ့အစည်းနှင့်လည်း ဆိုင်ပေသည်။ ‘လွတ်လပ်ခြင်း’သည် စိတ်ကိုအကျဉ်းထောင်မှ ထုတ် ၍ သတ္တ၊ ဩကာသ၊ သင်္ခါရလောကကို စူးစမ်းလေ့ လာစေသည်။ ‘စည်းကမ်း’သည် ထိုသို့လွတ်လပ်ပျော် ရွှင်စွာဆော့ကစားနေသော စိတ်ကလေးကိုအန္တရာယ် မဖြစ်စေဘဲ လိုရင်းပန်းတိုင်ရောက်အောင် ထိန်း ကျောင်းပေးလေသည်။

ထို့ကြောင့် ပညာရေးတိုးတက်မှုအတွက် ကျွန် တော်တို့သည် စိတ်ကိုလွတ်လပ်၍ စည်းကမ်းရှိစေရ မည်။ လွတ်လပ်၍ စည်းကမ်းရှိသော ပတ်ဝန်းကျင်ကို ထူထောင်ရပေမည်’ဟု ရေးထားသည်။

ယခုစာအုပ်ပါ ဆောင်းပါးများသည် တိုပင်တို သော်ငြား စာတန်ဖိုးမြင့်မားသောစာများဖြစ်၍ ဖတ်မိ သူအသိအမြင်၊ ဗဟုသုတပြည့်ပြည့်၀၀ရစေမည့် စာ ကောင်းစာမွန်များဖြစ်ပါ၏။ စာအုပ်ကို ခ၀ါလှေမွန်  စာအုပ်တိုက်က တန်ဖိုး ၂,၀၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။

Top News